ခမ်းပတ်မြို့တွင်းလေကြောင်းပစ်ခတ်မှုနဲ့ မြို့တွင်းအပြန်အလှန်ပစ်ခတ်မှုကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီး

ခမ်းပတ်မြို့တွင်းလေကြောင်းပစ်ခတ်မှုနဲ့ မြို့တွင်းအပြန်အလှန်ပစ်ခတ်မှုကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပတ်မြို့အတွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်ဝန်းကျင်စပြီးဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ နေ့စဉ်ရက်ဆက်လေကြောင်းပစ်ခတ်မှုနဲ့မြို့တွင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်အတွင်း လူနေအိမ် (၅၀)ကျော် မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရဲစခန်းနဲ့နီးတဲ့ရပ်ကွက်မှာမီးလောင်တာများတယ်၊ လေယာဉ်နဲ့လာပစ်လို့မီးလောင်တဲ့အရေအတွက်က ပိုများ တာပေါ့နောက်ပြီး ပစ်ခတ်နေတဲ့အချိန်တွေမှာ မီးလောင်တဲ့အိမ်တွေလဲပါတယ်ပေါ့၊ အားလုံး(၅၀)ကျော်မယ်၊ ဒီထက်လဲများနိုင်တယ် အကုန်မသိနိုင်သေးဘူး”လို့ ခမ်းပတ်မြို့က ဒေသခံတွေကပြောပါတယ်။

ခမ်းပတ်မြို့က လူနေအိမ်တွေပျက်စီးသွားတဲ့အထဲမှာ အများစုက ခမ်းပတ်မြို့မရဲစခန်းအနီးအမှတ်(၁) ရပ်ကွက် က လူနေအိမ်တွေဖြစ်ကြပြီး စစ်ကောင်စီတပ်ဖွဲ့လေကြောင်းက ခမ်းပတ်မြို့မရဲစခန်းနဲ့တပ်စခန်းကိုဦးတည်ပြီး လေကြောင်းပစ်ခတ်မှုတွေ နေ့စဉ်ရက်ဆက်ပြုလုပ်နေတာကြောင့်လို့ ဒေသခံတွေကပြောပါတယ်။

ခမ်းပတ်မြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၇)ရက်နေ့ကစပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေက ထိန်းချုပ် ထားတာဖြစ်ပြီး တစ်လကျော်အကြာ ဒီဇင်ဘာလ(၇)ရက်နေ့ကစပြီး ခမ်းပတ်မြို့ပြန်လည်ရရှိရေးအတွက် ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်နဲ့ မော်လိုက်မြို့အခြေစိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခမ်းပတ်မြို့ ပြန်လည်ရရှိရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ခမ်းပတ်မြို့ပြန်လည်ရရှိရေးအတွက်စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းပါအသုံးပြုပြီး တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေကလဲ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့တာကြောင့် ဒီဇင်ဘာလ(၁၆)ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်ပျက်ပြီးပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခမ်းပတ်မြို့တွင်းတိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် ထွက်ပြေးသွားတဲ့ဒေသခံတွေဟာ ယမန်နေ့ကစပြီး မိမိတို့နေရပ် ကို ပြန်လည်ဝင်ရောက်လာပေမယ့် အမှတ်(၁)ရပ်ကွက်နဲ့အမှတ်(၂)ရပ်ကွက်ကဒေသခံတွေတော့ စစ်ကောင်စီရဲ့ လေကြာင်းပစ်ခတ်မှာကို စိုးရိမ်တာကြောင့် နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတစ်ယောက်က အခုလိုပြော ပါတယ်။

“တစ်မြို့လုံးနဲ့ဆိုရင် (၈၀)ရာခိုင်နှုန်းလောက်ကတော့ မြို့ထဲပြန်ဝင်နေကြပြီပေါ့၊ အခုကျန်နေတာတွေ ကတော့ အမှတ်(၁)ကအများဆုံးကျန်နေသေးတယ်နောက်ပြီး အမှတ်(၂)ကလဲ အနည်းငယ်ကျန်သေးတယ် ကျန်တဲ့ ရပ်ကွက်ကလူတွေတော့ ပြန်ဝင်နေကြပြီ”လို့ ပြောပါတယ်။

October 11, 2024
ယခု ၂၀၂၄ ခုနှစ်အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု...
October 10, 2024
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ...
October 7, 2024
ချင်းပြည်နယ်က မြို့နယ်အများစုမှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့...
October 2, 2024
ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က...