ဗြိတိန်အနေနဲ့ စစ်အုပ်စုရဲ့အဓိကလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့တာတွေ ချက်ချင်းလုပ်ဖို့ အရပ်ဘက်အဖွဲ့များ တောင်းဆို

ဗြိတိန်အနေနဲ့ စစ်အုပ်စုရဲ့အဓိကလုပ်ငန်းတွေကို ဒဏ်ခတ်ပိတ်ဆို့တာတွေ ချက်ချင်းလုပ်ဖို့ အရပ်ဘက်အဖွဲ့များ တောင်းဆို

ဗြိတိန်အစိုးရအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ အဓိကလုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်အားလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချက်ချင်းချက်မှတ်ပေးဖို့ မြန်မာ့အရေး တက်ကြွလှုပ် ရှားတဲ့အဖွဲ့ဖြစ်တဲ့ Justice For Myanmar က ဒီဇင်ဘာလ ၁၃ ရက်နေ့ မနေ့က တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်နိုင်ငံအနေနဲ့ စစ်အုပ်စုရဲ့ တရားမဝင်ထိန်းချုပ်မှုအောက်မှာရှိတဲ့ အမှတ် (၁) သတ္တုတွင်းလုပ်ငန်း (ME 1) နဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်း (ME 2) တို့ကို ဒဏ်ခတ်ပိတ်ဆို့ရာမှာ မဟာမိတ်တွေ နောက်မှာ ကျန်ခဲ့ပြီး အရေးယူရန် ပျက်ကွက်မှုတွေရှိနေတာကြောင့် အခုလိုတောင်းဆိုလာတာဖြစ်ပါတယ်။

“စစ်အုပ်စုရဲ့ အဓိကဝင်ငွေရင်းမြစ်တစ်ခုဖြစ်တဲ့ သတ္တုတူးဖော်ရေးကဏ္ဍအပေါ် ဗြိတိန်နိုင်ငံက ဒဏ်ခတ်ပိတ် ဆို့မှုတွေ ချမှတ်ဖို့ နှေးကွေးနေတဲ့အတွက် ကြောင့် Greenway ကုမ္ပဏီက Cayman Islands နဲ့ British Virgin Islands တို့ကတဆင့် စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ဆောင်နေနိုင်စေခဲ့တာ ဖြစ်တယ်”လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောထားပါတယ်။

စစ်အုပ်စုရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ရီကိုလည်း အမေရိကန် ပြည်ထောင်စု၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးဖြစ်ပေမယ့် ယူကေနိုင်ငံက သူတို့ကိုဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရန် ကျန်ရှိနေသေးတာဖြစ်တယ်လို့ ဆိုပါတယ်။

Justice For Myanmar ရဲ့ ထုတ်ပြန်ချက်မှာ Greenway ကုမ္ပဏီအနေနဲ့ စီးပွားရေးနှင့်လူ့အခွင့်ရေးဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန် အခြေခံမူတွေ၊ လူ့အခွင့်အရေးတာဝန်ဝတ္တရားတွေနဲ့အညီ စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ငန်း အားလုံးကို ချက်ချင်းရပ်ဆိုင်းပေးဖို့လည်း ပြောဆိုထားတာဖြစ်ပါတယ်။

Greenway ကုမ္ပဏီဟာ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံမှာ လုပ်ငန်းတွေကို တိုးချဲ့လုပ်ဆောင်လျက်ရှိပြီးတော့ စစ်အုပ်စုအတွက် အကြမ်းဖက်စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ အခွန်ငွေတွေ ပေးအပ်နေတာဖြစ်ပါတယ်။

“Greenway Mining က တရားမဝင်မြန်မာစစ်တပ်နဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းအတွက် ဗြိတိန်ပိုင် ရပ်ခြားနယ်မြေတွေကို အသုံးပြုနေပြီး၊ စစ်ရာဇဝတ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ပံ့ပိုးကူညီပေးနေတာ ဖြစ်တယ်”လို့ Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

Greenway Mining Group Limited ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အခြေစိုက်ထားပြီး၊ ဗြိတိန်ပိုင်ရပ်ခြားနယ်မြေမှာ လုပ်ငန်းတွေဆောင်ရွက် လုပ်ကိုင်ပြီးတော့ ရှမ်းပြည်နယ်အတွင်းမှာလည်း သတ္တုတူးဖော်ရေးလုပ်ငန်း နှစ်ခုကို လုပ်ကိုင် လျက်ရှိနေတယ်လို့ သိရပါတယ်။

ME 1 နဲ့ ME 2 တို့ကို အမေရိကန်ပြည်ထောင်စု၊ အီးယူနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီးပေမယ့် ဗြိတိန်နိုင်ငံက အရေးယူ ဒဏ်ခတ်ပိတ်ဆို့ပေးဖို့ ကျန်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်တပ်ရဲ့အဓိက စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းများက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့တာတွေ စတင်လုပ်ခဲ့ကြပါတယ်။

စစ်တပ်ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တာတွေဟာ ၂၀၂၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု US နိုင်ငံဟာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း MGE နဲ့ မြန်မာ့ပုလဲလုပ်ငန်း MPE တို့ကို စီးပွားရေး ပိတ်ဆို့ခဲ့တဲ့အပြင် မေလ ၁၇ ရက်နေ့မှာတော့ ကနေဒါနိုင်ငံက မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း MGE, မြန်မာ့သစ်လုပ်ငန်း MTE, မြန်မာ့ပုလဲလုပ်ငန်း MPE တို့ကို စီးပွားရေးပိတ်ဆို့ခဲ့တဲ့အပြင် ဇွန်လ ၂၁ ရက်နေ့ အီးယူအဖွဲ့က မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း MGE, မြန်မာ့သစ်လုပ်ငန်း MTE တို့ကို ဆက်ပြီးစီးပွားရေးပိတ်ဆို့ခဲ့တာပါ။

ဒါ့အပြင် ဗြိတိန်နိုင်ငံဟာ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း MGE ကိုမေလ ၁၇ ရက်နေ့နဲ့ မြန်မာ့ပုလဲလုပ်ငန်း MPE ကို ဇွန်လ ၂ရက်နေ့ မြန်မာ့သစ်လုပ်ငန်း MTE ကို ဇွန် ၂၁ ရက် အသီးသီးပိတ်ဆို့ခဲ့ပါတယ်။

အလားတူ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ အီးယူအဖွဲ့ကနေ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ME-2 နဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE တို့ကိုစီးပွားရေးပိတ်ဆို့ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ US နိုင်ငံဟာ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း ME-1 နဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ME-2 စီးပွားရေးဒဏ်ခတ်ပိတ်ဆို့တဲ့အပြင် ဇူလိုင်လ ၂၁ ရက်နေ့ အီးယူအဖွဲ့က အမှတ် ၂ သတ္တုတွင်းလုပ်ငန်း ME-2 ထပ်ပြီးစီးပွားရေးပိတ်ဆို့တာ အောက်တိုဘာ ၃၁ ရက်နေ့တွင် ကနေဒါနိုင်ငံ အသီးသီးက စီးပွားရေးပိတ်ဆို့ထားတာလုပ်ခဲ့ကြပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...