“နိုင်ငံခြားငွေတွေကို စစ်ကောင်စီ ဘာကြောင့်ပြင်ပပေါက်ဈေးအတိုင်း ရောင်းဝယ်ခွင့်ပြုလိုက်တာလဲ”

“နိုင်ငံခြားငွေတွေကို စစ်ကောင်စီ ဘာကြောင့်ပြင်ပပေါက်ဈေးအတိုင်း ရောင်းဝယ်ခွင့်ပြုလိုက်တာလဲ”
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်ကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီဗဟိုဘဏ်က ဈေးကွက်အ တွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားမှုတွေကို ပြင်ပပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းချနိုင်တယ်လို့ ဒီဇင်ဘာ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်း AD လိုင်စင်ရဘဏ်တွေအနေနဲ့ နိုင်ငံခြား ငွေကြေးဈေးကွက် Online Trading စနစ်မှာ အရောင်းအဝယ်ပြုလုပ်ရာ ငွေလဲလှယ်နှုန်းတွေကို ဗဟိုဘဏ်ဘက်က သတ်မှတ်ပေးတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါပေမဲ့ ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့တဲ့ နိုင်ငံခြားငွေကို ပြည်ပသို့ လွှဲပြောင်းတဲ့နေရာမှာတော့ နိုင် ငံခြားသုံး ငွေကြီးကြပ်မှု ကော်မတီကနေ သတ်မှတ်ထားတဲ့ လုပ်ထုံလုပ်နည်းတွေနဲ့အညီ လွှဲပြောင်းပေးရမယ်လို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့တဲ့ နိုင်ငံခြားငွေကို ပြည်ပသို့ လွှဲပြောင်းတဲ့နေရာမှာတော့ နိုင်ငံခြားသုံး ငွေကြီးကြပ်မှုကော်မတီကနေ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လွှဲ ပြောင်းပေးရမယ်လို့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။

စီးပွားရေးပညာရှင် တစ်ဦးကတော့ နိုင်ငံခြားငွေကြေးတွေကို ပြည်ပပေါက်ဈေးအတိုင်း ရောင်းချခွင့်ပြုတာဟာ စစ်ကောင်စီထံ ဒေါ်လာလိုအပ်ချက် အခြေအနေဆိုးဝါးလာလို့ လွှတ်ပေးတာ ဖြစ်နိုင်ပေမယ့် အချိန်နှောင်းသွားပြီဖြစ်တဲ့အတွက် ကုန်ဈေးနှုန်းကြီးမှုဒဏ် ပြည်သူတွေ ထပ်ခံရနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အရင်တုန်းကလည်း ပြောဖူးပါတယ်။ ပို့ကုန်သမားတွေကို သွားပြီးတော့ သတ်တဲ့သဘောမျိုး ဖြစ်နေတယ်လို့။ သူဘာသူ ပို့ကုန်သမားတွေကို (၅၀) ရာခိုင်နှုန်း ဖြတ်ချင်ဖြတ်လေ။ ကျန်တဲ့ (၅၀) ရာ ခိုင်နှုန်းကိုတော့ လွတ်လွတ်လပ်လပ် ရတဲ့ဈေးနဲ့ကြိုက်တဲ့ဈေးနဲ့ ရောင်းခွင့်ပေးမှပေါ့။ အခုက ဒေါ် လာကမဝင်မဝင်နဲ့ တကယ်အခြေအနေကို ကမောက်ကမဖြစ်တော့မှ အခုလွှတ်ပေးတာ။ တကယ့်ကိုလည်း အခြေအနေကဆိုးနေပြီ။ ဈေးကွက်ညွှန်းကိန်း ကျတာပဲလေ။ အရင်တုန်းကတည်းက လွှတ်ပေးလိုက်လို့ရှိရင် ဒါကဒေါ်လာဈေးတက်သလို ဈေးကွက်ရဲ့ တခြားကုန်စည်တွေရဲ့ ဈေးလည်းတက်မှာပဲ။ ဒါပေမယ့် တက်မယ့်ဟာက လစ်မစ်ရှိတယ်။ ဒီအခြေအနေလောက်ထိပဲ တက်ကောင်းတက်မယ်။ အခုအချိန်တော့ နည်းနည်းနှောင်းနေပြီး၊ အခုမှလွှတ်ပေးတော့ တက်လက်စဈေးတွေက ထပ်ပြီးတော့တက်ဦးမှာ။ အဲဒီသက်ရောက်မှုကိုတော့ ပြည်သူတွေကခံရမှာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အရင်ကငွေကြေးဈေးနှုန်းတွေကို ထိန်းချုပ်ထားတဲ့အတွက် ပြည်ပကလုပ်သားတွေနဲ့ လုပ်ငန်းရှင်တချို့ဟာ ပြင်ပပေါက်ဈေးရတဲ့အပြင် ဟွန်ဒီတွေနဲ့သာလွဲနေရာမှ အခုလိုလုပ် ဆောင်လိုက်တာကြောင့် တရားဝင်ငွေလွဲမှုတွေရှိလာနိုင်ပြီး ဒေါ်လာတွေ ပြန်ဝင်အောင် ဒီနည်းနဲ့ လုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးကလည်း နိုင်ငံခြားငွေကြေးဈေးကွက်ကို လွှတ်ပေးလိုက်တဲ့အ တွက် ဈေးကွက်တွေ ကမောက်ကမဖြစ်နေရသလို အရင်ဗဟိုဘဏ်က ဝယ်ယူသူတွေပါ ပြင်ပဈေး ကွက် ရောက်ရှိလာတာကြောင့် ဒေါ်လာလိုအပ်ချက် ပိုများလာတယ်လို့ ပြောပါတယ်။

“ဈေးကွက်တော့ ကမောက်ကမ ဖြစ်နေပြီ။ ဘာလို့လဲဆိုတော့ တစ်ခါတလေထိန်းလိုက်ရင်လည်း ဈေးကွက်က ကမောက်ကမဖြစ်တယ်။ လွှတ်ပေးရင်လည်း ကမောက်ကမ ဖြစ်တာပေါ့လေ။ လော လောဆယ်တော့ အစိုးရက သူမထိန်းတော့ဘူးဆိုပြီးတော့ သဘောမျိုး ဖြစ်သွားတာပေါ့။ ဒေါ်လာကလည်း ဘယ်ဈေးနဲ့ဘယ်လို သွားရမှန်းမသိတော့ဘူး။ အရင်တုန်းက ဗဟိုဘဏ်ပေါက်ဈေးကိုလည်းချိန်ရပြီး ထည့်တွက်ရတဲ့အပိုင်းရှိတယ်။ ပြီးတော့ လိုအပ်ချက်အပေါ်မှာ မူတည်ပြီးတော့ ဈေးနှုန်းကတော့ ပြင်ပပေါက်ဈေး၊ ဗဟိုဘဏ်ပေါက်ဈေးရှိတာပေါ့လေ။ အခုဗဟိုဘဏ်နဲ့ အလုပ်လုပ်တဲ့သူတွေကပါ ပြင်ပပေါက်ဈေးထဲကို ဝင်လာတော့ ဈေးကခုန်တက်သွားမှာပေါ့။ ခုန်တက်သွားတော့ ဒီဘက်က ဒေါ်လာလိုအပ်ချက်က ပိုများသွားတဲ့ အနေအထားတော့ ဖြစ်သွားတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီဗဟိုဘဏ်ရဲ့ ကြေညာချက်ထုတ်ပြီးနောက့် ပြင်ပဒေါ်လာပေါက်ဈေးဟာဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းက တစ်ဒေါ်လာကို ကျပ် ၃၄၅၀ ဝန်းကျင်မှ ဒီနေ့မှာတော့ ကျပ် ၃၅၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိဒေါ်လာဈေးနှုန်းတွေ ကမောက်ကမ ဖြစ်နေတာကြောင့် ဈေးကွက်အတွင်း ဒေါ်လာဝယ်ယူလို့မရတဲ့ပြဿနာနဲ့ ကြုံတွေ့နေရသလို တချို့ဒေါ်လာရောင်းချပေးတဲ့ ဘဏ်တွေအနေနဲ့လည်း ဈေးနှုန်းသတ်မှတ်ရခက်ခဲတဲ့အတွက် အရောင်းအဝယ်ပိတ်ထားတာတွေ ရှိတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ဒေါ်လာလိုအပ်ချက်ကြောင့် ပြီးခဲ့တဲ့နှစ်ကစတင်ပြီး ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ကသတ်မှတ်တဲ့ဈေးနှုန်းနဲ့ လဲလှယ်ခိုင်းတာရှိခဲ့သလို အဲဒီနောက် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက စတင်ကာ ၅၀ ရာခိုင်နှုန်းလဲလှယ်ဖို့ ညွှန်ကြားခဲ့တာပါ။

အဲဒီလိုလဲလှယ်ခိုင်းတဲ့နေရာမှာလည်း စစ်ကောင်စီဗဟိုဘဏ်ရဲ့ သတ်မှတ်နှုန်းထားဖြစ်တဲ့ တစ်ဒေါ် လာကို ကျပ် ၂၁၀၀ နဲ့ လဲလှယ်ခိုင်းတာကြောင့် ဈေးနှုန်းကိုက်ညီမှုမရှိတဲ့အတွက် ပို့ကုန်လုပ်ငန်းတွေ ကျဆင်းလာသလို ဒေါ်လာလိုအပ်ချက်တွေလည်း မြင့်မားလာတာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချွတ်ခြုံကျနေတဲ့ မြန်မာ့စီးပွားရေးအခြေ အနေဟာ လက်ရှိအချိန်ထိ နာလန်မထူနိုင်သေးဘဲ မူဝါဒအမှားတွေကြောင့် ထပ်ခါထပ်ခါ ကျဆင်းလာခြင်းတွေက တိုင်းပြည်စီးပွားရေးကို ရာသက်ပန်ထိခိုက်စေမယ်လို့ ဆိုထားပါတယ်။

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...