စစ်ကောင်စီလက်အောက်ခံများ အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင် ခိုလှုံရန် NUG နှင့် တော်လှန်ရေးအဖွဲ့များ တိုက်တွန်း

စစ်ကောင်စီလက်အောက်ခံများ အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင် ခိုလှုံရန် NUG နှင့် တော်လှန်ရေးအဖွဲ့များ တိုက်တွန်း

လွတ်ငြိမ်းချမ်းသာခွင့်မူဝါဒ ချမှတ်အကောင်အထည်ဖော်နေသော ကာလဖြစ်သဖြင့် စစ်ကောင်စီ လက်အောက်ခံများ အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင်ခိုလှုံကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများက နိုဝင်ဘာလ(၂၇)ရက် ယမန်နေ့တွင် ထုတ်ပြန် ချက်ဖြင့် တိုက်တွန်း ထားသည်။

လက်နက်အပ် ဘက်ပြောင်းလာသူများအား ဖမ်းဆီးနှိပ်စက်ခြင်းမပြုဘဲ မိသားစုထံပြန်နိုင်ရန် စီစဥ်ပေးခြင်း၊ မိသားစုဝင်များ၏ လုံခြုံရေးအား တာဝန်ယူဆောင်ရွက် ပေးခြင်းနှင့် ပြန်လည် အခြေချနိုင်ရန် ထောက်ပံ့ကူညီပေးခြင်းတို့ကို ခြွင်းချက်အနေဖြင့် ထားရှိသော လွတ်ငြိမ်းချမ်း သာခွင့်မူဝါဒ ဖော်ဆောင်နေချိန်ဖြစ်၍ အမြန်ဆုံးပြည်သူ့ရင်ခွင် ခိုလှုံကြစေလိုကြောင်း NUG အပါအဝင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကရင်နီလူမျိုး ပေါင်းစုံ ပြည်သူ့တော်လှန်ရေးတပ်ဦး-ကလလတ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့-KNDF နှင့် Kachin Ginra People’s Embrace Zinlum Komiti-KNPEZ တို့က ပူးပေါင်းထုတ်ပြန် ထားခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက် မထုတ်ပြန်ခင်ကတည်းက NUG ၏ ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်း ဦးဆောင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မတီဖွဲ့၍ လုပ်ငန်းဆောင်ရွက်လာခြင်းဖြစ်၍ ပူးပေါင်းမှုနှင့် အာမခံချက်ပေးနိုင်သော ယခုလိုအချိန်အခါ ကောင်းအတွင်း အမြန်ဆုံးဘက်ပြောင်းခို လှုံကြစေ လိုသည်ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကလည်း ယခုလို ထပ်မံတိုက်တွန်းထားသည်။

“ကျနော်တို့ရဲ့ပအိုဝ်းအမျိုးသားရေးခေါင်းဆောင်ကြီး ဦးလှဖေက မည်သူ့ လက်ကိုင်တုတ်မှ မဖြစ် စေရဆိုတဲ့ မူကိုချမှတ်ခဲ့တယ်။ အချို့တိုင်းရင်းသား အစုအဖွဲ့တွေထဲ မှာရော၊ ကျနော်တို့ ပအိုဝ်းအမျိုးသားတွေထဲမှာရောပေါ့။ အရင်က ကိုယ့်ဟာကိုယ်တော်လှန်ရေးလုပ်ခဲ့ကြရာကနေ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်အဖြစ်ကနေ ရုန်းထွက်ကြဖို့နဲ့ ထွက်လာပြီးရင် ကျနော်တို့က ပူးပေါင်း ဆောင်ရွက်မှုနဲ့အာမခံချက်တွေ ပေးနိုင်တယ်ဆိုတာကို ပြောလိုတာပါ” ဟု ခွန်မြင့်ထွန်းက ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် စစ်တပ်အာဏာသိမ်းထားသည့်ကာလအတွင်း စစ်တပ်ဘက်မှခိုလှုံလာသူ တစ်သောင်း လေးထောင်ကျော်ရှိနေပြီး ထောက်ပံ့အင်အားမရှိတော့သော စစ်ကောင်စီက မျှော်လင့်ချက်အတုအ ယောင်များပေးကာ ၎င်း၏မည်သည့်အလုပ်ဌာနမှ ဝန်ထမ်းမဆိုအား ရှေ့တန်းစေလွှတ်တိုက်ပွဲဝင်ခိုင်း ခြင်းမျိုးရှိနေကြောင်း ထိုထုတ်ပြန်ချက်တွင် ဆိုထားသည်။

PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဆက်လက်၍ “စစ်ကောင်စီအနေနဲ့ အဘက်ဘက်မှာ နိမ့် ကျလာတဲ့ အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့ဆက်ဆံရေးမှာ အဖုအထစ်တွေရှိလာ တာကို ဖုံးကွယ်နေတာ၊ ဒါကြောင့်ပဲ ကျနော်တို့ဘက်ကို ဘက်ပြောင်းခိုလှုံလာကြဖို့ တိုက်တွန်းရတာ။ အခုက ကျနော်တို့ရဲ့ မိသားစုဝင်တွေထဲမှာ သတ်ဖို့ဖြတ်ဖို့မဟုတ်တဲ့ ခေတ်ပြောင်းတော်လှန်ရေးကို ဆင်နွှဲနေကြတာပါ။ ဒီတော်လှန်ရေးမှာ ဘက်ပြောင်းပြီးတော့ ပူးပေါင်းပါဝင်ကြဖို့ အဓိကထားပါတယ်။ ဒါက ကျနော်တို့ ရော ကျနော်တို့ရဲ့ ညီနောင်တွေအတွက်ရော ပိုကောင်းတဲ့ သွေးမြေကျမှုနည်းစေတဲ့ နည်းလမ်းပဲဖြစ် တယ်။” ဟု ပြောသည်။

NUG နှင့် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများ၏ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တုန့်ပြန်ပြောဆိုမှု မရှိသေးသော်လည်း ရှမ်းမြောက် တော်လှန်ရေးအင် အားစုများ၏ (၁၀၂၇)စစ်ဆင်ရေးနှင့် ကရင်နီမဟာမိတ်တပ်များ၏ (၁၁.၁၁) စစ်ဆင်ရေးအတွင်း စစ်ကောင်စီဘက်မှ ဘက်ပြောင်းခိုလှုံလာသူ အများအပြားရှိနေကြောင်း မြေပြင်သတင်းအရင်း အမြစ်များအရ သိရသည်။

ထို့အတူ ဘက်ပြောင်းခိုလှုံသူများတွင် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများအ တွင်းခိုလှုံလာသူ အများအပြားရှိပြီး ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ကချင်လွတ်လပ်ရေးတပ်မတော်-KIA နယ်မြေများမှတဆင့် ဝင်ရောက်ခိုလှုံလာသူက အများဆုံး ဖြစ်သည်ဟု ဘက်ပြောင်းခိုလှုံရေးလုပ် ငန်းများ ချိတ်ဆက်ဆောင်ရွက်ပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့က ကေအိုင်စီသို့ ဖြေကြားထားသည်။

October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...