အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပြည်သူ့အုပ်ချုပ်ရေးစတင်အကောင်အထည်ဖော်

အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ပြည်သူ့အုပ်ချုပ်ရေးစတင်အကောင်အထည်ဖော်

ချင်းကာကွယ်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် ချင်းပြည်နယ်မြောက်ပိုင်းအိန္ဒိယ-မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးကို ချင်းအမျိုးသားတပ်ဦး CNF/CN A နှင့် CDF – Hualngoram တို့ ပူးတွဲ၍ စတင်ဖော်ဆောင်နေသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/ CN A က သတင်းထုတ်ပြန်သည်။

“ပထမဆုံး ရိခေါ်ဒါရ်ကနေ တဖက်ကို စစ်ဘေးရွောင်တဲ့ ပြည်သူလူထုတွေကို လုံလုံခြုံခြုံနဲ့ ပြန်ဝင်နိုင်အောင် လုပ်ပြီးတော့ သူတို့က အားလုံးနီးပါးပြန်ဝင်နိုင်ကြပါပြီ။ ကျွန်တော်တို့က သူတို့ရဲ့လုံခြုံရေး၊ နယ်မြေရွင်းလင်းရေးဖက်မှာ ပြည်သူလူထုအတွက် မိုင်းရှင်းလင်းရေး လုပ်ပြီး ပြည်သူ့အုပ်ချုပ်ရေးကို ကျွန်တော်တို့အနေနဲ့ ဆက်ပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဖြစ်လာအောင်ဆိုပြီးတော့ ဒေသခံအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ။ မကြာခင်မွာ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် နဲ့ ဖြစ်ဖို့ လည်ပတ်ဖို့ လုပ်သွားမှာဖြစ်ပါတယ်” ဟု ချင်းအမျိုးသားတပ်ဦး CNF/CN A မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်မှု အဆင်ပြေစေရေး၊ လူထုလုံခြုံရေးနှင့် ဒေသတည်ငြိမ်းရေးတို့ကို ရှေ့ရှု့လျက် ဒေသခံများကိုယ်တိုင် ဖော်ဆောင်မည့် ရိခေါဒါရ်မြို့ ပြည်သူ့အုပ်ချုပ်ရေးကို CNF/CN A နှင့် CDF – Hualngoram က ပူးတွဲ၍ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့ကို ထိန်ချုပ်ထားနိုင်ပြီး ၁၀ ရက်အကြာ နိုဝင်ဘာလ ၂၂ က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည် နိုဝင်ဘာလ ၁၃ ရက်က အိန္ဒိယ - မြန်မာနယ်စပ် အမှတ် ၂ ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ရိခေါဒါရ်မြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်း (၂) ခုကို CNF/CNA၊ CDF – Zanniatram ၊ PDA – Tedim၊ CDF – Thantlang နှင့် ဒေသအခြေစိုက် CDF – Hualngoram တို့က တိုက်ခိုက်သိမ်းပိုက်ပြီး တမြို့လုံးကို ထိန်းချုပ်နိုင်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ဘေးရှောင်ဒေသခံများ၊ ဒဏ်ရာရ ရဲဘော်များနှင့် ပြည်သူတို့၏ လူမှုအခက်အခဲများကို ကူညီဖြေရှင်းပေးသော မီဇိုရမ်ပြည်နယ် အစိုးအပါအဝင် အိန္ဒိယဗဟိုအစိုးရ၊ မီဇိုရမ်းဒေသခံပြည်သူများ၊ လူမှုအသင်းအဖွဲ့များကို အထူးကျေဇူးတင်ရှိကြောင်း ချင်းအမျိုးသားတပ်ဦး CNF/CNA က ထုတ်ပြန်သည်။

ရိခေါဒါရ် မြိုသိမ်းတိုက်ပွဲကို “Rih Operation” အဖြစ် CNA ၏ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် Ngun Hlei Thang ကိုယ်တိုင် ဦးဆောင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း CNA/CNF မှ ရဲဘော် ၅ ဦး၊ PDA မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး တခြားရဲဘော် ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်၊၊

စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၁ ဦးအပါအဝင် ၇ ဦး လက်နက်ချ အလင်းဝင်ခဲ့ပြီး တပ်သား ၄၀ ကျော် အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

October 21, 2024
ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းထားသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း...
October 16, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ...
October 15, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ များ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ...