မြန်မာစစ်တပ်က လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးထားခြင်းခံရသော ပေါက်တော ဒေသခံ ၁၀၄ ဦးအား ရက္ခိုင်တပ်တော်က ဒုတိယအသုတ်အဖြစ် ထပ်မံကယ်ထုတ်

မြန်မာစစ်တပ်က လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ် ပြန်ပေးဆွဲဖမ်းဆီးထားခြင်းခံရသော ပေါက်တော ဒေသခံ ၁၀၄ ဦးအား ရက္ခိုင်တပ်တော်က ဒုတိယအသုတ်အဖြစ် ထပ်မံကယ်ထုတ်

အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်က လူသားဒိုင်းကာနှင့် ဓါးစာခံအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးထားခြင်းခံရသော ပေါက်တော ဒေသခံ (၁၀၄) ဦးအား ဒုတိယအသုတ်အဖြစ် ထပ်မံကယ်ထုတ်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် (AA) က ယနေ့ နိုဝင်ဘာ ၂၃ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။

ပေါက်တောမြို့ပေါ်တွင် ဖြစ်ပွားခဲ့သည် နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက် (၂) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၄၈ ဦးကျဆုံးပြီး ဒရုန်းစက်များအပါအဝင် ရန်သူ၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့အား ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးသူငယ်များပါဝင်သော ပေါက်တောမြို့ခံ များအား လူသားဒိုင်းကာနှင့် ဓါးစာခံများအဖြစ် ပြန်ပေးဆွဲ ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြောင်း၊  ပြည်သူများအား ပြန်ပေးဆွဲဖမ်းဆီးထားပြီး (၆) ရက်မြောက်နေ့ဖြစ်သော ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဓားစာခံများအားလုံးထဲမှ (၁၂၀) ဦးအား ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များမှ ပထမအသုတ် အနေဖြင့် ကယ်ထုတ်နိုင်ခဲ့ပြီး လုံခြုံစိတ်ချရသော နေရာသို့ ပိုဆောင်ပေးခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်နေ့တွင်လည်း ရန်သူ့လက်ထဲ ဖမ်းဆီးခံထားရသော ဓါးစားခံများနှင့် မြို့တွင်းရှိ နေအိမ်တချို့ ၌ ပုန်းအောင်းနေကြသောသူများ စုစုပေါင်း (၁၀၄) ဦးကို ဒုတိယအသုတ်အနေဖြင့် ထပ်မံကယ်ထုတ်နိုင်ခဲ့ပြီး ၎င်းတို့အား လုံခြုံစိတ်ချရသောနေရာများသို့ ဆက်လက်ပို့ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓားစာခံကယ်တင်ရေး၏ ပထမနေ့ နိုဝင်ဘာ ၂၁ ရက်တွင် ရန်သူအခြေပြုထားသော နေရာ (၃) နေရာမှ ရန်သူ (၃၀) ကျော် အား ရှင်းလင်းနိုင်ခဲ့ပြီး ဒုတိယနေ့ နိုဝင်ဘာ ၂၂ ရက်နေ့တွင်လည်း ပေါက်တောမြို့တွင်း နေရာ (၃) နေရာမှ ရန်သူ (၁၈) ဦး (မျက်မြင်) အား ထပ်မံထပ်မံရှင်းလင်းနိုင်ခဲ့ပြီး ရန်သူဘက်မှ (၁၈) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ဒရုန်းစက်များအပါအဝင် ရန်သူ၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း တချို့အား ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

ရက္ခိုင်တပ်တော်မှ ပေါက်တောမြို့အတွင်း လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရကာ ကျန်ရှိနေသေးသော ဓါးစာခံများ အန္တရာယ်ကင်းစွာလွတ်မြောက်နိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းနေပြီး တစ်ပြိုင်နက်တည်းတွင် ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက် သုတ်သင် ရှင်းလင်းလျက်ရှိသည်ဟု သိရှိရသည်။

October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...