Published
Wednesday, November 22, 2023
စစ်ရေးကြောင့် ဒုတိယအကြိမ် ထပ်မံတိမ်းရှောင်ရတဲ့ ဝိုင်းမော်မြို့နယ်က ကဇူးယန်ဒေသခံများ
- ချီဖွေမြို့နယ် ပန်ဝါဒေသဘက်မှာ လုပ်ကိုင်နေကြတဲ့ မြေရှားသတ္တုဆိုက်တွေကို စစ်ကောင်စီက ရပ်နားခိုင်းတာကြောင့် လုပ်ကွက်တော်တော်များများ ရပ်နားထားပါတယ်။
- မြစ်ကြီးနားမြို့ကနေ ရန်ကုန်မြို့နဲ့မန္တလေးမြို့တွေဘက် ပြေးဆွဲတဲ့ကားတွေ လမ်းပိုင်းအခြေအနေကြောင့် ရပ်နားထားရပါတယ်။
- စစ်ရေးအခြေအနေကြောင့် ဒုတိယအကြိမ် ထပ်မံတိမ်းရှောင်နေတဲ့ ဝိုင်းမော်မြို့နယ်က ကဇူးယန်ဒေသခံတွေရဲ့အကြောင်းကိုလည်း တင်ဆက်ပေးသွားမှာပါ။