ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထားဝယ်မြို့အဝင်ဂိတ်တွင် ဘန်ကာတိုးပြီး စစ်ဆေးမှုတင်းကြပ်

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထားဝယ်မြို့အဝင်ဂိတ်တွင် ဘန်ကာတိုးပြီး စစ်ဆေးမှုတင်းကြပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အိမ်ရှေ့ပြင် ရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒေသ အခြေစိုက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့ပြီးနောက် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယခင်ကထက် ဘန်ကာတိုးချထားကာ စစ်ဆေးမှုများပိုမိုတင်းကြပ်လာကြောင်း ထားဝယ်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်ခန့်တွင် ထားဝယ်ပြောက်ကျား တော်လှန် ရေးတပ်ဖွဲ့ -DGRF မှ ထားဝယ်မြို့အဝင်တွင် စစ်ဆေးရေးဂိတ်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို သွားရောက်ပစ်ခတ်ခဲ့ပြီး အဆိုပါပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးနှင့် ယာဉ်ထိန်းရဲ(၂)ဦး သေဆုံးခဲ့သောကြောင့် မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တွင် ယခုလို တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးက ယခုလို ပြောသည်။

 “အဲ့ဒီကြက်စားပြင်ရပ်ကွက်မှာက စစ်ဘေးရှောင်အများစုလာပြီး ငှားနေကြတဲ့နေရာ။ အဲ့မှာစစ်တပ် ဘက်ကတော်တော်လေး သေသွားတယ်။ မော်တော်ပီကယ်ပါ နှစ်ယောက်သေသွားတော့ ပိုဆိုးတယ်။ အဲ့ကိစ္စနဲ့ ပက်သက်ပြီးတော့ ဘန်ကာတွေချပြီး လုံခြုံရေး အင်အားတိုးပြီး ချထားတယ်။ ဆိုင်ကယ်ဆိုရင် ဘောက်တွေပါဖွင့် ပေးရတယ်။ လူဆိုရင်တော့ တစ်ကိုယ်လုံးကိုင်ပြီး စစ်တယ်။ ” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် အင်အား ၂၀ ဝန်းကျင်ခန့်ရှိပြီး လူငယ်များကို အဓိကပစ်မှတ်ထား ကာ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း၊ မြို့တွင်းတိုက်ပွဲဖော်ဆောင်မည်ဆိုသည့် ကောလာဟလ သတင်း များကြောင့် ၎င်းအနီးတဝိုက်ရှိ စာသင်ကျောင်းများကို ယာယီပိတ်ထားရကြောင်း မြို့ခံများက ပြော သည်။

နောက်ထပ် ဒေသခံတစ်ဦးက “မြို့ထဲမှာ တိုက်ပွဲတွေ ဖြစ်မယ်ဆိုပြီးတော့ သတင်းတွေလည်း ထွက်နေ တော့ စာသင်ကျောင်းကို ဘယ်မိဘမှ ပေးမသွားတော့ဘူး။ ကျောင်းက ဆရာမတွေလည်း မိဘကိုဖုန်း ဆက်ပြီး လာကြိုခိုင်းကြတယ်။ စစ်ဆေးရေး ဂိတ်ဆောက်ထားတာက မြို့အဝင်မှာဆိုတော့ မဖြစ်မနေ ဖြတ်ရတယ်။ သူတို့ စိတ်ကြိုက်စစ်တယ်။ တခါတလေကားဆိုင်ကယ်တွေ တအားများတော့ တစ်စီးနဲ့ တစ်စီး ချိတ်ပြီးလဲကုန်တာတောင် ရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ရက်နေ့ကလည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာအနီးရှိ ရေဖြူ မြို့နယ်၊ မူးဒူးကျေးရွာ အတွင်းသို့ ညနေ(၃)နာရီ ဝန်းကျင်ခန့်တွင် မြိတ်အခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၁၀၃) နှင့် ရေဖြူအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၄၀၇)တပ်ရင်းမှ စစ်ကြောင်းထိုး ဝင်ရောက် ခဲ့ပြီး နယ်မြေခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများက ပြောသည်

October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...