Progressive Voice ၏ ဘုတ်ဒါရိုက်တာ ‌ဒေါ်ခင်ဥမ္မာနှင့် ဆက်သွယ်မေးမြန်းချက်

Progressive Voice ၏ ဘုတ်ဒါရိုက်တာ ‌ဒေါ်ခင်ဥမ္မာနှင့် ဆက်သွယ်မေးမြန်းချက်
Photo-PV Director Khin Ohmar
Photo-PV Director Khin Ohmar

‘ပြည်သူကို သူတို့သတ်နိုင်ခွင့်၊ ပြည်သူကို မုဒိမ်းကျင့်နိုင်ခွင့်ကို ဒီနိုင်ငံတွေက ဒီစစ်အုပ်စုကို ပံ့ပိုးနေသမျှ ဒီစစ်အုပ်စုက ငါ့ကိုပံ့ပိုးနေတဲ့သူတွေရှိနေပြီးဆိုတဲ့နောက်မှာ စစ်အုပ်စုက ဒီလို ထင်ရာစိုင်းပြီးတော့ နိုင်ငံတကာရာဇဝတ်မှုတွေကို ဆက်ပြီးကျူးလွန်နေမှာပဲ။ ’ PV ဒါရိုက်တာ ဒေါ်ခင်ဥမ္မာ

ဖင်လန်နိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံ အစိုးရများအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ၎င်း၏ အတုအယောင် ငြိမ်းချမ်းရေး လုပ်ငန်းများအပေါ် တရားဝင်မှု ပေးအပ်နေခြင်းများအား မဖြစ်မနေ ရပ်တန့်ရန် မြန်မာအရပ်ဘက်အဖွဲ့ အစည်းပေါင်း (၆၆၁) ဖွဲ့တို့က ဖင်လန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Elina Valtonen နှင့် ဆွစ်ဇာလန်နိုင်ငံ ဖက်ဒရယ်နိုင်ငံခြားရေးဌာန ကောင်စီဝန် Ignazio Cassis တို့ထံ တောင်းဆိုသော အိတ်ဖွင့်ပေးစာကို ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ပေးပို့ခဲ့ခြင်းနှင့်ပတ်သက်ပြီး ပေးစာပြောခွင့်ရသူ ရှေ့ပြေးအသံ(Progressive Voice -PV)၏ ဘုတ်ဒါရိုက်တာ ဒေါ်ခင်ဥမ္မာ နှင့် ဆက်သွယ် မေးမြန်ထားပါ သည်။

မေး-ဒီအိတ်ဖွင့်ပေးစာပေးပို့ရတဲ့အဓိက ရည်ရွယ်ချက်ကို သိပါရစေ

အဓိကကတော့ ဖင်လန် နဲ့ ဆွစ်ဇာလန်နိုင်ငံက ဒီကျန်ခဲ့တဲ့ ၁၀ စုနှစ်မှာတုန်းကလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတဲ့အပေါ်မှာ သူတို့ကငွေရေးကြေးရေးအရရော အများကြီး ထောက်ခံပြီးတော့မှ ရင်းနှီးမြှုပ်နှံခဲ့တဲ့ ငြိမ်းချမ်းရေးအလှူရှင်နိုင်ငံတွေဖြစ်တယ်။ ဆိုတော့ သူတို့ နှစ်နိုင်ငံကနေပြီးတော့မှ အခုလူသတ်အကြမ်းဖက်နေတဲ့ တရားမဝင်အကြမ်းဖက်စစ်အုပ်စုကို သူတို့ ကနေပြီးတော့မှ ငြိမ်းချမ်းရေးလုပ်ငန်းအတွက်ဆိုပြီးတော့မှ ဆက်ပြီးတော့မှ ပူးပေါင်းဆောင်ရွက်နေတာ ၊ ပံ့ပိုးနေတာ အဲ့ဒါကြီးကို ကျမတို့ကတွေ့လိုက်ရတယ်။

အဲ့လိုတွေ့လိုက်ရတယ်ဆိုတာက အဓိက ဖင်လန်ကဆိုလို့ရှိရင် စစ်အုပ်စုရဲ့ကိုယ်စားလှယ်တွေကို ခေါ်ပြီးတော့မှ တိုးတိုးတိတ်တိတ်အစည်းအဝေးလုပ်တယ်။ Switzerland နိုင်ငံဆိုလို့ရှိရင်လည်း ဒီအုပ်စု ကနေပြီးတော့မှ နေပြည်တော်မှာ အောက်တိုဘာလမှာလုပ်သွားတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် နှစ်ပတ်လည်ဆိုတဲ့ဟာကို သူတို့ကတက်ပြီးတော့မှ အသိအမှတ်သွားပြုတယ်။ ကျမတို့က ဒီလိုမျိုး နှစ်နိုင်ငံက ကျမတို့နိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရဖို့အတွက်ကို တစ်တိုင်းပြည်လုံး တစ်နိုင်ငံလုံးမှာရှိကြတဲ့ အားလုံးအသီးသီးကနေပြီးတော့မှ တိုက်ပွဲဝင်နေကြတဲ့အချိန်မှာ သူတို့က တရားမဝင်အကြမ်းဖက်စစ်အုပ်စုကို ဒီလိုမျိုးအသိ အမှတ်ပြုပြီးတော့မှ စစ်မှန်မှုမရှိတဲ့ငြိမ်းချမ်းရေး လုပ်ငန်းကိုသွားပြီးတော့မှ ပြန်အသက် သွင်းလုပ်နေတာက မှားတယ်။

နောက်ပြီးတော့ ဒီဟာကိုလူသိရှင်ကြားလုပ်တာလည်း မဟုတ်ဘူး။ တိုးတိုးတိတ်တိတ်လုပ်တယ် ဆိုတော့ ပိုဆိုးတယ်။ ဒါကြောင့်မို့လို့ ကျမတို့က သူတို့ကို စစ်မှန်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပဲ သူတို့ ဘက်က အားပေးထောက်ခံပြီးတော့ မြန်မာပြည်သူတွေနဲ့အတူတူ ရပ်ဖို့ ဒီလိုမျိုးစစ်အုပ်စုကို သွားပြီး တော့မှ တရားဝင်မှုတွေသွားပေးနေတာ ထောက်ခံအားပေးနေတာကို မလုပ်ဖို့ အဲ့လို လုပ်ချင်းအားဖြင့်လည်း ဒီစစ်အုပ်စုက ပြည်သူလူထုကို အကြမ်းဖက်နေတဲ့ဟာကို အားပေးအား မြှောက်ပြုရာမြောက်တယ်။ အဲ့လိုရောက်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့က ဒါမျိုးတွေမလုပ်ဖို့ အကြောင်းကြားအသိပေးတာပါပဲ။

မေး- ဖင်လန် နဲ့ ဆွစ်ဇာလန် နိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ်မှာ ဘယ်လို ပုံစံအထောက်အကူပေးနေသလဲဆိုတာကို အကျဉ်းရုံးရှင်းပြပေးပါအုံး။

ကျမတို့ ဒီ ၂၀၁၁ နောက်ပိုင်းမှာကတည်းက မြန်မာနိုင်ငံမှာ ၂၀၁၁မှာ စပြီးတံခါးဖွင့်တဲ့အချိန်မှာ ကတည်းက စစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖင်လန်နဲ့ ဆွစ်ဇာလန်တို့က အဲ့ဒီအချိန်ကာလ ကတည်းက သူတို့က ထောက်ခံပြီးတော့မှ နေပြည်တော်မှာလုပ်တဲ့ ပင်လုံညီလာခံတွေ အပါအဝင်ပေါ့နော်၊ အဲ့ဒါမျိုးတွေကို သူတို့ ဘက်ကငွေရေးကြေးရေးနဲ့ နည်းပညာစသဖြင့် အဲ့လိုမျိုး နိုင်ငံရေးအရ ထောက်ပံ့ကူညီတာတွေက တောက်လျှောက်လုပ်ထားပြီးသားဖြစ်တယ်လေနော်။ ဒါပေမဲ့အခုလိုမျိုး တစ်တိုင်းပြည်လုံံးကနေပြီးတော့မှ တော်လှန်ရေးလုပ်နေတဲ့အချိန်မှာ ဘာဖြစ်လို့ သူတိုက ဒီစစ်အုပ်စုကိုယ်စားလှယ်တွေကိုမှ သွားခေါ်၊ ဖင်လန်ကဆိုလို့ရှိရင်လည်း စစ်အုပ်စု ကိုယ်စားလှယ်တွေကို တိုးတိုးတိတ်တိတ် ခေါ်ပြီးတော့မှ ငြိမ်းချမ်းရေး လုပ်ငန်းအတွက်ကို တွေ့ဆုံဆွေးနွေးမှုမျိုးတွေ လုပ်ရတာလဲ။

ပြီးတော့ ကျမတို့နောက်တစ်ခုသိရတဲ့ဟာက လူသားစာနာအကူအညီတွေပေါ့နော်။ ဒီလူ သားစာနာအကူ အညီတွေကို သူတို့က ဘယ်ကနေပြီးတော့မှ ပေးနေလဲဆိုတော့ JMC ရဲ့အောက်က အလုပ်အဖွဲ့ဖြစ်နေတဲ့ နည်းပညာဆိုင်ရာဗဟိုကနေတစ်ဆင့် လူသားစာနာအကူအညီတွေကို သူတို့ ပေးမယ်ဆိုတာကို ကျမတို့ ကြားရတယ်။ အဲ့ဒီလိုမျိုးပေးဖို့လုပ်တာဟာလည်း ရှင်းရှင်းပြောရရင် ဒီစစ် အုပ်စုက လူသားစာနာ အကူအညီတွေကို ဖျက်လိုဖျက်ဆီးလုပ်တယ်။ ပိတ်ဆို့တယ်။ လူသားစာနာအကူအညီလုပ်တဲ့အဖွဲ့အစည်းတွေကိုလည်း အကြမ်းဖက်ဖြိုခွဲတယ်။ ဖမ်းဆီးအရေးယူတာ သတ်ဖြတ်တာအပါအဝင်ပေါ့နော်။ ပြောချင်တာက မြန်မာနိုင်ငံမှာဖြစ်နေတဲ့ လူသားချင်းဆိုင်ရာ အကူအညီ Crisis က ဒီစစ်အုပ်စုက ဖန်တီးထားတာ။ ဒီလို Crisis ဖန်တီးပြီးတော့မှ ဒုက္ခပေးနေတဲ့ ဒီစစ်အုပ်စုကိုမှ လူသားစာနာအကူအညီကို သူတို့လက်ထဲသွား ထည့်ပေးတယ်ဆို လို့ရှိရင် ဒါဟာအင်မတန်လွဲမှားတဲ့ ရပ်တည်ချက် လွဲမှားတဲ့ချဉ်းကပ်မှုဖြစ်တယ်။

ဒီပြဿနာကို ဖြေရှင်းတာမဟုတ်တော့ပဲနဲ့ စစ်အုပ်စုကိုပိုပြီးတော့မှ လူသားစာနာ အကူ အညီတွေကို လက်နက်သဖွယ်အသုံးချပြီး သူတို့ရဲ့နိုင်ငံရေးအကျိုးအမြတ်ရဖို့ကို သွားပြီး အားပေးအားမြောက်ပြုတာနဲ့အတူတူပဲ။ ဖင်လန်နဲ့ ဆွစ်ဇာလန်တို့က ဒါမျိုးတွေက သူတို့က ဆက်လုပ်မို့ကြိုးစားနေတယ်။ တစ်ဖက်မှာလည်း ကျမတို့ ERO တွေ NUG၊ NUCC ဒီလိုမျိုးတော်လှန်ရေးဦးဆောင်အင်အားစုတွေကို သေသေချာချာ တရားဝင်ချဉ်းကပ် ပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မြေပြင်မှာဘာတွေကြိုးစားနေကြလဲ။ ကော်သူးလေမှာ ဘာတွေဖြစ်နေလဲ။ ဒီနယ်မြေစိုးမိုးမှုတွေ ပြန်ပြီးတော့မှ ဘယ်လိုရနေလဲ။ ကျန်းမာရေး ပညာရေး ကိစ္စတွေကို KNU ဆီမှာရှိတဲ့ပညာရေး ကျန်းမာရေးဌာနတွေကို ဘယ်လောက်အကူအညီပေးမလဲ။ ကရင်နီမှာဆိုလည်း IEC ကရင်နီဆိုတဲ့ကြားကာလအုပ်ချုပ်ရေးကောင်စီဆိုတာပေါ်လာပြီး။ ဒီအုပ်ချုပ်ရေးကောင်စီအောက်မှာ ကျန်းမာရေး ပညာရေး လူသားစာနာအကူအညီတွေကို ဘယ်လိုထောက်ပံ့မလဲ ဒါမျိုးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်ကို သူတို့ဘက်က တကယ်စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရေရှည်မှာရမို့အတွက်ကို ချဉ်းကပ်ပြီးတော့ ဒီလိုမျိုး ဒီလိုလုပ်ငန်းတွေကို သူတို့က အကူအညီပေးရမှာလေနော်။ အဲ့လိုမဟုတ်ပဲနဲ့ ဒီလိုစစ်အုပ်စုကို သွားပြီး တော့ ငြိမ်းချမ်းရေးကိစ္စသွားပြောနေတယ်။

စစ်အုပ်စုကနေပြီးတော့ ကျင်းပတဲ့နေပြည်တော်က အတုအယောင်ငြိမ်းချမ်းရေးညီလာခံမျိုးမှာ သွားပြီးတော့မှ သူတို့ကိုယ်တိုင်တရားဝင်တက်နေတယ်။ ပြီးတော့ ဒီအုပ်စုကနေဖြတ်ပြီးတော့ လူသား စာနာအကူအညီကို ပေးဖို့ လုပ်တယ်ဆိုတာက ကျမတို့ပြောမယ်ဆိုရင် တစ်တိုင်းပြည်လုံးက ဖယ်ရှား ဖို့လုပ်နေတဲ့ စစ်အာဏာရှင်ကို သူတို့က ပြန်အသက်သွင်းဖို့လုပ်နေတာနဲ့ အတူတူပဲ။ ဒါကြောင့်မို့လို့ ကျမတို့က စစ်အုပ်စုကိုသွားပြီးတော့ နိုင်ငံရေးတရားဝင်မှုအရရော၊ ငွေရေးကြေးရေးအရရော သူရဲ့စစ်အာဏာရှင် သက်ဆိုးရှည်ရေးကို ဖြစ်စေနိုင်တဲ့ အခြေအနေမျိုးတွေကို ပြန်ပြီးတော့ ဖန်တီးပြီးတော့မှ ကူညီမှုတွေလုပ်နေတာတွေရော ဆွစ်ဇာလန်ရော၊ ဖင်လန်နိုင်ငံတို့အပါအဝင် တခြားနိုင်ငံတွေလည်း ဒါမျိုးကြိုးစားနေတာတွေ ကျမတို့မသိတာတွေ ရှိနိုင်တယ်ပေါ့နော်။ အဲ့လိုမျိုးသာရှိတယ်ဆိုရင် သူတို့က ဒီလိုမျိုးကိစ္စတွေကို ရပ်ဖို့လိုလိမ့်မယ်။

မေး- အိတ်ဖွင့်ပေးစာအရ စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဆိုတာကကော ဘယ်လိုပုံစံမျိုးကို ပြောချင်တာပါလဲ။

အဓိက က အတုအယောင်ငြိမ်းချမ်းရေးလို့ ပြောမယ်ဆိုရင် ကျမတို့မြန်မာနိုင် ငံရဲ့သမိုင်းကြောင်းတစ်လျှောက်မှာ တိုင်းရင်းသားတွေအားလုံးနဲ့ တန်းတူညီမျှရှိမှုကိုယ်ပိုင်ပြဌာန်းခွင့် ပြီးသွားလို့ရှိရင် ပြည်သူလူထုရဲ့ လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်မြှင့်တင်ပေးမှု ခုနကဒီတန်းတူရေးကိုအာမခံမှုဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ Union ပြည်ထောင်စုတစ်ခုဆိုတာကို မှန်မှန်ကန်ကန် တည်ဆောက်ဖို့ဆိုလို့ရှိရင် စစ်အုပ်စုကနေ ဥပဒေအထက်မှာနေပြီးတော့မှ တစ်နိုင်ငံလုံးကို သူ့ရဲ့ စစ်ဖိနပ်အောက်မှာထားပြီးတော့မှ ငြိမ်းချမ်းရေးဆိုတဲ့ဟာကို ငါပေး သလောက်ပဲယူ ငါ့ကိုပြန်ခံမပြောနဲ့။ ငါထားတဲ့နေရာမှာပဲနေ ဆိုတဲ့ဟာနဲ့တော့ အဲ့တာငြိမ်းချမ်းရေးမဟုတ်နိုင်ဘူး။

အခုကျန်ခဲ့တဲ့ ၁၀ နှစ်မှာကတည်းက ကျန်ခဲ့တဲ့ ပင်လုံညီလာခံတို့အပါအဝင်ကို ကျမတို့က အဲ့ဒီ ငြိမ်းချမ်းရေးက တကယ်တမ်းစစ်မှန်တဲ့ငြိမ်းချမ်းရေး ဘယ်လိုမှမဟုတ်ဘူး။ ဒါကြောင့် စစ်အုပ်စုက အစကတည်းက ငါထားတာနေ ငါစေရာသွား ငါပေးတာယူဆိုတဲ့ ပေးသမျှပဲယူရတဲ့လက်ဝေခံ နိုင်ငံရေးစနစ်က တန်းတူညီတူ ဖက်ဒရယ်မဟုတ်ဘူးလေ။

တန်းတူညီတူ ဖက်ဒရယ်မဖြစ်သမျှသည် ကျမတို့နိုင်ငံဟာ တကယ်စစ်မှန်တဲ့ အားလုံးက နေပြီးတော့ သက်တောင့်သက်သာ ဖြစ်ဖြစ်နဲ့ ငြိမ်းချမ်းစွာယှဉ်တွဲနေနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ဒီစစ်အုပ်စုက ခေတ်အဆက်ဆက်ကကြိုးစားခဲ့တဲ့ ကျန်ခဲ့တဲ့ ၁၀ နှစ်မှမဟုတ်ပါဘူး။ ခေတ်အဆက်ဆက်က ကြိုးစားခဲ့တဲ့ မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးလက်မှတ်ထိုးရင် တောင်ပိုင်းမှာချမယ်။ တောင်ပိုင်းမှာငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့ ကြိုးစားလို့ရှိရင် မြောက်ပိုင်းကိုတိုက်မယ်ဆိုပြီးတော့မှ မြန်မာနဲ့တိုင်းရင်းသားတွေကြားထဲမှာရော၊ တိုင်းရင်းသားအချင်းချင်းကြားထဲမှာရော အမြဲတမ်းသွေးခွဲအုပ်ချုပ်ပြီးတော့မှ ငြိမ်းချမ်းရေးဆိုတာကို စစ်တပ်က ငါတို့က ကယ်တင်ရှင် ငါတို့မရှိလို့ရှိရင် ငါတို့အာဏာပါဝါကိုမထိန်းထားရင် ဒီတိုင်းပြည်ကြီးက အစိတ်စိတ်အမွှာမွှာကွဲပြီးတော့ မီးဟုန်းဟုန်းတောက်သွားမှာမို့လို့ ငြိမ်းချမ်းရေးဆိုတာ စစ်တပ်ကအုပ်ချုပ်နေတာသည် စစ်တပ်ကလွှမ်းမိုးထားတာ၊ စစ်တပ်ကထိန်းချုပ်ထားတာသည် ငြိမ်းချမ်းရေးလို့ သူတို့က ဒီလိုမျိုးပုံစံမျိုးနဲ့ပဲ ငြိမ်းချမ်းရေးဆိုတာကို သဏ္ဍာန်ပေါ်ပြီးတော့ သရုပ်ဖော်ပြီးတော့မှ လုပ်ခဲ့တာ။

အဲ့တော့ ပြောချင်တာက အတုအယောင်ငြိမ်းချမ်းရေးဆိုတာသည် စစ်တပ်ကနေပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘဝတွေကို တရားဥပဒေအထက်ကနေ နေပြီးတော့မှ အုပ်စိုးသွားတဲ့စစ်အာဏာရှင်စစ်အုပ်ချုပ်ရေးပဲ။ ဆိုတော့ စစ်အုပ်ချုပ်ရေးဆိုတာကို ကျန်တဲ့သူတွေက သူပြောတဲ့ဟာကို လိုက်လက်ခံပြီးတော့မှ နေရတဲ့ဟာမျိုးပေါ့နော်။ ကျမတို့တန်းတူညီတူရှိတဲ့ ဖက် ဒရယ်ဒီမိုကရေစီဆိုတာ စဉ်းစားတဲ့ဟာမျိုးကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ရှိတဲ့ဟာမျိုးမဟုတ်တော့။ အဲ့တာမျိုးကို ခုနက တစ်သက်လုံးလက်နက်ကိုင်တိုက်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို ရှင်းရှင်းပြောရရင် ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင် လက်နက်ချ၊ နိုင်ငံရေးပါတီလုပ်၊ ရွေးကောက်ပွဲဝင်၊ စီးပွားရေးလုပ် ပြီးလို့ရှိရင် ဗဟိုဦးစီးချုပ်ကိုင်မှုတွေအောက်ကနေပြီးတော့မှ ဗဟိုကပေးသလောက် အာဏာပါဝါကိုသုံးဆိုတဲ့ဟာမျိုးနဲ့ အတုအယောင်ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်နဲ့သွားချင်တာ။

ဒါပေမဲ့ ကျမတို့မြင်ရတာက ဒီ ၁၀ နှစ်အတွေ့အကြုံအရမှာ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အား စုတွေအားလုံးသည် ကြိုးစားပြီးတော့မှ စားပွဲပေါ်မှာ အဖြေထုတ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ တစ်ချိန်ထဲမှာပဲ ကိုယ့်ရဲ့ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့အတွက် ကိုယ့်ဘိုးဘွားပိုင်မြေ ကိုစိုးမိုးထားတဲ့အပေါ်မှာတော့ သူတို့ပြောသလို လက်နက်ချအလင်းဝင်ဆိုတဲ့ဟာမျိုးတွေတော့ မလုပ်ကြပါဘူးနော်။ ပြောချင်တာက အတုအယောင်ငြိမ်းချမ်းရေးဆိုတာသည် စစ်အုပ်စုက သူတို့ကို သူတို့ဗဟိုပြုပြီးတော့မှ သူတို့ ပေးသလောက်ယူဆိုတဲ့ တည်ငြိမ်မှုနဲ့ဟာကို အကောင်အထည်ဖော်ဖို့ကြိုးစားတာကိုကျမတို့က သူတို့ကအတုအယောင်ငြိမ်းချမ်းရေး သူတို့လုပ်ခဲ့တယ်ဆိုတာကို ကျမတို့က အဲ့လိုပြောတာပါ။

မေး- ဖင်လန် နဲ့ ဆွစ်ဇာလန် နိုင်ငံတွေက ဒီလို စစ်အုပ်စုအပေါ် အထောက်အကူပေးနေခြင်းအားဖြင့် စကစ အတွက် ဘယ်လိုအကျိုးဖြစ်ထွန်းစေသလဲ။

သူတို့အတွက်ကျတော့ ဒီတိုင်းပြည်ကို ပြည်သူက ရွေးကောက်ကောက်၊ မရွေးကောက်ကောက် တစ်နိုင်ငံလုံးကို သတ်ရမယ်ဆိုလည်း သူတို့သတ်မှာပဲ ။ အဲ့တော့ ပြည်သူကို  သူတို့သတ်နိုင်ခွင့်၊ ပြည် သူကို မုဒိမ်းကျင့်နိုင်ခွင့်ကို ဒီနိုင်ငံတွေက ဒီစစ်အုပ်စုကို ပံ့ပိုးနေသမျှ ဒီစစ်အုပ်စုက ငါ့ကိုပံ့ပိုးနေ တဲ့သူတွေရှိနေပြီးဆိုတဲ့နောက်မှာ စစ်အုပ်စုက ဒီလိုထင်ရာစိုင်းပြီးတော့ နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်နေမှာပဲ ဆက်ပြီးကျူးလွန်နေမှာပဲ။

အဲ့တော့ ဆွစ်ဇာလန်နဲ့ဖင်လန်နိုင်ငံလိုမျိုးအစိုးရတွေက ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ ငြိမ်းချမ်းရေး အတွက်ကို ကမ္ဘာမှာငြိမ်းချမ်းရေးဦးဆောင်တဲ့နိုင်ငံတွေလို့ သူတို့ကိုယ်သူတို့ ကြွေးကြော်ပြီးတော့ လူသတ်ဓါးပြတိုက် ပြီးတော့မှ ရာဇဝတ်မှုကျူးလွန်နေတဲ့ အုပ်စုကို သွားပြီးတော့မှ သူတို့သည်တရားဝင် မြန်မာနိုင်ငံရဲ့ အစိုးရကိုယ်စားပြုသဖွယ် သွားတွေ့ပြီးတော့မှ တွေ့ဆုံမှုတွေနဲ့ တရားဝင်မှုတွေပေးတယ်။ ပြီးသွားလို့ရှိရင် စစ်အုပ်စုနဲ့တွေ့ဆုံဆွေးနွေးမှုလုပ်ပြီးတော့မှ ပြန်ပေါင်းထုပ်ဖို့အတွက်ကို ကြိုးစားတာမျိုးတွေ လုပ်တယ်ဆိုရင် စစ်အုပ်စုက ပျော်တာပေါ့။

ဘာကြောင့်လဲ သူတို့သည်ပြည်သူက သူတို့ကို လက်ခံခံ၊ မခံခံ သူတို့ဆီမှာငွေရှိမယ်။ သူတို့ကို ထောက်ခံတဲ့ နိုင်ငံတကာအစိုးရတွေရှိတယ်ဆိုလို့ရှိရင် အဲ့ဒီနိုင်ငံတကာအစိုးရတွေရဲ့ နိုင်ငံရေး ထောက်ခံမှု ပြီးသွားလို့ရှိရင် ငွေကြေးတွေနဲ့ သူတို့အသုံးပြုပြီးတော့မှ ပြည်သူကို သတ်မဲ့လူသတ်လက်နက်ကိုလည်း သူတို့ထပ်ဝယ်မှာပဲ။

ဆိုတော့ ပြောချင်တာက ကျမတို့နိုင်ငံတကာအစိုးရတွေက သူတို့ရဲ့နိုင်ငံတကာအသိုင်းအဝိုင်းမှာ သူတို့ရပ်တည်နေတဲ့ ဒီမိုကရေစီဂုဏ်သိက္ခာ စံတန်ဖိုးတွေနဲ့အညီမရပ်ဘဲနဲ့ ဒီအုပ်စုကိုသွားပြီးတော့မှ အားပေးအားမြောက်လုပ်နေတဲ့ဟာမျိုးတွေတော့ ဒါတွေကိုမဖြစ်ဖို့လိုတယ်ပေါ့နော်။ အဓိကက ဒါမျိုး တွေလုပ်လာရင် စစ်အုပ်စုကငါလုပ်ချင်တာငါလုပ်လို့ရပြီးဆိုတဲ့ပုံစံနဲ့ ပြည်သူကို ဒီထက်ပိုပြီးတော့မှ အကြမ်းဖက်ပြီးတော့မှ တိုင်းပြည်ကိုအမှောင်ခေတ်မှာ ပြန်ရောက်ဖို့အတွက် လုပ်မှာပဲ။

အဲ့တော့ ဒီနိုင်ငံတွေက ဒါကိုမြင်ဖို့လိုတယ်။ သူတို့က သင်ခန်းစာယူဖို့ လိုပြီး။ ကျမမြင်တာ သင်ခန်းစာမယူနေဘူး။ မယူလို့ သူတို့ဒီလိုလုပ်နေတာ။ ကျန်ခဲ့တဲ့ ၁၀ နှစ်မှာ သူတို့ပံ့ပိုးခဲ့တဲ့ငြိမ်းချမ်း ရေး ဖြစ်စဉ်ကြီးက အခုဆိုရင်ဘယ်နားရောက်သွားပြီးလဲ။ ဒီစစ်အုပ်စုက ဒီလောက်ထိ ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့မှ ခုနတုန်းကလို သတ်တာတွေ၊ ထောင်ချတာတွေရော လေယာဉ်နဲ့ ကလေးသူ ငယ်တွေကို တိုက်ခိုက်တာတွေအပါအဝင်ပေါ့ ဒါတွေကို ဒီလောက်လက်လွတ်စပယ်လုပ်ချင်ရာတွေလုပ်ခွင့်ရနေ တယ်ဆိုတာ ဒီနိုင်ငံတွေက ကျန်ခဲ့တဲ့ ၁၀ နှစ်မှာ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဆိုတဲ့ဟာကို သူတို့နား လည်တာ တွက်ချက်တာမှားခဲ့လို့ပေါ့။ ဒီစစ်အုပ်စုကို သွားပြီးတော့မှ ဗဟိုပြုပြီးတော့မှ အဖြေ ထုတ်ဖို့ကြိုးစားတယ်။ အခုအချိန်မှာ အဲ့ဒီကိစ္စကြီးကို သူတို့ထပ်ပြန်လုပ်တာက ကျမတို့အတွက် တော်တော်စိတ်ပျက်စရာကောင်းပါတယ်ပေါ့နော်။

မေး-တကယ်တမ်း ဖင်လန် နဲ့ ဆွစ်ဇာလန် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေအရ ဘယ်သူတွေကို ဘယ်လို ပုံစံအထောက်အကူပေးသင့်သလဲ။

အဓိကကတော့ သူတို့က ကျမတို့တိုင်းပြည်ကို တကယ်ပဲစစ်မှန် တဲ့ငြိမ်းချမ်းရေး တကယ် ရပြီးတော့မှ တည်ငြိမ်တဲ့အဖြေတစ်ခုကိုထုတ်ဖို့အတွက် တကယ်နိုင်ငံရေး စေတနာဆန္ဒမှန်တယ် ဆိုရင်တော့ သူတို့လုပ်သင့်တဲ့အလုပ်က ERO တွေ၊ NUG၊ NUCC ပြီးသွားလို့ရှိရင် အရပ်ဖက် အဖွဲ့အစည်းတွေ၊ ပြီးသွားလို့ရှိရင် လွတ်လပ်တဲ့သတင်းမီဒီယာတွေ ဒါတွေကို သူတို့ဘက် ကနေပြီးတော့မှ နိုင်ငံရေးအရရော၊ ပြီးသွားလို့ရှိရင် Resources တွေအရရော သူတို့ထောက်ပံ့ဖို့ ဝန်းရံဖို့လိုမယ်။

နိုင်ငံရေးအရလို့ ပြောတဲ့အခါမှာလည်း ခုနတုန်းက ကုလသမဂ္ဂအဝန်းအဝိုင်းမှာအပါအဝင် ကျမတို့ ဒီမြန်မာနိုင်ငံရဲ့ Crisis ကိုဖြေရှင်းဖို့အတွက် တကယ်လုပ်လို့ရတဲ့ဟာတွေ ကုလသမဂ္ဂ အဝန်းအဝိုင်းမှာရှိမယ်။ တစ်နိုင်ငံချင်းလည်းလုပ်လို့ရတယ်။ ဥပမာဆိုရင် ကနေဒါနဲ့အမေရိကနဲ့ Europe တို့ ယူကေ(UK) တို့ဆိုရင် Sanction တွေလုပ်ရတယ်။ ဖင်လန်နဲ့ဆွစ်ဇာလန်က ဥပမာ  ဆွစ်ဇာ လန်ဆိုရင် ဥရောပ သမဂ္ဂအဖွဲ့ဝင် မဟုတ်ဘူး။ ဒါပေမဲ့ သူဘာသူ တစ်နိုင်ငံထဲအနေနဲ့ စစ်အုပ်စုကို အပြစ်ပေး တားဆီးအရေးယူမှုတွေ သူလည်းလုပ်လို့ရတယ်။ ပြီးသွားလို့ရှိရင် ကျမတို့ဒီနိုင်ငံ တကာဥပဒေနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေကို တရား ဥပဒေကြောင်းကနေ အပြစ်ပေးအရေးယူဖို့ တရားဥပဒေအရဖော်ဆောင်မို့ ကိစ္စတွေကို ဥပမာ ကနေဒါ တို့ဆိုလို့ရှိရင်လည်း လုပ်နေကြတယ်။

ဆွစ်ဇာလန်နိုင်ငံဆိုလည်း ဒါတွေကိုပါဝင်ပြီး ဝိုင်းလုပ်လို့ရတယ်။ ဒါပေမဲ့သူတို့မလုပ်နေဘူး။ ဆိုတော့ လုပ်လို့ရတာတွေက အများကြီးပဲ။ ကျမတို့တိုင်းပြည်ရဲ့ တရားဝင် နိုင်ငံရေးဦးဆောင် အဖွဲ့တွေနဲ့လည်း ပူးပေါင်းပြီးတော့မှ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်ကို ဖော်ဆောင်ဖို့ နိုင်ငံရေးလုပ်ငန်းတွေကို ဝန်းရံထောက်ခံလို့ရတယ် ပံ့ပိုးလို့ရတယ်။

မေး- ဒီ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက သူတို့အတွက် ဘယ်လို ထွက်ပေါက်တစ်ခု၊ ဒါမှမဟုတ် အကျိုးအမြတ်ဖြစ်စေလဲဆိုတာ သုံးသပ်ပေးပါ။

ကျမမြင်တာက သူတို့ရဲ့ထွက်ပေါက်က ၂ ခုရှိတယ်ပေါ့နော်။ သူတို့နဲ့ဆက်ပြီးတော့မှ ကြိုး ဆွဲရာကကြတဲ့ ငြိမ်းချမ်းရေးလုပ်နေကြပြီးဆိုတဲ့ဟာမျိုးကို သူတို့ဘက်က ပြချင်တာရှိတယ်။  (၂) အချက် ကတော့ ရွေးကောက်ပွဲပေါ့။ ခုနက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဆက်ဖြစ်နေတယ်။ သူတို့နဲ့လက်မှတ်ထိုးထားတဲ့ NCA လက်မှတ်ထိုးထား တဲ့သူတွေလည်း သူတို့နဲ့ဆက်ပါနေ တယ်ဆိုတဲ့ဟာမျိုးကို ပြနိုင်တယ်ဆိုလို့ရှိရင် ဘာဖြစ်မလဲဆိုတော့ ရွေး ကောက်ပွဲလုပ်လို့ ရနိုင်မဲ့အနေအထားမျိုးကို ဖော်ဆောင်ပြီးတော့ သူတို့မြေပြင်မှာပြင်ဆင်ထားတဲ့ ရွေး ကောက်ပွဲ ကျင်းပဖို့အတွက်ပြင်ဆင်ထားတဲ့ အခြေအနေတွေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုတဲ့ နောက်ကနေ ပြီးတော့မှ ကြိုးဆွဲရာလိုက်ကမယ့် ရေလိုက်ငါးလိုက် လိုက်မယ့်အင်အားစုတွေနဲ့ ပေါင်းပြီးတော့မှ သူတို့အနေနဲ့က လက်ရှိ ရှိနေတဲ့ သူတို့ခေါ်နေတဲ့ စကစ ကောင်စီကြားကာလဆိုတာကျော်ပြီးတော့မှ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အဖြေတစ်ခုကို ထုတ်မယ်ဆိုတဲ့ ပုံစံမျိုးတော့ကျမတို့တွေ့ရတယ်ပေါ့နော်။

ဒါကတော့ သူတို့ဘက်က ဒါကိုကြိုးစားချင်တဲ့သဘောပါပဲ။ သို့သော်လည်း ကျမမြင်နေ တာကတော့ Operation ၁၀၂၇ အရဆိုလို့ရှိရင် သူတို့ကြိုးဆွဲရာ ကမယ့်လူတွေနဲ့ ဘယ်လောက်ပဲ ကြိုးစားကြည့်၊ ကြိုစားကြည့် တကယ်တမ်း အရမ်းကိုနည်းတဲ့အင်အားစုတွေပဲ ဖြစ်သွားပြီး။ တစ်နိုင်ငံလုံးအတိုင်အတာနဲ့ သူတို့ကိုဆန့်ကျင်နေတာက တော်လှန်ရေးရေချိန်ကလည်း ပိုမြင့်လာတယ်။ မြင့်လာတဲ့အခါကျတော့ သူတို့ရဲ့နိုင်ငံရေးစေတနာမမှန်မှုကို အားလုံးလည်းသိနေပြီးဆိုတော့ ဘယ်လောက်ပဲငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာကြီးကို ဘယ်လောက်ပဲ စကားလုံး သုံးပြီးတော့မှ ကြိုးစားကြိုးစား ကျမမြင်တယ်၊ အဲ့ဒီလမ်းကြောင်းက ဘယ်လိုမှဆက်သွားစရာမရှိတော့ဘူး။ ကျမမြင်တာက သူတို့ဆက်သွားလို့မရတော့ဘူး။

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...