မင်းပြားတွင် လက်နက်ကြီးကျည်စထိမှန်၍ မူဆလင်အမျိုးသား၂ဦးသေဆုံး၊ ၁၀ဦး ဒဏ်ရာရ

မင်းပြားတွင် လက်နက်ကြီးကျည်စထိမှန်၍ မူဆလင်အမျိုးသား၂ဦးသေဆုံး၊ ၁၀ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ယမန်နေ့ညက စစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲပြီး ကျည်စထိမှန်ကာ မူဆလင်အမျိုးသား ၂ဦးသေဆုံးပြီး ၁၀ဦးပြင်းထန် ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

သေဆုံးသွားသည့် မူဆလင်အမျိုးသား ၂ဦးမှာ ဆင်ကြီးပြင် မူဆလင်ကျေးရွာမှ ဆော်ယောစ်ဟူဆောန် (၂၅)နှစ်၊ ဦးမာတာလောမ်(၃၀)နှစ် တို့ဖြစ်ကြသည်။

ပြင်းထန်ဒဏ်ရာရရှိကြသူများမှာ ဆင်ကြီးပြင် မူဆလင်ကျေးရွာမှ ဦးနော်ဘီဟူဆောန်(၃၂)နှစ်၊ ဒေါ်အာရော်ဖာဘေဂေါမ်(၄၅)နှစ်၊ မနုရ်ကိစ်(၁၂)နှစ်၊ မမူကော်ရော်မော(၉)နှစ်၊ ဒေါ်ဆော်မူဒါ(၆၀)နှစ်၊ ဦးရှော်ဘူး(၃၅)နှစ်၊ မောင်ခါရိုလာမိန်(၁၀)နှစ်နှင့် ခြိတ်တောင် မူဆလင်ကျေးရွားမှ မာမောတ်ရှာကဲရ်(၁၄)နှစ်တို့ဖြစ်သည်။

နောက်ထပ်ဒဏ်ရာရသူနှစ်ဦးမှာ မင်းပြားမြို့၊ ကျွန်းညိုရပ်ကွက်မှ မမိမိ(၄၂)နှစ်နှင့် မင်းပြားမြို့၊ မင်းပြားမြို့၊ ဘူးပင်ရပ်ကွက်မှ မခိုင်ဝင်းကြည်(၂၂)နှစ်တို့ ဖြစ်ကြသည်။

ယမန်နေ့၊ နိုဝင်ဘာလ ၁၄ရက်၊ ညနေ ၉ နာရီအချိန်ခန့်က ကျေးရွာအနီးရှိ စစ်ကောင်စီတပ်များ ဖြစ်ကြသည့် ခမရ(၅၄၁)တပ်၊ (၃၇၉)တပ်နှင့် (၃၈၀)တပ်တို့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာအထဲသို့ ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန် ထိမှန်ခဲ့ကြခြင်းဖြစ်သည်။

"ဆင်ကြီးပြင်မူဆလင်ရွာက မူဆလင်အမျိုးသား နှစ်ယောက်ကျည်စ ထိပြီးသေတယ်။ ခေါင်းတွေလည်း ပွင့်ထွက်သွားတယ်။ ရှစ်ယောက်ကတော့ ပြင်းထန်ဒဏ်ရာ ရပြီး အခုဆေးရုံရောက်နေတယ်။ ဒဏ်ရာတွေက ပြင်းတယ်" ဟု မင်းပြားမြို့ခံတစ်ဦးကပြောသည်။

ယင်းအပြင် မင်းပြားကျိန်းတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်စခန်းမှ ယမန်နေ့ နိုဝင်ဘာလ ၁၄ရက်၊ ည ၉နာရီအချိန်ခန့်က လက်နက်ကြီးများနှင့် လက်နက်ငယ်များ ရမ်းသန်း ပစ်ခတ်မှုကြောင့် မင်းပြားမြို့၊ ကျွန်းညိုရပ်ကွက်မှ မမိမိ(၄၂)နှစ်နှင့် မင်းပြားမြို့၊ မင်းပြားမြို့၊ ဘူးပင် ရပ်ကွက်မှ မခိုင်ဝင်းကြည်(၂၂)နှစ်တို့ တွင် ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

"မမိမိကတော့ ခေါင်းထိတာ သိပ်တော့မစိုးရိမ်ရဘူး။  မခိုင်ဝင်းကြည်ကတော့ ဒဏ်ရာပြင်းတယ်" ဟု မင်းပြားမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြင်းထန်ဒဏ်ရာရရှိထားသည့် ဆင်ကြီးပြင်မူဆလင်ကျေးရွာမှ မူဆလင် ၈ဦးနှင့် မင်းပြားမြို့ခံ အမျိုးသမီး ၂ဦးတို့မှာ မင်းပြားမြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

မင်းပြားတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်၊ နေ့လယ်အချိန်က မင်းရွာတောင်ကုန်း၌ တပ်စွဲထားသည့် ၁၄၄ ကုန်းမှ လက်နက်ကြီး ကျည်ပစ်ခတ်၍ ဖေသာပြင်ရွာဟောင်း၏ လယ်တဲတွင်ရှိနေသာ  မင်းပြားမြို့နယ်၊ အထက်ငှက်ပျိုးချောင်းအုပ်၊ ဖောသာပြင် ( ချင်း)ရွာမှ အသက်(၅၂) အရွယ်၊ ဦးမောင်သိန်းဖြူမှာ ကျောကုန်း၌ပြင်းထန်ဒဏ်ရာ ရှိသွားခဲ့သည်။

အလားတူ နိုဝင်ဘာလ ၁၃ ရက်၊ ညဥ့်အချိန်ကလည်း မင်းပြားမြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် မြေးအဖွားနှစ်ဦး ပြင်းထန်ဒဏ်ရာရှိသွားခဲ့သည်။

Most read this week

October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...