ရိဒ်ခေါ်ဒါရ်မြို့ အမှတ်(၁)၊ အမှတ်(၂)ဆက်သွယ်ထားတဲ့လမ်းကြောင်းအားလုံးကို ပိတ်ထားကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ သတင်းထုတ်ပြန်

ရိဒ်ခေါ်ဒါရ်မြို့ အမှတ်(၁)၊ အမှတ်(၂)ဆက်သွယ်ထားတဲ့လမ်းကြောင်းအားလုံးကို ပိတ်ထားကြောင်း ချင်းဒေသကာကွယ်ရေးအဖွဲ့ သတင်းထုတ်ပြန်

ချင်းပြည်နယ် ဖလမ်းမြို့နယ် ၊ ရိဒ်ခေါဒါရ်မြို့ အမှတ်(၁)၊ အမှတ်(၂)ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း အားလုံးကို အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားတယ်လို့ ဒီကနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ CDF Hualngoram ကထုတ်ပြန်ပါတယ်။

ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ကို ကလေး-ဖလမ်း-ရိဒ်ခေါဒါရ် အမှတ်(၁)လမ်းနဲ့ ကလေး-တီးတိန်ရိဒ် အမှတ်(၂) လမ်းဖြင့်သွားလာလို့ရတာဖြစ်ပြီး အမှတ်(၁)နဲ့အမှတ်(၂)ကိုဆက်သွယ်ထားတဲ့လမ်းကို ပိတ်ထားပြီး အခြေအနေ တည်ငြိမ်မှပြန်လည်ဖွင့်လှစ်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

“ရိဒ်ခေါ်ဒါရ်မြို့ အမှတ်(၁)၊ အမှတ်(၂)နှင့်ဆက်သွယ်ထားသည့် လမ်းကြောင်းအားလုံး အချိန်အတိုင်းအတာ တစ်ခုအထိ ဖြတ်သန်းသွားလာခွင့်ပိတ်ထားကြောင်း၊ အခြေအနေတည်ငြိမ်မှပြန်လည်ဖွင့်လှစ်ပေးမည်”လို့ ထုတ်ပြန်ပါတယ်။

ရိခေါ်ဒါရ်မြို့ဟာ မြန်မာ-အိန္ဒိယနယ်စပ်မှာတည်ရှိတဲ့မြို့နယ်ခွဲတစ်ခုဖြစ်ပြီး ယမန်နေ့ နိုဝင်ဘာလ(၁၃)ရက်နေ့ တုန်းက ရိဒ်ခေါ်ဒါရ် အမှတ်(၁)ရပ်ကွက် တောင်ကုန်းပေါ်က စစ်တပ်စခန်းနဲ့ အမှတ်(၂)ရပ်ကွက် တီယိုချောင်း တောင်ကုန်းပေါ်က စခန်းကို CNF ၊ CDF Hualngoram၊ CDF-ထန်တလန်တို့က သိမ်းယူခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာ ရိဒ်ခေါ်ဒါရ်မြို့ကို ယမန်နေ့တိုက်ပွဲဖြစ်နေစဉ်အတွင်းမှာ စစ်ကောင်စီတပ်ဖက်က လေကြောင်းပစ်ကူတာ ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံထောင်နဲ့ချီ အိန္ဒိယနိုင်ငံဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့သိရပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အိန္ဒိယဖက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေတဲ့ အသက်(၅၁)နှစ် အရွယ်ဖြစ်သူ Pu Chungthianmawiaသေဆုံးခဲ့တယ်လို့သိရပါတယ်။

October 11, 2024
ယခု ၂၀၂၄ ခုနှစ်အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု...
October 10, 2024
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ...
October 7, 2024
ချင်းပြည်နယ်က မြို့နယ်အများစုမှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့...
October 2, 2024
ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က...