လက်နက်မချလျှင်တိုက်မည်ဟု အကြောင်းကြားပြီးနောက် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းတစ်ခုလုံး AA ထံ လက်နက်ချ

လက်နက်မချလျှင်တိုက်မည်ဟု အကြောင်းကြားပြီးနောက် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းတစ်ခုလုံး AA ထံ လက်နက်ချ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊  အပေါက်ဝရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲစခန်းတစ်ခုလုံးသည် ယနေ့နံနက် ၁၁ နာရီခွဲကျော်ခန့်က ရက္ခိုင့်တပ်တော်(AA)ထံသို့ လက်နက်အပြည့်အစုံဖြင့် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ အပေါက်ဝရဲခစန်းကို ရက္ခိုင့်တပ်တော်(AA )က လက်နက်ချလျှင်ချ မချလျှင် တိုက်မည်ဟု ပြောကြားခဲ့ရာ အပေါက်ဝရဲစခန်းတစ်ခုလုံးမှ ရဲတပ်ဖွဲ့ ၂၆ ဦးသည်  လက်နက်ခဲယမ်းများအပ်ကာ အေအေထံသို့ အလင်းဝင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

"စခန်းက တစ်ခါတည်းတန်းထွက်လာပြီးတော့ အေအေဆီမှာ လက်နက် အပ်တယ်။ စခန်းက မိသားစုဝင်တွေရော အကုန်လုံးပါသွားတယ်" ဟု မျက်မြင် ဒေသခံတစ်ဦးက ပြောသည်။

နောက်ထပ် အပေါက်ဝဒေသခံတစ်ဦးကလည်း " အေအေကအကုန်လုံးကို တင်ခေါ်သွားပြီ။ အပစ်အခတ်တွေ ဘာတွေလည်း မရှိခဲ့ဘူး။ အေးဆေး ပဲခေါ်ယူသွားပြီ" ဟုပြောသည်။

၎င်းအပေါက်၀စခန်းသည် ကျောက်တော်မြို့နယ်တောင်ပိုင်း ၁၀ မိုင်ခန့်အကွာ ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် တည်ရှိသည်။

October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...