Published
Monday, November 13, 2023
ရှမ်းမြောက် ၈ မြို့ကို စစ်ကောင်စီ Martial law ထုတ်ပြန်
ရှမ်းမြောက်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့အောက်တိုဘာလ ၂၇ ရက်နေ့ကနေ မြို့တွေ တစ်မြို့ပြီး တစ်မြို့ လက်လွှတ်လာနေရတဲ့ စစ်တပ်ဟာ ဒီကနေ့ညမှာတော့ မြို့ ၈ မြို့ကို စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။
စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာတဲ့ မြို့တွေဟာ ကွတ်ခိုင်၊ ကွမ်းလုံ၊နမ့်ခမ်း၊မူဆယ်၊ လားရှိုး၊ သိန်းနီ၊ လောက်ကိုင်နဲ့ ကုန်းကြမ်းတို့ဖြစ်ပြီး စစ်တပ်က နိုဝင်ဘာ ၁၂ ရက်နေ့ ဒီကနေ့ညမှာ ကြေညာလိုက်တာပါ။
လက်ရှိ စစ်တပ်က စစ်အုပ်ချုပ်ရေးကြေညာလိုက်တဲ့မြို့တစ်ချို့ဟာ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်ထားတဲ့မြို့တွေလည်း ပါဝင်ပါတယ်။