Published
Saturday, November 11, 2023
လီဆူတိုင်းရင်းသားတွေကို ပြည်သူ့စစ်အဖြစ် ပါဝင်လာဖို့ ဦးရွှေမင်း ပြည်သူ့စစ်အဖွဲ့က ခေါ်ယူနေ
- ကချင်ပြည်နယ်အတွင်းနေထိုင်တဲ့ လီဆူတိုင်းရင်းသားတွေအားလုံး တစ်အိမ်တစ်ယောက်နှုန်းနဲ့ ပြည်သူ့စစ်အဖြစ် ပါဝင်လာဖို့ခေါ်ယူနေတာဟာ စစ်တပ်ကို အားဖြည့်ကူညီဖို့ဖြစ်တယ်လို့ ပြည်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
- ရှမ်းပြည်မြောက်ပိုင်း မုံးကိုးဒေသကို ညီနောင်မဟာမိတ်အဖွဲ့က သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ပေမဲ့ စစ်ကောင်စီတပ်က လေယာဉ်နဲ့လာရောက်ဗုံးကြဲနေသေးတာကြောင့် ဒေသခံပြည်သူတွေ အိမ်ပြန်လို့မရဘဲ တရုတ်နယ်စပ် ခြံစည်းရိုးနားမှာ ဆက်လက်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
- ပူတာအိုမှာ ကျောက်ဂျပိုးစျေးကောင်းရနေတာကြောင့် ဖမ်းတဲ့သူများနေပေမဲ့ ကျောက်ဂျပိုးက မနှစ်ကလို အများအပြား မထွက်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။