မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖမ်းဆီးချုပ်နှောင်ခံရရာမှ အစအနမရတော့ဘဲ ပျောက်ဆုံးသူများလာဟု KHRG ပြော

မြန်မာပြည်အရှေ့တောင်ပိုင်းတွင် ဖမ်းဆီးချုပ်နှောင်ခံရရာမှ အစအနမရတော့ဘဲ ပျောက်ဆုံးသူများလာဟု KHRG ပြော

မြန်မာပြည်အရှေ့တောင်ပိုင်းဒေသဘက်တွင်၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ် ကောင်စီတပ်စစ်ကြောင်းထိုးချိန် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ခံရပြီး သတင်းအစနမရတော့ဘဲ  ပျောက်ဆုံးသွားသူများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က နိုဝင်ဘာလ ၈ရက်နေ့တွင် အစီရင်ခံစာထုတ်ကာ ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်အတွင်းရှိ အတင်းအဓမ္မပျောက်ဆုံးခံရသူများနှင့် မိသားစုဝင်များ၏ သက်သေခံချက်နှင့် လူမှုအသိုင်းအဝိုင်း ရပ်ရွာအတွင်း ကြုံတွေ့နေရသည့် ပျောက်ဆုံးခြင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများ ကို မီးမောင်းထိုးပြသည့် “ ဌာနေအိမ်မှ ပျောက်ဆုံးသူ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်မြန်မာပြည်အ ရှေ့တောင်ပိုင်းရှိ ကျေးလက်နေလူထုအပေါ် ကျူးလွန်သည့် အတင်းအဓမ္မပျောက်ဆုံးစေမှုနှင့် ၎င်း၏ ဆိုးကျိုးသက်ရောက်မှုများ ”ခေါင်းစဉ်နှင့် KHRG၏ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပြောဆိုထားသည်။

KHRG ၏ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးက “ ဒေသခံလူထု အမ္မပျောက်ဆုံးတာဟာ ကျနော် တို့ ၂ ပိုင်းတွေ့ရတယ်။ ပထမတစ်ခုက နိုင်ငံရေးအရ ဒေသခံလူထုတွေက သူတို့ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်တွေကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းဆီးပြီးသတင်းအစအန မရတော့ဘဲပျောက်သွားတယ်။ အဲဒီရွာသားတွေက သေလားရှင်လား၊ မိသားစုဝင်တွေမသိရတော့ဘူး။ နောက်တစ်ချက်က စစ်တပ် တွေက ရှေ့တန်းစစ်ကြောင်းထိုးတဲ့အခါ လူထုတွေကို လူသားဒိုင်းပေါ်တာအဖြစ် ဖမ်းတာ။ ဖမ်းပြီး ဘယ်ကိုခေါ်သွားပြီး သတ်ဖြတ်တာတွေလည်းရှိတယ်။ တချို့ကတော့ ပြန်လွတ်လာတာရှိတယ်။ ဒီလို ကျူးလွန်တာက အများဆုံးလုပ်တာက စစ်ကောင်စီတပ်ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အတင်းအဓမ္မ ဖမ်းဆီးသတ်ဖြတ်ခံရသူအများစုသည် လူငယ်များဖြစ်ကြပြီး စစ်ကောင်စီက အများဆုံး ကျူးလွန်ခြင်းဖြစ်သလို နှစ်ဖက်ရောနှောအုပ်ချုပ်သည့် နယ်မြေထဲတွင်လည်း လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအပါအဝင် အခြားသော လက်နက်ကိုင်အဖွဲ့များက ကျူးလွန်သည့် ဖြစ်ရပ်များပါဝင်ကြောင်း စောနန္ဒဆူးက ဖြည့်စွက်ပြောသည်။

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေများအတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ခံရသူ၊ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၅၉ ရှိပြီး မြေပြင်တွင် လက်ရှိအရေအတွက်ထက် များသလို နယ်မြေလုံခြုံရေးအရ အချက်အလက် စစ်တမ်းကောက်ယူစုဆောင်းသည့်အပိုင်းလည်း အခက် အခဲရှိ ကြောင်း KHRG က ပြောသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့၏ စာရင်းပြုစုထားချက်အရ ကေအဲန်ယူ ထိန်းချုပ်သည့်နယ်မြေထဲတွင် အ တင်းဓမ္မဖမ်းဆီး သတ်ဖြတ်အစအနပျောက်ခံရသူ ဒူးပလာယာခရိုင်တွင် (၅၂)ဦး၊ ဘိတ်-ထားဝယ် ခရိုင် တွင်(၄၆)ဦး၊ ညောင်လေးပင်ခရိုင် (၃၃)ဦး၊ ဒူးသထူခရိုင်(၁၀)ဦး၊ မူတြော်ခရိုင်(၁၀)ဦးနှင့် တောင်ငူ ခရိုင်တွင် (၈) ဦးရှိကြောင်း KHRG ၏ ပြုစုထားသည့် စာရင်းအရ သိရသည်။

စစ်ကောင်စီလုပ်ဆောင်သည့် အတင်းအဓမ္မပျောက်ဆုံးစေမှုများသည် လူသားမျိုးနွယ်စုအပေါ် ကျူး လွန် သည့် ရာဇဝတ်မှုမြောက်ခြင်းဖြစ်ပြီး ထိုကျူးလွန်မှုများသည် ယခင်ကတည်းက ရှိသလို ယခုအချိန်ထိ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေလျက်ရှိသောကြောင့် ပြည်တွင်း၊ ဒေသအတွင်း နှင့် နိုင်ငံတကာမှ သက်ဆိုင်သူများအနေဖြင့် အရေးယူကိုင်တွယ်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို တာဝန်ခံနိုင်မည့်နည်းလမ်းများ နားလည်သဘောပေါက်ရန် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု KHRGက ပြောသည်။

စောန္ဒဆူးက “ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့  ကရင်ဒေသမှာ အဓမ္မပျောက် ဆုံးတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အစီရင်ခံစာထုတ်ပြန်ရတဲ့အကြောင်းရင်းက ဒေသအတွင်းမှာရှိတဲ့ တာဝန်ရှိ သူတွေဖြစ်စေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ဖြစ်စေ၊ ကရင်ဒေသအတွင်းမှာဒါတွေ ဖြစ်ပျက် တာရှိ တာကို သိရှိစေဖို့ဖြစ်တယ်။ ပြီးတော့ ပျောက်ဆုံးခံတဲ့သူတွေ အတွက်ဝိုင်းဝန်း ကူညီလုပ်ဆောင်နိုင် ဖို့အတွက်ဖြစ်တယ်” ဟု ပြောသည်။

ထို့ကြောင့် ရာဇဝတ်မှုကျူးလွန်သည့်စစ်ကောင်စီတပ်ကို မည်သည့်အခွင့်အရေးအာဏာမှ မျှဝေခြင်းမပြု လုပ်ရန်၊ စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်ဖွဲ့များမှ ကျူးလွန်မှုများကို နိုင်ငံတကာမှအရေးယူဆောင် ရွက်နိုင်ရန်၊ ကျူးလွန်ခံရသည့် မိသားစုဝင်များကိုလည်း ဒေသအတွင်းရှိ အရပ်ဖက်အဖွဲ့များ၊ ရပ်ရွာ အခြေပြုအဖွဲ့များမှ ကူညီဆောင်ရွက်ပေးရန်နှင့် ဖမ်းဆီးခံရသူများပြန်လွှတ်ပေးနိုင်ရေးအတွက် ကျူး လွန်သူများနှင့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ပေးရန်၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအား ထိခိုက်မှုများကာကွယ်ရန်နှင့် နည်းပညာဆိုင်ရာကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးရန်ကိုလည်း KHRG အစီရင်ခံစာထဲတွင် နိုင်ငံတကာအသိုင်းအဝိုင်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ဒေသ အတွင်းတာဝန်ရှိသူများအား အကြံပြုထားသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG သည် (၁၉၉၂)ခုနှစ်တွင် စတင်တည်ထောင်ကာ မြန်မာပြည်အရှေ့ တောင်ပိုင်းဒေသရှိ လူ့အခွင့်အရေးချိုးဖောက်ခံရသည့်အခြေအနေများကို ကွင်းဆင်းဖော်ထုတ်ပေးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရသူများအတွက် တရားမျှတမှုရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများကို တိုက်တွန်းလှုံ့ဆော်ပေးခြင်းလည်းရှိသည်။

Most read this week

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...