မြဝတီကို ဝင်တိုက်မည့်သတင်းကြောင့် စစ်ကောင်စီနှင့်ပတ်သက်သူများ နေရာရွှေ့ပြောင်းမှုနှင့် စား သောက်စရာ ဝယ်ယူစုဆောင်းမှုများလုပ်နေ

မြဝတီကို ဝင်တိုက်မည့်သတင်းကြောင့် စစ်ကောင်စီနှင့်ပတ်သက်သူများ နေရာရွှေ့ပြောင်းမှုနှင့် စား သောက်စရာ ဝယ်ယူစုဆောင်းမှုများလုပ်နေ

မြဝတီမြို့ကို တော်လှန်ရေးပူပေါင်းတပ် ကော်ပရာစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်မည်ဟု ဆိုသည့်  သတင်းများ နိုဝင်ဘာလ ၈ ရက် ညနေပိုင်းက မြို့ပေါ်နေ‌ဒေသခံများအတွင်း ပျံ့နှံ့ခဲ့ပြီးနောက် စစ်တပ်နှင့်ပတ်သက်သူများ နေရာရွှေ့ပြောင်း နေထိုင်ခြင်းနှင့် စားသောက် စရာဝယ်ယူ စုဆောင်းခြင်းများ လုပ်နေကြသည်ဟု မြို့ခံများက ပြောသည်။

“မနေ့က ညနေပိုင်းမှာ လမ်းထဲက စစ်တပ်အုပ်စုတွေ အိမ်ပြောင်းတာ၊ မိသားစုတွေ ဖားအံဘက် ဆင်း သွားတာတွေ လုပ်နေကြတာမြင်တော့ မေးကြည့်တာမှာ ဒီရက်ထဲ PDF ကော်ပရာအဖွဲ့တွေ မြို့ထဲ ဝင်တိုက်မယ့်သတင်းရထားလို့ ဆိုပြီးပြောလာတယ်။ ကိုယ်တွေကတော့ ပြေးရှောင်စရာမရှိ၊ ဆန် ဝယ်ဆီ ဝယ်ဖို့လည်း ငွေမရှိဘူး။ ဒီအတိုင်းပဲ ဆက်နေရမှာပဲလေ။ သူများတွေတော့ အခြေအနေကြည့်နေတုန်းပဲ ဒရုန်းဗုံးကြဲမှာ ကြောက်နေကြတယ် ”ဟု မြဝတီ ကျွန်းတောရပ်ကွက်သား တစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း အာရှလမ်းသစ်နှင့်ကော့ကရိတ်၊ ကိုးတိုင်၊ ကျုံဒိုးလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတာ်-KNLA ပူးပေါင်းတပ်များ ပစ်ခတ်မှုရှိနေပြီး နိုဝင်ဘာလ ၇ ရက်ညနေပိုင်းက KNLA ပူးပေါင်းဒရုန်းတပ်ဖွဲ့ မှ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ခြေလျင်တပ်ရင်း -ခလရ ၉၇ စစ်ကြောင်းတပ်စွဲထားသည့် ဇိနသုခ ဘုရားဝင်းအတွင်းက စစ်တပ်အရာရှိတစ်ဦးအပါအဝင် စစ်သား ၂ ဦး ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က “ကော့ကရိတ်က တောက် လျှောက်တိုက်နေတယ်။ စစ်တပ်က အပြင်ထွက်မလာဘူး၊ အရပ်ထဲပဲ အလုံးကြီးပစ်ထုတ်နေလို့ အရပ်သားတွေထိတာကြောင့် ကရင်အဖွဲ့တွေ PDF တွေချိန်ချိန်ဆဆ လုပ်နေရတယ်။ သိပ်မကြာ တော့ပါဘူး၊ သူတို့ဝန်ထမ်းတွေလည်း မြို့ထဲမရှိတော့ဘူး။ အချုပ်သားတွေလည်း တောင်ကလေး ထောင်ကို ရွှေ့ပို့လိုက်ပြီဆိုတော့ အဲ့ဒီနေရာတွေ အ‌ခြေအနေမကောင်းတော့ဘူး။ စစ်တပ်က မထိန်းနိုင် တော့ဘူး”ဟု ပြောသည်။

လက်ရှိ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး၊ မြဝတီဒေသအတွင်း စစ်တပ်စစ်စခန်းများ၊ လှုပ်ရှား စစ်ကြောင်းများအား KNLA ပူးပေါင်းတပ် စစ်ကြောင်းများ စစ်ဆင်တိုက်ခိုက်သည့် အခြေအနေကြောင့် ထိခိုက်သေဆုံးမှုများရှိနေပြီး စစ်ကူအင်အား၊ လက်နက်ခဲယမ်းအင်အားဖြည့်တင်းမှုရရှိရန် လုပ်ဆောင် နိုင်ရန် ကရင်နယ်ခြားစောင့်တပ်-BGF များ၏ အကူအညီရယူလုပ်ဆောင်နေရကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။

လတ်တလော မြဝတီမြို့တွင်း တိုက်ပွဲ ဖြစ်ပွားတော့မည်ဟု သတင်းများ ဖြစ်ပေါ်နေသော်လည်း မြို့ခံ အချို့ကမူ၊ နွေဦးတော်လှန်ရေး ၂ နှစ်ကျော် ၃ နှစ် နီးပါးအချိန်အထိ မြဝတီမြို့ဝန်းကျင်တွင် ပြည့်ကြပ် လာနေသော တရားမဝင်လောင်းကစား ကာစီနိုရုံများအပေါ် တိုက်ခိုက်ခံရမှု ရှိမနေသေးသည့်အတွက် ယခုဖြစ်ပေါ်နေသည့် သတင်းမှာ မဖြစ်‌နိုင်ကြောင်း မြို့ခံ နိုင်ငံရေးစောင့်ကြည့်နေသူများက ပြောသည်။

Most read this week

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...