ဆဒုံးစုပေါင်းဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို KIA ဖမ်းဆီးသွား

ဆဒုံးစုပေါင်းဂိတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို KIA ဖမ်းဆီးသွား
ဆဒုံးလမ်းတစ်နေရာ(Crd- LGNA)
ဆဒုံးလမ်းတစ်နေရာ(Crd- LGNA)

ကချင်ပြည်နယ် ဆဒုံးမြို့ စစ်တပ်ရဲ့စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၃ တပ်ဖွဲ့ဝင်တွေ ဒီကနေ့မနက်ပိုင်း လာရောက်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဆဒုံးဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ ဒီမနက် ၇ နာရီဝန်းကျင်လောက်မှာ KIA ဘက်က လာရောက်ပစ်ခတ်တိုက်ခိုက်သွားပြီး ဂိတ်စောင့်နေတဲ့ ရဲနဲ့စစ်သား ၃ ဦးကို ဖမ်းဆီးသွားတယ်လို့လည်း ဆဒုံးဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“ဒီမနက် ၆ နာရီကျော် ၇ နာရီလောက်မှာလာပစ်ပြီးဖမ်းသွားတာ။ အပြန်အလှန်ပစ်တာမျိုးတော့ မဟုတ်ဘူး တပ်ရင်း ၃ နယ်မြေဘက်ဂိတ်မှာပစ်ပြီး လာဖမ်းသွားတာလို့ သိရတယ်။

ပစ်ခတ်ခံရတဲ့စုပေါင်းဂိတ်က ဆဒုံးမြို့ ရပ်ကွက် ၃ မှာရှိပြီး ရဲနဲ့စစ်သားတွေပေါင်းပြီး ဂိတ်ကြေးကောက်စားနေတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်လို့သိရပါတယ်။

"အဲဒီဂိတ်က အရင်ကတည်းက ဂိတ်ဟုတ်တယ် ခါတိုင်းစစ်သား ၁၅ ယောက်လောက်ရှိတယ်။ဘီးခွန် ကုန်ကားအခွန်တွေကောက်တာ" လို့ ဆဒုံးဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် ဂိတ်နားမှာစျေးရောင်းနေတဲ့ စျေးသည် ၃ ဦးကိုလည်း KIA ဘက်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သတင်းထွက်ပေါ်နေတဲ့အတွက် KIA တပ်ရင်း ၃ တာဝန်ရှိသူတွေကို KNG သတင်းဌာက ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

ဆဒုံး- ကန်ပိုက်တီလမ်းမှာ ပြီးခဲ့တဲ့ဇွန်လမှာလည်း စစ်ကောင်စီတပ် ရဲ့ ခမရ ၃၈၄တပ် နဲ့ရွှေမင်းပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ KIA တပ်ရင်း ၃နယ်မြေဘက်ကို စစ်ကြောင်းထိုးဝင်လာရောက်လာတဲ့အပြင် စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတဲ့အတွက် KIA တပ်စွဲနေထိုင်တဲ့ လဂတ်ကောင် တပ်စခန်းကို နောက်ဆုတ်ပေးလိုက်ရတဲ့ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။

ပုံ- ဆဒုံးလမ်းတစ်နေရာ(Crd- LGNA)

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...