မြန်မာ့သတင်းမီဒီယာများအပေါ် ကျူးလွန်သည့် စစ်ကောင်စီ၏လုပ်ရပ်များကို ဖိအားပေးအရေး ယူဆောင်ရွက်ပေးရန် BNI တောင်းဆို

မြန်မာ့သတင်းမီဒီယာများအပေါ် ကျူးလွန်သည့် စစ်ကောင်စီ၏လုပ်ရပ်များကို ဖိအားပေးအရေး ယူဆောင်ရွက်ပေးရန် BNI တောင်းဆို

မြန်မာနိုင်ငံရှိ မြန်မာသတင်းသမားများအပေါ် ကျူးလွန်နေသည့် စစ်ကောင်စီတပ်၏ လုပ်ရပ်များကို ဖိအားပေး အရေးယူမှုများပြုလုပ်ကြရန် ယမန်နေ့က ကျရောက်သည့် သတင်းသမားများအပေါ် ကျူးလွန်သောရာဇဝတ်မှု များအတွက် အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်မှု အဆုံးသတ်ရေး နိုင်ငံတကာနေ့တွင် နိုင်ငံတကာ မြန်မာ့ သတင်း-BNI က မြန်မာအပြင် နိုင်ငံတကာသတင်းမီဒီယာနှင့် နိုင်ငံတကာအသိုင်းအဝိုင်းများအား ထုတ် ပြန်တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် သတင်းအချက်အလက်များကို ရှာဖွေဖော်ထုတ်ပေးနေသည့် မြန်မာသတင်းသမားများကို စစ်ကောင်စီတပ်က ဖမ်းဆီးချုပ်နှောင်ခြင်း၊ လုံခြုံမှုမရှိခြင်း၊ ဥပဒေမဲ့ နှောင့်ယှက်ခြင်းနှင့် ခြိမ်းခြောက်မှုများကို ပြုလုပ်နေသလို သတင်းသမားများအပေါ် ရာဇာဝတ်မှု ကျူးလွန်နေသော်လည်း ပြစ်ဒဏ်ကင်း လွတ်ခွင့် ရနေခြင်းအပေါ် အရေးယူခံရမှုများ ရရှိရန်အတွက်ကြောင့် ယခုလို တောင်းဆိုခြင်းပြုလုပ်ရခြင်းဖြစ်သည်ဟု BNI မူဝါဒရေးရာ ကော်မတီ ဥက္ကဋ္ဌ နန်းဖော့ဂေက ပြောသည်။

၎င်းက“မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်က သတင်းသမားတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အပြစ်ပေး အရေးယူတာ တွေလည်းမရှိဘူး။ ဥပဒေအပေါ်မှာ လုံးဝလျစ်လျူရှုပြီးတော့ ကျူးလွန်ချင်သလို ကျူးလွန်နေတဲ့ အခြေအနေအတွက် ကြောင့်မို့လို့ BNI အနေနဲ့ကလည်း တိုင်းရင်းသား မီဒီယာတွေအတွက်အပြင် တစ်နိုင်ငံလုံး မှာရှိတဲ့ လွတ်လပ်တဲ့သတင်း မီဒီယာတွေ အများပြည်သူကို သတင်းဝန်ဆောင်မှုပေးနေတဲ့ သတင်းမီဒီယာတွေ အားလုံးအတွက်ကို ကိုယ်စားပြုပြီးတော့ သတင်းသမားတွေအပေါ် ရာဇဝတ်မှုကျူးလွန်ပေမဲ့ ပြစ်ဒဏ်ကင်း လွတ်နေတာဟာ ဒါမျိုးတွေကို ပြစ်ဒဏ်အရေး ယူမှုခံရဖို့အတွက်ကို တောင်းဆိုချင်တဲ့ အတွက်ကြောင့်မို့လို့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်ရခြင်းဖြစ်တယ်”ဟု ပြောသည်။

ထို့အပြင် လက်ရှိအချိန်ကာလသည် နေရာဒေသအသီးသီးတွင် စစ်ကောင်စီတပ်နှင့် နယ်မြေခံတော်လှန် ရေးတပ်ဖွဲ့များ အကြား နှစ်ဖက်တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က နယ်မြေအတွင်း ဖြစ်ပေါ်နေ သည့်ဖြစ် စဉ်များကို အခြားနေရာများသို့ သတင်းအချက်အလက်များ မပေါက်ကြားနိုင်အောင် ထိန်းချုပ်နေခြင်းဖြစ်သလို တရားဥပေဒေစိုးမိုးရေးကလည်း နိုင်ငံအတွင်း မည်သည့်နေရာမှ မရှိတော့သည့် အတွက်ကြောင့် သတင်းသမားများအနေဖြင့် သတိကြီးစွာဖြင့် လုပ်ကိုင် ကြရန်လည်း နန်းဖော့ဂေ က ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ကောင်စီတပ်၏သတ်ဖြတ်မှုကြောင့် သတင်းသမား ၄ ဦးခန့် သေဆုံးပြီး သတင်းလုပ်ငန်းဆောင်ရွက်နေသည့် သတင်းထောက်များကိုလည်း အကြောင်းအမျိုးမျိုး ဖမ်းဝရမ်း ထုတ်၍ ဖမ်းဆီးချုပ်နှောင်မှုများလည်း ပြုလုပ်နေလျက်ရှိသည်။

သတင်းသမားကာကွယ်ရေးကော်မတီ-CPJ ၏ မှတ်တမ်းအရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းသမားများ ဖမ်းဆီးထောင်ချရာတွင် ဒုတိယအဆိုးဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်းလည်း CPJ ၏စာရင်းပြုစုချက်ကို  ကိုးကားပြီး BNI ၏ ထုတ်ပြန်ချက်တွင် ကောက်နုတ်ဖော်ပြထားသည်။

နိုင်ငံတကာမြန်မာ့သတင်း-BNI သည် တိုင်းရင်းသားအခြေစိုက်နှင့် နယ်မြေအခြေစိုက် သတင်းဌာန ၁၅ ခုဖြင့် စုပေါင်းဖွဲ့ စည်းထားခြင်းဖြစ်သည်။

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...