အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့တွင် မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံရ

အိန္ဒိယ-မြန်မာနယ်စပ် မိုရေးမြို့တွင် မြန်မာနိုင်ငံသား ၃၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံရ

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူပြည်နယ် မိုရေးမြို့ Phaicham Veng ရပ်ကွပ်တွင် နေထိုင်သည့် ဒေသခံပြည်သူအချို့အပါဝင် မြန်မာနိုင်ငံသား အယောက် ၃၀ ကျော်ခန့် ယနေ့ မနက်ပိုင်းတွင် လုံခြုံရေးအကြောင်းပြုကာ ဒေသတွင်းအာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကွန်မန်ဒိုရော၊ ရဲ‌ရော၊ Army ‌ရော စုပေါင်းပြီးတော့ မှ စစ်ဆေးပြီးတော့ မှ ရဲစခန်းကို ခေါ်သွားတယ်။ အခုထိတော့ စစ်ဆေးမေးမြန်းတုန်းဖြစ်တယ်ပေါ့နော်။ ကျန်တဲ့ရပ်ကွက်တွေလည်း ရပ်ကွက်အလိုက် စစ်ဆေးရေး ဝင်နေတယ်” ဟု မိုးရေးမြို့တွင်နေထိုင်သူဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့ ညနေက မြန်မာနယ်စပ်မြို့ ဖြစ်သော မို‌ရေးမြို့အတွင်း ရဟပ်ယာဥ်ကွင်းဆောက်လုပ်မှု ကွင်းဆင်းစစ်ဆေးနေသူ မဏိပူရ်ရဲအရာရှိတစ်ဦး စနိုက်ပါသေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံရမှုဖြစ်ပြီးတဲ့နောက်မှာ လုံခြံရေးတင်းကျပ်ကာ နယ်စပ်လုံခြုံရေးတပ်ဖွဲ့အပါဝင် မဏိပူရ် ရဲကွန်မန်ဒိုတပ်ဖွဲ့နှင့် အသံရိုင်ဖယ်တပ်ဖွဲ့တို့ ပူးပေါင်းကာ မိုရေးမြို့တွင်း စစ်ဆေးမှု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးမှုပြုလုပ်ရာတွင် မဏိပူရ်ဒေသခံ ကူကီးလူမျိုး ၁၁ ယောက်အပါဝင် အထောက်ထားမဲ့ မြန်မာစစ်ဘေးရှောင် ၃၂ ယောက် အားလုံးစုစုပေါင်း အယောက် ၄၄ ဦး ကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူတို့အရင် ရပ်ကွက်အလိုက် ယာယီကဒ်လုပ်ဖို့ရန်အတွက် Biometric ရိုက်ဖို့လုပ်တာတွေရှိတယ် အဲ့တာတွေထဲပါ မပါ အဲ့တာတွေလည်းစစ်တယ်၊ အထောက်ထားတွေဘာတွေစစ်တယ်။ ပြီးတော့ ကျွန်တော်တို့ကြားတာက အဲ့ဒီလိုလုပ် ထားပြီးတော့ Biometric တွေ ရိုက်ပြီးတော့မှ ပြန်လွတ်မယ်ကြားတယ် ဒါပေမဲ့ သေခြာပေါက် အခုဘာဖြစ်မလဲဆိုတာ အဖြေမထွက်သေးဘူး။ အဲ့တော့ ယောကျားလေး ၉ ယောက်ကို တစ်ခြားနေရာခေါ်သွားတယ်လို့ကြားတယ်။ ဘယ်နေရာ ခေါ်သွားမှန်းလည်းမသိဘူး။ ကျန်တဲ့ လူတွေက ရဲစခန်းမှာ ရှိနေတုန်းပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မဏိပူရ်ပြည်နယ်အစိုးရသည် ယခင်ကလည်း မြန်မာနိုင်ငံက စစ်ဘေးရှောင်များကို ဖမ်းဆီးကာ နေရပ်ပြန်ပို့မှုများလုပ် ဆောင်ခဲ့သည်။

Photo - Explore Manipur

Most read this week

October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...
October 22, 2024
စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရ၏...
October 21, 2024
ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းထားသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း...
October 16, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ...