“၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ တော်လှန်ရေးအင်အားစုများ ဟန်ချက်ညီညီ ပါဝင်ကြရန် CNF ထုတ်ပြန်

“၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ တော်လှန်ရေးအင်အားစုများ ဟန်ချက်ညီညီ ပါဝင်ကြရန် CNF ထုတ်ပြန်

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ထိုးစစ်ဆင်နေသည့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ စစ်ရေး၊ နိုင်ငံရေးတွင် မိမိတို့ တော်လှန်ရေးအင်အားစုများအနေဖြင့် ဟန်ချက်ညီညီ တိုက်ပွဲဆင်နွှဲကြရန် ချင်းအမျိုး သားတပ်ဦးက သတင်းထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်ဦးအနေဖြင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ (MNTJP/MNDAA)၊ PSLF/TNLA၊ ULA/AA) တို့၏ စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို တိုက်ခိုက်ချေးမှုန်းရန် ရည်ရွယ်ချက်ဖြင့် မဟာဗျူဟာမြောက် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်မှုအပေါ် ထောက်ခံကြိုဆိုသည်ဟု အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

“၁၀၂၇ စစ်ဆင်ရေး” တွင် စစ်ကောင်စီတပ်စခန်းနှင့် လက်နက်ခဲယမ်းများစွာ သိမ်းဆည်း ရရှိမှုများအပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် တိုက်ပွဲတိုင်း အောင်လံလွှင့်ထူနိုင်စေကြောင်း CNF/CNA က ဆန္ဒပြုသည်ဟု ဆိုသည်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခြင်းသည် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ပြည်သူများ လိုလာတောင်းတ သော နိုင်ငံရေးစနစ်ဖြင့် တိုင်းပြည်တည်ဆောင်ရန် မြန်မာ့သမိုင်းတွင် မကြုံဖူးသော နိုင်ငံရေးအခွင့်အခါကောင်းကို ရရှိခြင်းဖြစ်ပြီး၊ ဤအခွင့်ကောင်းကို အမိအရ ဆုပ်ကိုင်း၍ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် ဟန်ချက်ညီညီ တိုက်ပွဲ ဆင်နွှဲကြရန် လိုအပ်သည်ဟု CNF/CNA က ထုတ်ပြန်သည်။

မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” သည် ယနေ့တွင် ငါးရက်မြောက်နေ့အဖြစ် ရောက်ရှိလာပြီး စစ်ကောင်စီတပ်၏ ယာယီစခန်းများအပါအဝင် တပ်စခန်းပေါင်း ၈၀ ခန့်ကို သိမ်းပိုက်ထားသည်ဟု မြောက်ပိုင်း မဟာမိတ်အဖွဲ့များက ထုတ်ပြန်သည်။

“၁၀၂၇ စစ်ဆင်ရေး” သည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေး၊ မိမိကိုယ် မိမိ ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ ဒေသကို မိမိတို့ ယခုထက် ပိုမိုထိန်းချုပ်နိုင်ရေး၊ စစ် ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အချိန်မရွေး ပစ်ခတ်တိုက်ခိုက်မှုကို ဟန့်တားနိုင်ရေး၊ တရုတ်-မြန်မာနယ်စပ်က အွန်လိုင်းလောင်းကစား လိမ်လည်မှု ပပျောက်ရေးတို့အတွက် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များ ကို နှိမ်နင်းနိုင်ရေးဖြစ်သည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တညီ တညွတ်တည်း လက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး” နှင့် ဟန်ချက်ညီ စစ်ဆင်ရေးများ ဖော်ဆောင်မည်ဖြစ်ကြောင်း၊ ပူးပေါင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“၁၀၂၇ စစ်ဆင်ရေး” တွင် မန္တလေး ပြည်သူကာကွယ်ရေးတပ်ဖွဲ့နှင့် ဗမာလွတ်မြောက်ရေးတပ်မတော် (BPLA) တပ်ဖွဲ့တို့ကလည်း ပူးပေါင်းတိုက်ပွဲဝင်နေကြသည်။

Most read this week

October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...
October 22, 2024
စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရ၏...
October 21, 2024
ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းထားသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း...
October 16, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ...