စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားနှင့်ပတ်သက်သည့် လုပ်ဆောင်မှုများကို ရပ်စဲရန် KNDO သတိပေး

စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားနှင့်ပတ်သက်သည့် လုပ်ဆောင်မှုများကို ရပ်စဲရန် KNDO သတိပေး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၃) အုပ်ချုပ်နယ်မြေ၊ ကျောက်ကြီး နှင့် နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်၏အုပ်ချုပ်မှုယန္တရားများနှင့် ပတ်သက်သည်များကို လုပ်ဆောင်နေသည့် မည်သူမဆို ရပ်စဲရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) အမှတ် (၃) တပ်ရင်းက သတိပေး ထုတ်ပြန် လိုက်သည်။

အဆိုပါ မြို့နယ်များတွင် စစ်ကောင်စီတပ်၏ အုပ်ချုပ်မှုယန္တရား လည်ပတ်နိုင်‌ရန် ပူးပေါင်းလုပ်ဆောင်သူများ ရှိ နေသေးသဖြင့် ၎င်းတို့ကို ရပ်စဲရန် ရည်ရွယ်၍ ထုတ်ပြန်ခြင်းဖြစ်သည်ဟု ညောင်လေးပင်ခရိုင် အရေးပေါ် ကူညီ ကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦး က ပြောသည်။

၎င်းက “အဲ့ဒီမြို့ထဲမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှုယန္တရားလည်ပတ်ဖို့ ပူးပေါင်းလုပ်ဆောင်တဲ့သူ‌တွေ ရှိသေးတယ်။ အဲ့ဒါတွေ ရပ်စဲဖို့ စာထုတ်ပြန်တာ ဖြစ်တယ်။ ဒါက သူတို့ရွေးချယ်မှုနဲ့ပဲ ဆိုင်တယ်။ လိုက်နာ မှုမရှိရင် အရေးယူမှု အပိုင်းက ကေအဲန်ယူရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေအတိုင်းပဲ သွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အဆိုပါ မြို့နယ်များမှ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရဲ၊ မီးသတ်၊ အုပ်ချုပ်ရေးမှူး၊ စာရင်းစစ်‌ စသည့် စစ်ကောင်စီ သက်ဆိုးရှည်စေမည့် အုပ်ချုပ်မှုယန္တရားတွင် ပါဝင်ပတ်သက်သူများ အပါအဝင် အခြားဒေသမှ လုပ်ဆောင်နေသူများ အနေဖြင့် လုပ်ဆောင်ချက်များအား ရပ်တန့်ရန် KNDO ၏ အောက်တို ဘာလ (၃၀) ရက်နေ့တွင် ထုတ်ပြန်ချက်ထဲတွင် သတိပေးထားသည်။

KNDO ၏ ထုတ်ပြန်ချက်ထဲတွင် စစ်ကောင်စီ သက်ဆိုးရှည်စေမည့် အုပ်ချုပ်မှုယန္တရားတွင် ပါဝင်ပတ်သက် သူများအနေဖြင့် လုပ်ငန်းများမှ ရပ်နားပြီး မိမိတို့ သက်ဆိုင်ရာနေရာသို့ ပြန်ကြရန်ကိုလည်း ထည့်သွင်း ထုတ်ပြန် ထားသလို လိုက်နာမှုမရှိပါက တာဝန်ယူမည် မဟုတ်‌ကြောင်းလည်း KNDO က ထည့်သွင်းပြောဆိုထားသည်။

KNDO ၏ အဆိုပါ သတိပေးထုတ်ပြန်ချက်သည် လေးနက်မှုပိုရှိသလို ထုတ်ပြန်ချက်အရ စစ်ကောင်စီ လက် အောက်ခံ ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားမှ နုတ်ထွက်ပြီး ဒေသခံ မဟုတ်ပါက နေရပ်သို့ပြန်စေလိုကြောင်း ညောင်လေးပင်ခရိုင်အတွင်းရှိ ‌ဒေသခံများကလည်း ၎င်းတို့၏ သဘောထားကို ပြောသည်။

စစ်ကောင်စီက နယ်မြေအုပ်ချုပ်နိုင်မှု ယန္တရားသည် ကျောက်ကြီးမြို့အတွင်း၌သာ လည်ပတ်မှုရှိ‌နေပြီး ကျောက် ကြီးမြို့နယ် တစ်ခုလုံး အတိုင်းအတာအနေဖြင့်မှု ပျက်စီးနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...