စစ်ဆင်ရေးနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို တပြိုင်နက် ဖော်ဆောင်ရန် NUG ပြော

စစ်ဆင်ရေးနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို တပြိုင်နက် ဖော်ဆောင်ရန် NUG ပြော

မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ ဖက်ဒရယ် ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးကို တစ်ပြိုက်နက်တည်းပါဝင် အကောင်အထည်ဖော်ရမည့် အချိန်ဖြစ်သည့်အပြင် ယခုအခွင့်အရေးကို လက်လွှတ်မခံရန်လိုသည်ဟု အမျိုးသားညီညွတ်ရေး အစိုးရ NUG က ပြောသည်။

အောက်တိုဘာလ ၂၉ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့တွင် ကျရောက်သည့် ပြည်သူ့ နွေဦးတော်လှန်ရေး ရက် ၁၀၀၀ ပြည့် အထိမ်းအမှတ်အနေနှင့် ပြောကြားမှုထဲမှာ NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းက “အခုကျနော်တို့ တော်လှန်ရေးဟာ ရက် ၁၀၀၀ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ အမှောင်ထုလွှမ်းတဲ့ ကာလကို ကျော်လွန်ပြီး အခုအခါ အလင်းရောင်ခြည် သန်းလာပြီဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုတွေ အားလုံး တစ် သွေးတည်း တစ်သားတည်းဖြစ်ဖို့ ဆန္ဒပြုထားတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ပြည်သူ တစ်ရပ်လုံး လိုလား ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရည်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး တစ်ပြိုက် နက်တည်း ပါဝင် အကောင်အထည်ဖော်ရမယ့် အချိန်အခါ ကောင်းဖြစ်နေပြီလို့လည်း ပြောလိုပါတယ်။ ဒါကို လက်မလွတ်ပဲနဲ့ ကျနော်တို့ အားလုံး ပါဝင်ကြရအောင်လို့လည်း နိုးဆော်လိုက်ပါတယ်။ ကျနော်တို့ အားလုံး အချင်း ချင်းမျှဝေကူ ညီရင်းပြည်သူ့အောင်ပွဲ အရယူကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် ရက္ခိုင့်တပ်တော် AA တို့က ၁၀၂၇ စစ်ဆင်ရေးကို စတင်ပြီဟု ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ပြောဆိုလိုက်သည်နှင့် တစ်ပြိုက်နက်တည်း ရှမ်းပြည်မြောက်ပိုင်းတွင်ရှိသည့် မြို့နယ် တော် တော်များများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ညီ နောင်မဟာမိတ် (၃)ဖွဲ့နှင့် တညီတညွတ်တည်း လက်တွဲပြီး “၁၀၂၇ စစ်ဆင်ရေး” နှင့် ဟန်ချက်ညီစစ်ဆင်ရေးများ ဖော်ဆောင်ကာ ပူးပေါင်းသွားမည်ဟု အောက်တိုဘာလ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ထို့အပြင် လက်ရှိအချိန်သည် နိုင်ငံတဝန်းတွင် ရှိနေသည့် တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီး၊ နွေ ဦးတော်လှန်ရေး အင်အားစု အသီးသီးနှင့် ပြည်သူတရပ်လုံးက ပါဝင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံး ရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ဆောင်ရွက်သွား ကြရမည် ဖြစ် သောကြောင့် ခုခံတွန်းလှန် စစ်တွင် အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြရန်ကို လည်း NUG က တိုက်တွန်းထားသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းက တော်လှန်ရေး အဖွဲ့အစည်း များက စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခုက်နေသည့် အခြေအနေနှင့် ပတ်သက်၍ ယခုကဲ့သို့ပြောသည်။

“အခုဆိုရင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ အားလုံးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်း ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော်သစ် ထူထောင်ရေးကိုလည်း မဟာဗျူဟာမြောက် ထိုး စစ်တွေကို စစ်မျက်နှာအစုံမှာ စတင်ထိုးစစ်ဆင်နေကြပြီ ဖြစ်သလို ပြည်သူ့ရင်သွေးတွေဖြစ်တဲ့ ပြည်သူ့ကာ ကွယ်ရေး တပ်မတော် PDF တွေဟလည်း ကျရာနေရာ ကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြပြီ ဖြစ်ပါ တယ်။”

စစ်ရေးတိုက်ခိုက်မှုများနှင့်အတူ နိုင်ငံရေးဖက်တွင်လည်း စစ်ကောင်စီကို အဆုံးသတ်နိုင်ရန် ကြိုးစားဆောင်ရွက် နေသည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ယခုကဲ့သို့  ဆက်ပြောသည်။

“နိုင်ငံရေးအရ ကြည့်မယ်ဆိုရင်လည်း NUCC NUG တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေး အဖွဲ့တွေ အားလုံးဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျတဲ့ ကိုယ်စားပြု အုပ်ချုပ်မှု ရရှိရေးအကြမ်းဖက် စစ် အာဏာရှင်စနစ် ကွင်းဆက်ကို အဆုံးသတ်နိုင်ရေးအတွက် စည်းလုံးညီညွတ်စွာ အတူတကွ ရှိနေကြတယ် ဆို တာကို မကြာခင်က ထုတ်ပြန်ခဲ့တဲ့ မေတ္တာရပ်ခံ ထုတ်ပြန်ချက်မှာ ကတိကဝတ်ပြုခဲ့ကြပြီ ဖြစ်ပါတယ်။”

၁၀၂၇ စစ်ဆင်ရေး စတင်လိုက်ပြီဟု ညီနောင် မဟာမိတ် ၃ ဖွဲ့ က ထုတ်ပြန် လိုက်သည်နှင့် တစ်ပြိုင်နက်တည်း စစ်ကောင်စီ တပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ဆင်ရေး စတုတ္ထနေ့အထိ စစ်ကောင်စီ၏ စခန်း အများအပြားကို သိမ်းယူထားနိုင်ပြီဟု MNDAA နှင့် TNLA က ထုတ်ပြန်ကြေညာထားသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်အာဏာရှင် အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်းကစားလိမ်လည်မှု ပပျောက်ရေး အပါအဝင် ရည်ရွယ်ချက် ၅ ကို အောက်တိုဘာလ ၂၇ ရက်နေ့၊ ၁၀၂၇ စစ်ဆင်ရေးကို စတင်လိုက်သည့်နေ့တွင် ဟု ထုတ်ပြန်ပြောဆိုထားသည်။

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...