နမ့်ခမ်းမြို့ တိုက်ပွဲကြား မိသားစုဝင် မောင်နှစ်မ ၂ ဦး သေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ

နမ့်ခမ်းမြို့ တိုက်ပွဲကြား မိသားစုဝင် မောင်နှစ်မ ၂ ဦး သေဆုံး၊ ၁ ဦးထိခိုက်ဒဏ်ရာရ

မြန်မာ-တရုတ်နယ်စပ်ဒေသ နမ့်ခမ်းမြို့တွင် တိုက်ပွဲကြားထဲ မိသားစုဝင် မောင်နှစ်မ ၂ ဦး သေဆုံးပြီး ကလေး ငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက်အစောပိုင်း အချိန်တွင် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ စစ်ကောင်စီ စခန်း (၁) ကုန်းကို ပစ်ခတ်လာသည့် လက်နက်ကြီး ၁ လုံးသည် အဆိုပါ စခန်းကုန်းကို ကျော်ထွက်လာပြီး ကုန်စုံ ဆိုင်ဖွင့်လှစ်ထားသည့် ပြည်သူနေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း  နမ့်ခမ်းမြို့ဒေသခံ အမျိုး သားတစ်ဦးက ပြောသည်။

“စစ်ကောင်စီ စခန်းကုန်းကို ပစ်လာတာ။ စခန်းကိုကျော်လာပြီး နေအိမ်လာထိတာ။ အိပ်ယာထဲ အိပ်ပျော်နေတဲ့ အချိန်မှာ ဖြစ်ပွားတာပေါ့။ ထွက်ပြေးလို့လည်း မရဘူး။ ကလေး ၂ ယောက်တော့ ပွဲချင်းပြီးဆုံးသွားတယ်။ တစ် ယောက်တော့ ထိခိုက်ဒဏ်ရာရတယ်“ ဟု နမ့်ခမ်းမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသွားသူမှာ အသက် ၁၂ နှစ်အရွယ်ရှိ မမျိုးမျိုးအေးနှင့် ၎င်း၏မောင်လေးဖြစ်သူ အသက် ၈ နှစ်အရွယ် မောင်မျိုးလင်းကျော် ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူသည် အသက် ၅ နှစ်အရွယ်ရှိ မောင်မျိုးမင်းခန့် ဖြစ်သည်။

ထိခိုက်ဒဏ်ရာရသူ မောင်မျိုးမင်းခန့်မှာ လက်မောင်းအရိုးကြေပြီး လက်ဖြတ်ထုတ်ရမည့် အခြေအနေဖြစ်ကာ လက်ရှိမှာ ရွှေလီမြို့ရှိ ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ပေးနေသည်။

ဒေသခံများ၏ ပြောပြချက်အရ ထိုလက်နက်ကြီးသည် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး TNLA မှ ပစ်ခတ်လိုက်သော လက်နက်ကြီးများဖြစ်ကြောင်း ပြောဆိုနေသော်လည်း  သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပေ။

စစ်ကောင်စီ၏ ဝါဒဖြန့်တယ်ရီချန်နယ်တွင် စစ်တပ်နှင့်တိုက်ပွဲဖြစ်နေသည့် လက်နက်ကိုင်တပ်ဖွဲ့မှ ပစ်ခတ် လာသော လက်နက်ကြီးကျည်သည် စစ်တပ်စခန်းသို့ မရောက်ဘဲ လူနေရွာအတွင်း ကျပေါက်ကွဲပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ပုံစာ ၁- လက်နက်ကြီးကြောင့် သေဆုံးသွားသည့်ကလေး

Most read this week

October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...
October 21, 2024
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA...