လားရှိုးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး၊ တစ်ဦး ဒဏ်ရာရ

လားရှိုးတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ထိမှန်သေဆုံး၊ တစ်ဦး ဒဏ်ရာရ
Photo – Jai Hla Aung Lashio
Photo – Jai Hla Aung Lashio

သျှမ်းပြည် လားရှိုးမြို့နယ် ဟိုနမ့်ကျေးရွာတွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုး သမီး တစ်ဦး ထိမှန်သေဆုံးပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၂၅ ရက်နေ့၊ ညအချိန် ၁၁ နာရီခွဲခန့်က ဟိုနမ့်ရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချသည် ဆိုကာ ကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၅၀ ကျော် အရွယ်ရှိ ပါ့စံ ဆိုသူမှာ ပွဲချင်းပြီးသေဆုံးသွားကြောင်း လားရှိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဟုတ်တယ်။ ညသန်းခေါင်ကို လက်နက်ကြီးနဲ့ ပစ်လာတာ။ လက်နက်ကြီး ပေါက်ကွဲလို့ လူတစ်ယောက်သေပြီး အိမ်တွေလဲ ထိတယ်။ စစ်တပ်ကနေ လက်နက်ကြီးနဲ့ ၃ ခါ ပစ်တာ။ ရွာထဲမှာ ကိုးကန့်တပ်တွေ ရှိတယ်ဆိုပြီး ပစ် တာ၊ ကိုးကန့်တပ်ဖွဲ့တွေက နေ့လယ်ခင်း ရွာထဲခဏလေး ဝင်လာပြီး ပြန်ထွက်သွားပြီ” ဟု လားရှိုးမြို့နယ် ဟိုနမ့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုနမ့်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၅၀ ကျော်အရွယ်ရှိ ဒေါ်စံ ဆိုသူ အမျိုးသမီးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ အခြားအမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ထို့အပြင် လက်နက်ကြီးကြောင့် ပြည်သူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ‌‌ဒေသခံများက ဆိုသည်။

လားရှိုးမြို့ မြောက်ဘက်ရှိ ကျေးရွာများတွင် ကိုးကန့် MNDAA တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်းမဟာမိတ် အင်အားအများအပြား ‌ရောက်ရှိနေပြီး ‌ဒေသခံများမှာ တိုက်ပွဲထပ်မံဖြစ်ပွားကာ စားဝတ်နေရေး အခက်အခဲ ဖြစ်မည်ကို စိုးရိမ်နေကြသည်။

အောက်တိုဘာနေ့ ၂၅ ရက်နေ့၊ နေ့လည်ပိုင်းကလည်း လားရှိုးမြို့အနီး ကုန်းသာ၊ ပန်စုံကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စခန်းချနေရာကို စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ၂ ကြိမ်လာ‌ရောက် ဗုံးကြဲတိုက်ခိုက်ပြီး လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီက လားရှိုးမြို့နယ်တွင် (အောက်တိုဘာလ ၂၅ ရက်) တစ်ရက်ထဲအတွင်း အများပြည်သူ နေထိုင်ရာ ကျေးရွာဆီသို့ လက်နက်ကြီးများဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...
October 21, 2024
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA...