ဖမ်းဆီးခံထားရတဲ့ ဖရဲဒေသခံအမျိုးသမီး ၂၅ ဦးပြန်လည်လွတ်မြောက်

ဖမ်းဆီးခံထားရတဲ့ ဖရဲဒေသခံအမျိုးသမီး ၂၅ ဦးပြန်လည်လွတ်မြောက်
ဖမ်းဆီးထိန်းသိမ်းခံရချိန် မြင်တွေ့ရတဲ့ ဖရဲဒေသခံအမျိူးသမီးများ
ဖမ်းဆီးထိန်းသိမ်းခံရချိန် မြင်တွေ့ရတဲ့ ဖရဲဒေသခံအမျိူးသမီးများ

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ နယ်မြေ ပန်ဝါဒေသ ဖရဲကျေးရွာမှာ မြေရှားသတ္တုတူးဖော်နေ တဲ့ လုပ်ငန်းကို သွားရောက်ကန့်ကွက်တဲ့ဒေသခံ အမျိုးသမီး ၂၅ ဦးကို KIA တပ်ရင်း ၃၃ က ဖမ်းဆီးချူပ်နှောင်ခဲ့ ပြီးနောက် ပြန်လွတ်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

KIA တပ်မဟာ ၇ တပ်ရင်း ၃၃ နယ်မြေ ပန်ဝါဒေသ ဖရဲကျေးရွာမှာ အောက်တိုဘာ ၂၃ ရက်နေ့ မနေ့က နေ့လည်  ၂ နာရီခန့်အချိန် ဖရဲအောက်ကျေးရွာဘက် မြေရှားသတ္တု (Rare Earth) တူးဖော်နေတဲ့ KIO/KIA တာဝန်ရှိတွေကို ဒေသခံအမျိုးသမီး မိခင်တွေ သွားရောက်ပြောဆို ကန့်ကွက်တဲ့ချိန် ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

အဲ့ဒီ အမျိုးသမီးတွေကို အောက်တိုဘာ ၂၄ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲ အချိန်လောက်မှာ ပြန်လွတ်ပေးတယ်လို့ ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနကို ပြောပါတယ်။

“မနေ့က ၂ နာရီလောက်မှာ သွားပြောတာ။ ၂ နာရီ ၅ မိနစ်လောက်မှာ ခေါ်သွားတယ်။ ရွာက မိခင်တွေက ရွာသား တွေ လုပ်ကိုင်စားသောက်နေတဲ့ နေရာမှာ မလုပ်ဖို့ ပြန်သွားပြောရာမှ တစ်ခါတည်းဖမ်းပြီး အချူပ်ထဲ ထည့်ထား လိုက်တာ ဟုတ်တယ်။ အခုဏကပဲ ပြန်လွတ်ပေးလိုက်ပြီ။ နေ့လည် ၁၂ နာရီခွဲလောက်မှာ ပြန်လွတ် ပေးလိုက် တာဖြစ်တယ်” လို့ ဖရဲဒေသခံတစ်ဦးက ပြောပါတယ်။

ဖရဲကျေးရွာထဲက ဒေသခံတွေရဲ့ လယ်ယာမြေ၊ ခြံမြေထဲထိ KIO အစိုးရအခွင့်နဲ့ တရုတ်ကုမ္ပဏီတွေက မြေရှား သတ္တု တူးဖော်လာတာကြောင့် ဒေသခံတွေဘက်က ဆက်တိုက် ကန့်ကွက်နေတာဖြစ်ပါတယ်။

ဒီလို ကန့်ကွက်ရာမှ သက်ဆိုင်ရာ KIO အစိုးရ နဲ့ ဒေသခံတွေက ရွာထဲ ဒေသခံတွေ လုပ်ကိုင်စားသောက်ရာ နေရာမှာ မြေရှားမတူးဖို့ နှစ်ဖက်ကြား ပြောဆိုညှိနှိုင်း ပြေလည်ထားခဲ့ပေမယ့် ဒီရက်ပိုင်း ရွာသားတွေ လုပ်ကိုင် စားသောက်တဲ့ နေရာမှာ မြေရှားလာတူးဖော်တာကြောင့် ရွာက အမျိုးသမီး (မိခင်) ၂၅ ယောက်က သွားကန့် ကွက်တဲ့အချိန် ဖမ်းဆီးချုပ်နှောင်ခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ပန်ဝါဒေသမှ KIO အရာရှိတစ်ဦးက “ကျနော်တို့ အစိုးရတွေအနေနဲ့လည်း သူတို့ ရွာသား တွေကို အားလုံး ရှင်းလင်းပြောထားပြီးသား ဟုတ်တယ်။ နားလည်အောင် ရှင်းပြသားပြီးသားကိစ္စ ဟုတ်တယ်။ အဲ့ဒီက ဝင်ငွေတွေ ဘယ်လိုနေရာမှာ သုံးမယ် ဘယ်လိုလုပ်မယ်ဆိုတာလည်း ပြောပြထားပြီးသား ဟုတ်တယ်။ ရွာသားတွေလည်း သိပ်နားမလည်ပုံပဲ။ အဲ့လိုတစ်ခါခါဆို အုံကြွလာတာကြောင့် မနေ့က ဖြစ်သွားတာကလည်း ဖမ်းဆီးချုပ်နှောင် လိုက်တာတော့ မဟုတ်ဘူး။ ဒီထက် သူတို့ မအုံကြွလာအောင် ယာယီ ထိန်းသိမ်းထားလိုက်တဲ့ သဘောပဲဟုတ်တယ်” လို့ ပြောပါတယ်။

KIO ထိန်းချုပ်နယ်မြေ ဖရဲဒေသမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး မြေရှားသတ္တု စတင်တူးဖော်လာတဲ့အချိန်မှာ ဒေသခံပြည်သူတွေကို နစ်နာကြေး ပေးမယ်ဆိုတာမျိုး ပြောဆိုထားတာလည်း ရှိတယ်လို့ ဒေသခံတွေဘက်က ဆိုပါတယ်။

အဲ့ဒီနောက် ကုမ္ပဏီတွေဘက်က ဖရဲကျေးရွာ အပြင်ဘက် တောင်တန်းပတ်ဝန်းကျင်တွေမှာ အရင်တူးဖော်လာ ပြီးနောက် ဒီနှစ်မိုးတွင်းကစပြီး ဒေသခံပြည်သူတွေနဲ့ အနီးကပ် ကျေးရွာထဲအထိ တူးဖော်လာတာလို့ ဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ဧပြီလကစပြီး မြေရှားသတ္တုတူးဖော်မှုကြောင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့ ကျေးရွာဒေသခံတွေက ကျေးရွာထဲထိ မြေရှားမတူးဖို့ သက်ဆိုင်ရာ KIA/KIO ကို ဆန္ဒထုတ်ဖော်ခြင်း၊ စာဖြင့် အကြိမ်ကြိမ် ကန့်ကွက်ခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

ဖရဲဒေသခံ အမျိုးသားတစ်ယောက်က “ကန့်ကွက်တာက ဟိုဒီမိုးတွင်းတလျှောက် ကန့်ကွက်နေတာဟုတ်တယ်။ အခုလည်း ကန့်ကွက်ဆဲဟုတ်တယ်။ ရွာသားတွေက စိုးရိမ်နေတယ်လေ။ အဲ့ဒါကြောင့် တူးဖော်မယ်ဆိုလည်း ဟိုး ရွာနဲ့ အလှမ်းဝေးတဲ့နေရာမှာ တူးရင်တော့ ဘာမှမပြောဘူးပေါ့။ ဟိုရှေ့တခေါက်က အရမ်းကန့်ကွက်လို့ နှစ်ဖက် ညှိနှိုင်းပြီး သေချာပြေလည်ထားပြီ။ ဒါပေမဲ့အခု ရွာထဲထိ ပြန်တူးလာတာပေါ့။ အဲ့ဒါကြောင့် အခုလိုဖြစ်သွားတာ ပေါ့” ဟု ပြောပါတယ်။

ဖရဲဒေသမှာ အထက်ဖရဲရွာနဲ့ အောက်ဖရဲရွာဆိုပြီး ၂ ခုရှိပါတယ်။ အဲ့ဒီထဲက အခုလိုမြေရှားတူးဖော်ဝင်လာတာ တော့ ဖရဲအောက်ရွာ အိမ်ခြေ ၅၀ ရှိတဲ့ ရွာပဲဖြစ်ပါတယ်။

အဲ့ဒီဒေသမှာ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး KIO ရဲ့ ခွင့်ပြုမိန့်နဲ့ တရုတ်ကုမ္ပဏီတွေရဲ့ မြေရှားသတ္တုတူးဖော်ရေး စီမံကိန်းတွေ စတင်ရောက်လာကာ ၂ နှစ်ကျော်ကာလအတွင်း မြေနေရာ၊ တောင်တန်း တော်တော်များများမှာ တူးဖော်နေကြတာ ဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

မြေရှားသတ္တုတူးဖော်ရာမှာ သုံးတဲ့ ဓာတုအက်စစ်ဆေးတစ်မျိုးဟာ ဘေးပတ်ဝန်းကျင် ထိခိုက်ပျက်စီး လွယ်ပြီး နေ့စဉ်လူနေမှုဘ၀ကို ထိခိုက်ပျက်စီးစေကြောင်း စစ်တမ်းတချို့၏ လေ့လာဖော်ပြချက်အရ သိရပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...