ရေးတွင် တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

ရေးတွင် တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာသစ်၊ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ရေးတံတားကြီးတွင် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံ များက ပြောသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရေးတံတားကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မွန်ပြည် တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့၊ ABSDF တပ်ရင်း (၁) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ၂ နာရီခွဲကျော် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

နှစ်ဖက်တိုက်ပွဲအတွင်း ကျုံလောင်ရွာသစ်မှ အမျိုးသား တစ်ဦး သေဆုံးပြီး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာခံများက ပြောသည်။

ထို့အပြင် တိုက်ပွဲကြောင့် ကျုံလောင်းရွာသစ်မှ ပြည်သူများ ၅၀၀ ထက်မနည်းလည်း ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ကျုံလောင်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုက ရွာကလူတွေ ထွက်ပြေးကုန်ပြီ။ ကျမရဲ့ကလေးတွေလည်း မြို့ပေါ်ပေးပြောင်းလိုက်ကုန်ပြီ။ ကျမတို့ အိမ် ဆို ကျမပဲကျန်ခဲ့တာ ကိုယ်က အလုပ်ရှိနေတော့လေ။ တစ်ချို့ကတော့ မြို့ပေါ်ပြောင်းကြတယ်။ တချို့က ခြံထဲဝင် ကြတယ်။ တချို့က ဝယ်ဇင်ဘက် သွားကြတယ်ပေါ့” ဟု ၎င်းရွာခံက ပြောသည်။

လက်ရှိတွင် ကျုံလောင်းရွာသစ်ဘက် အခြေအနေငြိမ်သက်နေသော်လည်း တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်နေ ကြဆဲဖြစ်သည်။

အခြားဒေသခံတစ်ဦးကလည်း “အဲဒီတိုက်ပွဲဖြစ်ပြီးကတည်းက ကိုယ်မှမဟုတ်ဘူး အကုန်လုံး ကြောက်လန့်နေ ကြတာ။ ထပ်ဖြစ်လာမှာစိုးလို့ ထွက်ပြေးကုန်ကြတာ။ ကိုယ်လည်း ထွက်ပြေးချင်ပေမယ့် ကိုယ့်အလုပ်က ဒီမှာဆို တော့ ဆက်နေနေရတယ်။ တစ်ခုခုဖြစ်ရင် ခြံထဲပြေးပေါ့။ မလုပ်လို့လည်းမရဘူးဆိုတော့လေ မတတ်နိုင်ဘူးပေါ့” ဟု ပြောသည်။

ရေးတံတားကြီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ရေးမြို့နယ်၊ စံပြကျေးရွာတွင်လည်း စစ်ကောင်စီ တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

အလားတူ ဇွန်လအတွင်းကလည်း ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအတွင်း စစ်ကောင်စီဘက်မှ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့မှုကြောင့် ထောင်နှင့်ချီသည့် နှစ်ကရင်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည်။

October 24, 2024
တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း...
October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 23, 2024
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို...
October 22, 2024
မွန်ပြည်နယ်အတွင်း ပွဲရုံ၊ ဂိုဒေါင်တို့တွင် သိုလှောင်ထားသည့် ထိုင်းကုန်ပစ္စည်းများနှင့်...