- KIA တပ်မဟာ ၉ ဌာနချုပ်နဲ့ အနန့်ပါနေရာကို စစ်ကောင်စီတပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုဟာ ဖားကန့်လမ်းတစ်လျှောက် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များတာကြောင့် တန်ပြန်တိုက်ခိုက်ခြင်းဖြစ်တယ်လို့ KIO ဘက်က ပြောပါတယ်။
- စစ်ကောင်စီတပ်က ဦးရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ကို ဝိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးယူပေးဖို့ တာဝန်ပေးညွှန်ကြားထားတာကြောင့် ပြည်သူ့စစ်တပ်ဖွဲ့က ဒေသခံပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ပူတာအိုမြို့နယ် ရေခဲတောင်ဒေသက ရှားပါးမျိုးစိတ်သားကောင်တွေကို လက်နက်ကိုင် ပြည်သူ့စစ်တချို့နဲ့ ဒေသခံတချို့က ဆေးမြစ်ရှာရင်း အမဲလိုက်တာတွေ ပိုမိုဆိုးရွားစွာ လုပ်ဆောင်လာနေတယ်လို့ ရေခဲတောင်ဒေသ လှုပ်ရှားသွားလာနေသူတွေက ပြောပါတယ်။