NCA ၈ နှစ်ပြည့် အခမ်းအနားအပေါ် (MSDC) ဒါရိုက်တာနှင့် ဆက်သွယ်မေးမြန်းချက်

NCA ၈ နှစ်ပြည့် အခမ်းအနားအပေါ် (MSDC) ဒါရိုက်တာနှင့် ဆက်သွယ်မေးမြန်းချက်

“NCA စာချုပ်ပေါ်လာလို့ ကျနော်တို့ မြန်မာနိုင်ငံ လက်နက်ကိုင်ပဋိပက္ခ ပိုများလာတဲ့ အနေအထားဖြစ်တယ်။ အစကတည်းက မသေချာတဲ့ NCA မျိုးဖြစ်တဲ့အခါကျတော့ ဒီ NCA အပေါ်မှာ အခြေခံတဲ့နည်းလမ်းနဲ့ ကျနော်တို့ နိုင်ငံပြဿနာကို ဖြေရှင်းတဲ့အခါကျတော့ ဘယ်လိုမှ အဖြေထွက်နိုင်စရာ အကြောင်းမရှိဘူး။” နိုင်ဗညားမွန် (မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ၊ ဒါရိုက်တာ)

၂၀၂၃၊ အောက်တိုဘာလ ၁၅ရက်နေ့က စစ်ကောင်စီ ဦးဆောင်ပြီး ပြုလုပ်ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ၈နှစ်ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်ကျင်းပခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပွဲလုပ်ရသည့် ရည်ရွယ်ချက်၊ ၎င်းတို့ဖော်ပြလိုသည့် နိုင်ငံရေးအကျိုးအမြတ်နှင့် တိုင်းရင်းသား ခေါင်းဆောင်တချို့၊ နိုင်ငံတကာ သံတမန်တချို့ ပါဝင်တက်ရောက်ခြင်းအပေါ် တိုင်းရင်းသားအရေး လေ့လာ သုံး သပ်သူလည်းဖြစ်၊ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ ဒါရိုက်တာ နိုင်ဗညားမွန်နှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး - NCA ၈နှစ်ပြည့် အခမ်းအနားကို လုပ်သွားတဲ့ စစ်ကောင်စီရဲ့ ရည်ရွယ်ချက်ကို ဘယ်လိုမြင်လဲ။

ဖြေ - စကစရဲ့ ရည်ရွယ်ချက်အတိုင်း NCA ၈ နှစ်ပြည့်ကိုတော့ ခမ်းခမ်းနားနား ထယ်ထယ်ဝါဝါ လုပ်သွားပါ တယ်။ စစ်ကောင် စီရဲ့ ရည်ရွယ်ချက်က ကျနော်မြင်တာ နှစ်ချက်ရှိတယ်။ တစ်အချက်အနေနဲ့ သူ NCA ကို အသက်သွင်းမယ်။ အဲ့ကနေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်အသက်သွင်းမယ်။

နောက်တစ်ချက်က ဒီပွဲကနေ စကစက သူတရားဝင်အစိုးရပုံစံကို ပုံဖော်ချင်တာဖြစ်တယ်။ NCA ကနေ သူ့ကို ထောက်ခံတဲ့သူ ရှိတယ်။ သူသာ တရားဝင် အစိုးရဖြစ်တယ်။ နိုင်ငံတကာကနေ သူ့ကို ငြိမ်းချမ်းရေး ဖော်ဆောင် နေတဲ့ ပုံစံပေါ်အောင် သူ့ကို အသိအမှတ်ပြုဖို့ ယူဆချက်တွေနဲ့ ဒီအခမ်းအနားကို ကြီးကြီးမားမားလုပ်တယ်လို့ မြင်တယ်။

မေး - စစ်ကောင်စီက ထွက်ပေါက်ပိတ်နေလို့ ဒီလိုပွဲကို အားတက်သရော လုပ်နေတယ်လို့လည်း မြင်ကြတယ်။ ဒါကိုကော ဘယ်လိုသုံးသပ်ချင်လဲ။

ဖြေ - လက်ရှိ ကျနော်တို့ အားလုံး သိနေရ၊ ကြားနေရတဲ့ အနေအထားမှာ စကစအနေနဲ့ လုံးဝ အကြပ်အတည်း ဆိုက်နေတဲ့ အနေအထားလို့ ပြောလို့ရတယ်။ ဒါပေမဲ့ အခုလုပ်သွားတဲ့ပွဲက သူ ထွက်ပေါက်ပိတ်နေလို့ ထွက်ပေါ် ရှာလုပ်တဲ့ပွဲလို့ ကျနော် မသုံးနှုန်းချင်ဘူး။ ဘာဖြစ်လဲဆိုတော့ သူ့အကြပ်အတည်းကို ကျော်လွှားတဲ့ နည်းတစ် နည်းအနေဖြင့် လုပ်သွားတဲ့ပွဲလို့ ကျနော်မြင်တယ်။

ဘာဖြစ်လဲဆိုတော့ သူက ထွက်ပေါက်ရဖို့ လုပ်တယ်ဆိုရင် နိုင်ငံရေးကိုဖြေရှင်းတဲ့ အာသီသရှိမှသာလျှင် နိုင်ငံ ရေးထွက် ပေါက်ရှာတယ်လို့ ပြောလို့ရတာပေါ့။ အခုက သူ့ရဲ့ အကြပ်အတည်းကို ကျော်လွှားတဲ့ နည်းနာ တစ်ခု ပါပဲ။

မေး - ဒီပွဲမှာ တက်ရောက်ခဲ့တဲ့ NCA ထိုးထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေလည်း တွေ့ရတယ်။ သူတို့က ကော ဘယ်လိုရည်ရွယ်ချက်နဲ့ ပါဝင်တယ်လို့ သုံးသပ်မိလဲ။

ဖြေ - အခုပါဝင်တက်ရောက်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေမှာ အချို့ကျ အဖွဲ့အစည်းကိုယ်စားပြုပြီး တက် တယ်။ အချို့ ကျတော့ တစ်သီးပုဂ္ဂလ ကိုယ်စားပြုပြီး သွားတက်ကြတာရှိတဲ့အခါကျတော့ ရည်ရွယ်ချက်တော့ တစ်ထပ်တည်း မကျ ဘူး။ သူ့အခြေအနေနဲ့သူ တက်ရောက်ကြတဲ့ အနေအထားမှာပဲရှိတယ်။ တချို့အဖွဲ့အစည်း တွေက စိတ်ပါလက်ပါနဲ့ တက်ရောက်နေတဲ့ အဖွဲ့အစည်းတွေလည်း ရှိကောင်းရှိနိုင်တယ်။ တချို့အဖွဲ့အစည်း ကျတော့ သူတို့ပြည်သူလူထုကို ကိုယ်စားပြုလားဆိုတာကတော့ မေးစရာတော့ရှိလာတယ်။

ဘာဖြစ်လဲဆိုတော့ အင်အား သေးသေးလေးတွေလောက်ပဲရှိတဲ့ အနေအထားကို တွေ့ရတယ်။ တချို့အဖွဲ့အစည်း ကျတော့ အခြေအနေအရ ဝင်ပါရတဲ့ အနေအထားမျိုးဖြစ်တယ်။ တစ်အချက်အနေနဲ့ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပ ဒေကို လက်မခံဘူး။ NCA ကနေ ဖြစ်ပေါ်တဲ့ အကျိုးသက်ရောက်မှုကိုလည်း နားလည်တယ်။ အဲ့လိုအနေအထား မှာ အခြေအ နေအရ မလွဲမသာ ပါဝင်တက်ရောက်ရတဲ့ အနေအထားမျိုးလည်း တွေ့ရတယ်။

နောက် ပုဂ္ဂလိကအနေနဲ့ သွားတက်တဲ့သူတွေကျတော့ သူတို့ရဲ့အကြောင်းပြချက်ကိုတော့ မသိပေမဲ့ သူတို့အနေနဲ့ NCA လက်မှတ်ရေးထိုးတဲ့နေရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့အတွက် သွားတက်တယ်လို့ အဲ့လိုပုံစံမျိုး ပြောကြတယ်။ အဲ့တော့ NCA က တိုင်းပြည်ပြဿနာကို ဖြေရှင်းပေးနိုင်လား ဆိုတဲ့အပေါ်မှာ ဆက်ယုံကြည်နေသေးလား ဆိုတာ ကို ပြောဖို့တော့ ခက်တယ်။

မေး - ပြီးတော့ ဒီပွဲမှာ တရုတ်၊ ထိုင်း၊ အိန္ဒိယလို အိမ်နီးချင်းတိုင်းပြည်တွေက ကိုယ်စားလှယ်တွေလည်း ပါတာ မြင်ရတယ်။ သူတို့ ပါဝင်တက်ရောက်မှုက မင်းအောင်လှိုင်တို့အတွက် ဘယ်လိုအကျိုးဖြစ်စေလဲ။

ဖြေ - ဒီလိုပွဲမျိုးကိုက စကစ အနေနဲ့ လုပ်တာက သူတို့အတွက် အကျိုးအမြတ်ကတော့ အနည်းနဲ့အများတော့ ရှိ မယ်လို့ ယုံကြည်ထားပုံရတယ်။ အခု တရုတ်တို့၊ ထိုင်းတို့၊ အိန္ဒိယတို့နဲ့ အခြားသံတမန်တွေလည်း တက်ရောက် ပါတယ်။ အထူးသဖြင့် တက်ရောက်တဲ့ သံတမန်တွေက သူတို့နဲ့ နီးစပ်ပြီးတော့ သူတို့ကို နောက်ကွယ်မှာ မသိ မသာ ထောက်ခံ နေတဲ့နိုင်ငံတွေဖြစ်တော့ အခုလိုပွဲမျိုးမှာ ဒီ ၃နိုင်ငံတက်တာက စကစကို ထောက်ခံတာ လူသိ ရှင်ကြား ပြလိုက်တယ်လို့ ပြောချင်ရင် ပြောလို့ရပါတယ်။

သို့သော် တစ်ဖက်ကကြည့်ရင် အခု တရုတ်တို့၊ ထိုင်းတို့၊ အိန္ဒိယတို့က အခုဖြစ်ပျက်နေတဲ့ ပြဿနာအပေါ်မှာ သက်ရောက်မှုက သူတို့အပေါ်မှာ ပိုရှိလာတယ်ဆိုတဲ့အပေါ်မှာ အထူးသဖြင့် မြန်မာနိုင်ငံရေးကို ပြေလည်စေချင် တဲ့ အနေအထားမျိုးက သူတို့မှာ ရှိပါတယ်။ ဘယ်လိုပုံစံပဲတက်တက် ဒီ မင်းအောင်လှိုင် အပေါ်မှာတော့ စစ် ကောင်စီအပေါ် မှာ အကျိုးရှိပါတယ်။ သူတို့ရဲ့ နိုင်ငံတကာမျက်နှာစာမှာ စကစအနေနဲ့ အကျိုးရရှိတယ်လို့ ယူဆ ပါတယ်။

မေး - NCA ထိုးထားတဲ့အဖွဲ့တွေက NCA ပျက်ပြယ်သွားပြီလို့ ဆိုထားပေမဲ့ ဒီပွဲမှာ တချို့ခေါင်းဆောင်တွေ ခေါင်းဆောင်ဟောင်းတွေ ပါဝင်တက်ရောက်တာရှိတော့ စကစအတွက် ဘယ်လိုနိုင်ငံရေး အကျိုးအမြတ် ဖြစ် သွားစေလဲ။

ဖြေ - စကစ အတွက် နိုင်ငံရေး အကျိုးအမြတ်လို့ ပြောမယ်ဆိုရင်တော့ အခုပွဲမှာ ပါဝင်တက်ရောက်ခြင်း အား ဖြင့် နိုင်ငံရေး အကျိုးအမြတ်ရရှိပါတယ်။ အထူးသဖြင့် ဒီလိုပွဲမျိုးကို တက်ခြင်းအားဖြင့် စကစကို အစိုးရ ပုံစံ အားဖြင့် အသိအမှတ်ပြုရာကျတယ်။ ဒါက ဘယ်သူပဲတက်တက် အဲ့လိုပုံစံဖြစ်သွားတယ်။ ဒါက စကစ မျှော်မှန်း တဲ့ နိုင်ငံရေး အကျိုးအမြတ် ဖြစ်တယ်။

နောက်တစ်ချက်က သူတို့ရဲ့မိန့်ခွန်းထဲမှာပြန်ကြည့်ရင် စကစ သွားသည့်လမ်းကြောင်းသည် ဒီ NCA လမ်း ကြောင်း သွားမှသာလျှင် သွားတဲ့ပုံစံမျိုး သူ့မိန့်ခွန်းထဲမှာ ပြောသွားတာပါတယ်။ NCA လမ်းကြောင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အောက်မှာ တင်တဲ့လမ်းကြောင်းဖြစ်တယ်။ အဲ့လိုအနေအထားမျိုး၊ ဒီလိုပွဲမျိုးမှာ စကစ မျှော်မှန်းတဲ့ NCA ကို အသက်သွင်းပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ရှင်အောင်လုပ်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို ဝိုင်းပံ့ပိုးပေး သလို ဖြစ်တယ်။ အဲ့တော့ တစ်အချက်က စကစကို အသိ အမှတ်ပြုတယ်။ ၂အချက်က စကစရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြန်အသက်သွင်းတာကို ဝိုင်းဝန်း ပံ့ပိုးတာဖြစ်တယ်။ ဒါကတော့ သူတို့အတွက် နိုင်ငံရေး အကျိုးအမြတ်ကို ဖြစ်စေတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်တပ်အနေနဲ့က တစ်ချိန်လုံး ငြိမ်းချမ်းရေးကို အကြောင်းပြပြီးတော့ သူလိုချင်တဲ့ပုံစံ အခြား အဖွဲ့တွေကို အင်အားသုံး ဖြိုခွင်းတဲ့ နည်းနာတွေကလည်း နိုင်ငံရေးအရ ဖြေရှင်းရပေမဲ့ နိုင်ငံရေးအာသီသ မရှိတဲ့ အခါကျတော့ ဒီလိုပွဲမျိုးပါဝင်ခြင်းအားဖြင့် တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့အကျိုးထက် စကစရဲ့အကျိုးက ပိုများတယ်လို့ အဲ့လိုပဲ သုံးသပ်တယ်။

မေး - NCA သဘောတူစာချုပ်က တကယ့်လက်တွေ့မှာကော လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းစေမယ့်နည်းလမ်း ဖြစ်နိုင်သေးသလား။

ဖြေ - မဖြစ်နိုင်ပါဘူး။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ NCA စာချုပ်ပေါ်လာလို့ ကျနော်တို့ မြန်မာနိုင်ငံ လက်နက်ကိုင် ပဋိပက္ခ ပိုများလာတဲ့ အနေအထားဖြစ်တယ်။ အစကတည်းက မသေချာတဲ့ NCA မျိုးဖြစ်တဲ့အခါကျတော့ ဒီ NCA အပေါ်မှာ အခြေခံတဲ့နည်းလမ်းနဲ့ ကျနော်တို့နိုင်ငံပြဿနာကို ဖြေရှင်းတဲ့အခါကျတော့ ဘယ်လိုမှ အဖြေ ထွက်နိုင်စရာ အကြောင်း မရှိဘူး။ ဘာကြောင့်ပြောလဲဆိုတော့ တစ်အချက်သည် NCA သည် ၂၀၀၈ ရဲ့ ပြင်ဆင် ရေးလမ်းကြောင်းကနေ သွားတဲ့ ပုံစံမျိုးဖြစ်တယ်။ ၂၀၀၈ ကို ပြင်ဆင်ဖို့အတွက်ဆိုရင် စစ်တပ်ရဲ့ သဘောထား မပါဘဲနဲ့ ဘယ်လိုမှ ပြင်ဆင်လို့မရတဲ့ ဖွဲ့စည်းပုံမျိုးဖြစ်တယ်။

နှစ်အချက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်မှတ် ထိုး တဲ့ အဖွဲ့ဖြစ်စေ မထိုးတဲ့အဖွဲ့ဖြစ်စေ နဂိုကတည်းက လက်မခံထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဘာကြောင့်လဲဆို တော့၂၀၀၈ ဖွဲ့စည်းပုံအောက်က တိုင်းရင်းသားတွေ မျှော်မှန်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို သူတို့က ကြေညာထားပြီးသား။ အခု အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာကျ တော့ NCA စာချုပ်အပေါ်မှာ အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ်အကုန်လုံးပါ ပျက်သွားတယ်။ နဂိုက Deadlock ဖြစ်တဲ့အပေါ်မှာ အာဏာမသိမ်း ခင် NCA သဘောတူညီမှုကို အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ် က ပိတ်ဆို့နေတဲ့အပေါ်မှာကျတော့ အာဏာသိမ်းပြီး တဲ့နောက်ပိုင်းမှာကျတော့ NCA ကို အကောင်အထည် ဖော် တဲ့ ပါတနာ(မိတ်ဖက်)တွေက ပျောက်သွားတယ်။

နောက်တစ်ခုက အခု ဒီဘက်အနေအထားမှာ နွေဦးတော်လှန်ရေးက ၂၀၀၈ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်ပြီးလို့ ကြေညာထားပြီး ဖြစ်တယ်။ အဲ့လိုအနေအထားမျိုးမှာ ၂၀၀၈ အောက်မှာ အခု စကစ သွားချင်တဲ့ ၂၀၀၈ ကို အထိုင်ချပြီးတော့ ဖြေရှင်းတဲ့နည်းလမ်းက အလုပ်မဖြစ်ဘူးလို့တော့ ကျနော်ယူဆတယ်။ ဒီလို အနေအထား မျိုး ကျတော့ ဒီ NCA အပေါ် မှာ၊ ၂၀၀၈ အပေါ်မှာ မဟုတ်ဘဲနဲ့ အခြားသောနည်းလမ်းပေါ့။ အားလုံးပါဝင်နိုင်တဲ့ တွေ့ ဆုံဖြေရှင်းမှု ပုံစံမျိုးပေါ့။ အဲ့လို နည်းလမ်းမျိုးက လမ်းကြောင်းအသစ်နဲ့ သွားရမယ်လို့ ကျနော် အဲ့လိုပဲ မြင် တယ်။ အဲ့လိုသွားမှသာ ကျနော်တို့ မြန်မာ ပြည်ရဲ့ နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းနိုင်မယ်လို့ ထင်တယ်။

မေး - နောက်ဆုံး ဖြည့်စွက်ပြောချင်တာမျိုးရှိရင် ပြောပေးပါအုံး။

ဖြေ - အခုသွားတဲ့ NCA အပေါ်မှာ အခြေခံပြီးတော့သွားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပဋိပက္ခကို မဖြေရှင်း ပေးနိုင်တာ သာမကဘူး ပဋိပက္ခကို ပိုပြီးသက်ရောက်စေတာ ဖြစ်တယ်။ နောက်တစ်ခုက စစ်ကောင်စီ အနေနဲ့ ဒီ ပဋိပက္ခကို ဖြေရှင်းဖို့အတွက် သူတို့မှာ တရားဝင်မှု အနေအထားက မရှိဘူးလို့ မြင်တယ်။ စစ်ကောင်စီအနေနဲ့ initiate power မရှိဘူး။ သူတို့က ဒီအပေါ်မှာ သူတို့ကို ဗဟိုထားပြီးတော့ ဆွေးနွေးတဲ့ပုံစံမျိုးက ပဋိပက္ခကို မဖြေရှင်းပေးနိုင်ဘူး။ ဒီပဋိပက္ခကို ဖြေရှင်းပေးနိုင်ဖို့အတွက်က ကြားထဲမှာ အသွင်ကူးပြောင်းရေးကာလ (Transitional authority) လိုအပ်ချက်ဆိုတဲ့ အဲ့ဒီအခြေခံလမ်းကြောင်းပေါ်မှာလို့ ကျနော်မြင်တယ်။

October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...
October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...