မော်လမြိုင်မှာ လုံခြုံရေးအကြောင်းပြ ဧည့်စာရင်းဝင်စစ်ပြီး ခြိမ်းခြောက်ငွေညှစ်နေ

မော်လမြိုင်မှာ လုံခြုံရေးအကြောင်းပြ ဧည့်စာရင်းဝင်စစ်ပြီး ခြိမ်းခြောက်ငွေညှစ်နေ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ အခုလ ပထမအပတ်ကစပြီး စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လုံခြုံရေးအကြောင်းပြ ဧည့်စာရင်းဝင်စစ်ပြီးနောက် ခြိမ်းခြောက်ငွေညှစ်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာ မော်လမြိုင်မြို့အတွင်းရှိ ရပ်ကွက်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဝင်ရောက်ခိုအောင်းနိုင်တယ်ဆိုတဲ့ လုံခြုံရေးအကြောင်းပြချက်နဲ့ ဧည့်စာရင်းစစ် ဆေးမှုတွေ ခပ်စိပ်စိပ် ပြု လုပ်လာတာပါ။

မြို့ခံတစ်ယောက်က “ဧည့်စာရင်းကတော့ သူတို့မလိုတဲ့အိမ်တွေကို ဝင်စစ်တယ်။ အိမ်ပေါက်စေ့စစ်တာ မဟုတ် ဘူး။ ဥပမာ- ရာအိမ် မှူးနဲ့ အဆင်မပြေတဲ့ အိမ်တို့၊ နည်းနည်းလေး သံသယရှိတဲ့အိမ်တို့၊ အိမ်တစ်အိမ်မှာ မိသားစု ဝင်ထဲမှာ လူငယ်များ တဲ့ အိမ်တို့ပေါ့။ နောက်ပြီးတော့ တခြားနယ်က ပြောင်းလာတဲ့အိမ်တွေဆိုရင် မကြာမကြာ အများအားဖြင့် ဝင်စစ်တာ များတယ်။ အိမ်ထောင်စုစာရင်းထဲမှာ နာမည်မပါလို့၊ ဧည့်စာရင်းမတိုင်လို့ ဆိုပြီးတော့ ဧည့်စာရင်း ပုဒ်မနဲ့ မစွဲဘဲနဲ့ (၁၈၈) နဲ့ စွဲပြီးတော့ (၁၈၈) ဆိုရင် တန်းပြီးတော့ အမိန့်ချလို့ရတယ်။ ချက်ချင်းအမိန့် ချတယ်” လို့ ပြောပါတယ်။

ဧည့်စာရင်းစစ်ဆေးချိန် နေအိမ်ရှိလူဦးရေတွေကို သန်းခေါင်စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးတာ၊ နေအိမ်တွေမှာ ဧည့် စာရင်းမတိုင်ဘဲ နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးပြီး ငွေကြေးအဆမတန် တောင်းခံတာတွေ လုပ် ဆောင်နေတယ်လို့ အဆိုပါ မြို့ခံက ဆက်ပြောပါတယ်။

“ပိုက်ဆံမပေးရင် ငါတို့လုပ်တယ်ကွာဆိုတဲ့ ခြိမ်း ခြောက်မှုမျိုးနဲ့ လုပ်လာတဲ့အခါကျတော့ လူတွေက အခု အကြောက်တရား ဖြစ်လာပြီး ဧည့်စာရင်းတွေတိုင်လာတယ်။ ပိုက်ဆံတွေပေးရတယ်။ မိလို့ရှိရင်လည်း ကမန်း ကတန်း ညှိတယ်၊ တောင်းသ လောက် ပေးရတာပေါ့” လို့ ဆက်ပြောပါတယ်။

ဧည့်စာရင်းမတိုင်ဘဲ နေထိုင်ကြောင်း စစ်ဆေးတွေ့ရှိပါက စစ်ကောင်စီပူးပေါင်းအဖွဲ့က လူတစ်ဦးကို ကျပ် တစ်သိန်းကနေ လေးသိန်းအထိ တောင်းခံပြီး မပေးနိုင်တဲ့သူတွေကို ဧည့်စာရင်း ဥပဒေအပြင် ညမထွက်ရ အမိန့် ဖောက်ဖျက်မှုတွေနဲ့ပါ အရေးယူတာတွေ လုပ်ဆောင်နေတာပါ။

ဧည့်စာရင်း စစ်ဆေးတဲ့နေရာမှာလည်း လူနေများတဲ့ ရပ်ကွက်တွေကို အဓိကထား စစ်ဆေးနေသလို ရွှေ့ပြောင်း လုပ်သားတွေ ငှားရမ်းနေထိုင်တဲ့ နေအိမ်တွေ၊ အဆောင်တွေနဲ့ တန်းလျားတွေကို နေ့စဉ်နီးပါး စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ လမ်းတွေမှာတပ်ဆင်ထားတဲ့ CCTV တွေကတဆင့် လူဝင်လူထွက်များတဲ့ နေအိမ်တွေ ကို စောင့်ကြည့်ပြီး ဧည့်စာရင်း ဝင်ရောက်စစ်ဆေးတာနဲ့ မသင်္ကာတဲ့ လူငယ်တွေကိုလည်း ဖမ်းဆီးတာတွေ လုပ် ဆောင်နေတယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

အရင်စစ်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့တဲ့ ဧည့်စာရင်း ဥပဒေဟာ လူ့အခွင့်အရေး စံချိန်စံညွှန်းနဲ့ ကိုက်ညီမှု မရှိ တဲ့အတွက် ၂၀၁၆ ခုနှစ်မှာ NLD အစိုးရက ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဧည့်စာရင်းဥပဒေကို ပြန်လည် အသက်သွင်းခဲ့ပြီး ဧည့်စာရင်းမတိုင်ပါက ထောင်ဒဏ် ၇ ရက်ဖြစ်စေ၊ ငွေဒဏ်ကျပ်တစ်သောင်း ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ် ခံရနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ-IPRD

October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...