ရခိုင်က ကျေးလက်ဒေသများတွင် အကူအညီပေးရန် စိန်ခေါ်မှုများရှိနေဆဲဟု ICRC ထုတ်ပြန်

ရခိုင်က ကျေးလက်ဒေသများတွင် အကူအညီပေးရန် စိန်ခေါ်မှုများရှိနေဆဲဟု ICRC ထုတ်ပြန်
ဓာတ်ပုံ - ICRC
ဓာတ်ပုံ - ICRC

ရခိုင်ပြည်အတွင်းက ကျေးလက်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ခရီးသွားလာခွင့်ကန့်သတ်ချက်ကြောင့် စိန်ခေါ်မှုများ ရှိနေသေးကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေ နီ ကော်မတီ (ICRC) က ထုတ်ပြန်ထားသည်။

ကျေးလက်ဒေသများတွင် လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန် အခက်အခဲရှိနေသော်လည်း အရေးတကြီး အကူအညီလိုအပ်သူများကို ကူညီနိုင်ရန်ကြိုးပမ်းနေကြောင်း ICRC မှ အောက်တိုဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အားလုံးက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ သွားရောက်ခွင့်ကို ခွင့်ပြုပေးပြီး အလေးထား လေးစားကာ ကူညီပံ့ပိုးပေးမှသာ အိုင်စီအာရ်စီက ဘေးဖြစ်လွယ်သူတွေဆီကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်” ဟု ICRC က ထုတ် ပြန်ထားသည်။

ရခိုင်ပြည်အတွင်း ဝေးလံခေါင်ဖျားဒေသများတွင် ‘မိုခါ’ မုန်တိုင်းအလွန် အကူအညီများ လိုအပ်နေသေးပြီး စစ် ကောင်စီမှ ကူညီထောက်ပံ့မှုမှာလည်း အားနည်းနေဆဲဖြစ်ကာ NGO/INGO နှင့် လူမှုကူညီရေး အသင်းအဖွဲ့ များ မှ လာရောက်မှုမရှိ၍ အခက်အခဲများ ရှိနေကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ သင်းပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက “အကူအညီ တွေ ပေးတာက မရှိသလောက်ပါပဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း မလာနိုင်။ အစိုးရ (စစ်ကောင်စီ) က လည်း သွားခွင့်မပြု။ အစိုးရ (စစ်ကောင်စီ)က ခွင့်မပြုဆိုတော့ ကျနော်တို့ ပြည်သူတွေက ထမင်းငတ်ဖို့ပဲ ကျန် တယ်။ အခုလည်း ဥယျာဉ်တွေပျက်စီး အလုပ်အကိုင်ကလည်း မရှိ အခက်အခဲတွေ ဖြစ်နေကြတယ်” ဟု ပြော သည်။

ပုဏ္ဏားကျွန်းမြို့နယ်အထက်ပိုင်း တောဖျားချောင်းဒေသခံများမှာ တောတောင်ကိုအမှီပြုကာ သစ်ခုတ်၊ ဝါးခုတ်နှင့် တောင်ယာစိုက်ပျိုးရေး လုပ်ငန်းတို့ဖြင့် အဓိက အသက်မွေးကြသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ‘မိုခါ’ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဥယျာဉ်ခြံမြေရှိ သီးပင်စားပင် အများအပြား ပျက်စီးသွား၍ ရပ်တည်ရေးအခက်အခဲ ရှိနေကြသည်။

မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံးရင်ဆိုင်ခဲ့ရသော ရသေ့တောင်မြို့နယ်တွင်လည်း မုန်တိုင်းအလွန် ၅ လနီးပါး ကြာမြင့်လာသော်လည်း စားနပ်ရိက္ခာအပြင် အမိုးအကာ လုံခြုံမှုအောက်သို့ မရောက်နိုင်သေးသူ အများအပြား ရှိနေသေးသည်။

“ဒီမှာက လုံးဝပြန်မလုပ်နိုင်သေးတဲ့ လူတွေလည်းရှိတယ်။ ဒီအတိုင်း အဆင်ပြေသလို တာပေါ်လိပ်တွေနဲ့ နေ နေ ရတုန်းပဲ” ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဦးထွန်းမြင့်က ပြောသည်။

ရခိုင်ပြည်တွင် မုန်တိုင်းသင့်ပြည်သူများအတွက် အကူအညီပေးရေးနှင့် ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်း များကို စစ်ကောင်စီက ကန့်သတ်ထားခြင်းကြောင့် ပြန်လည်ထူထောင်ရေးမှာ ပို၍အခက်ကြုံနေကြရသည်။

မြောက်ဦးမြို့နယ်က မြို့နှင့် အလှမ်းဝေးသော မုန်တိုင်းသင့် ကျေးရွာများတွင် ယခုအချိန်ထိ ပြန်လည် ထူထောင် ရေးအတွက် အခက်အခဲများ ရှိနေကြသည်။

မြောက်ဦးမြို့နယ်၊ လက်သန်းချေကျေးရွာတွင် မုန်တိုင်းအလွန်ကာလက စစ်ကောင်စီထံမှ စားနပ်ရိက္ခာအချို့သာ ရရှိခဲ့ပြီး အမိုးအကာနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ တစ်စုံတစ်ရာ မရရှိသေးကြောင်း ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ်၊ လက်သန်းချေကျေးရွာမှ ဒေါ်ဦးကျော့သန်းက “မုန်တိုင်းလွန်တဲ့အချိန်ကစလို့ အစိုးရ (စစ် ကောင်စီ)ဆီက အိမ်ခေါင်မိုးလန်တဲ့ အိမ်ထောင်စုတစ်စုကို ဆန်ဆယ်ဗူး၊ တချို့ဆို ဗူးနှစ်ဆယ် အဲ့လောက်ပဲ ရသေးတယ်။ ကျန်တာ ဘာတစ်ခုမှမရသေးဘူး။ ကျမတို့မှာ ပျက်သွားတဲ့အိမ်ကိုတောင် ပိုက်ဆံမတတ်နိုင်လို့ အခုထိ မလုပ်ရသေးဘူး။ အကူအညီတော့ လိုအပ်နေပါတယ်။ ဒါပေမယ့် ပေးတာတွေမှ မရှိတာ” ဟု ပြောသည်။

ရခိုင်ပြည်တွင် မေလက တိုက်ခတ်ခဲ့သည့် ‘မိုခါ’ မုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ အများအပြား ပျက်စီး သွားခဲ့ပြီး ပြည်သူ ၁၁ သိန်းကျော် ထိခိုက်နစ်နာခဲ့ရကာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များစွာ ရှိနေ ဆဲဖြစ်သည်။

မုန်တိုင်းသင့် ရခိုင်ပြည်တွင် ပြန်လည်ထူထောင်ရေး အရေးပေါ်ကာလ ပြီးဆုံးပြီဖြစ်ကာ ကာလရှည်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းက ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ ပြည်နယ်အဆင့်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...
October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...