ယင်းမာပင်မှာ အသက်မပြည့်သေးတဲ့ကလေး ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်အသတ်ခံရ

ယင်းမာပင်မှာ အသက်မပြည့်သေးတဲ့ကလေး ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သဲကုန်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ပြန်ထွက် သွားချိန် အသက် ၁၈ နှစ်ယောက် ကလေး ၃ ယောက်အပါအဝင် အရပ်သား ၆ ယောက်ကို သတ်ဖြတ်ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့က အသတ်ခံလိုက်ရတဲ့ သူတွေဟာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတွေ ဖြစ် တဲ့ မောင်သန့်ဇင်ဦး၊ မောင်ခန့်နေနိုင်၊ မောင်သန်းထိုက်အောင်နဲ့ အသက် ၃၀ ကျော်အရွယ် ကိုမောင်လင်း၊ ကိုဇော် မောင်နဲ့ ကိုဇော်သူတို့ ဖြစ်ကြပါတယ်။

“စစ်ကြောင်းရှင်းပြီ ဆိုပြီးဝင်လိုက်တာ အဲ့မှာ ပထမဆုံး အဖမ်းခံရတဲ့သူကို ဖုန်းဆက်ပြီးတော့ စစ်ကြောင်းရှင်းပြီ ဝင်ခဲ့တော့ဆိုပြီးပေါ့။ အဲ့မှာ ၆ ယောက် အသတ်ခံလိုက်ရတာ။ ခေါင်းတွေမှ ပြားနေတာပဲ။ ခေါင်းတွေထု သတ် ခံရတဲ့ ပုံစံ တစ်ယောက်ကတော့ ခေါင်းဖြတ် သတ်ဖြတ်ခံထားရတာ” လို့  သဲကုန်းရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းထဲ စစ်ကောင်စီတပ်သား၊ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၂၀၀ လောက်ပါတဲ့ စစ် ကြောင်းဖြစ်ပြီး ဆားလင်းကြီးနယ်၊ ပုလဲနယ်အပြင် ယင်းမာပင် နဲ့ ပုလဲနယ် အစပ်ကို အောက်တိုဘာ ၁၄ ရက်နေ့ ကတည်းက စစ်ရေးလှုပ်ရှားနေတာလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ်ထဲကို စစ်ကြောင်းဝင်ရောက်တဲ့ အချိန် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ယောက်ကိုလည်း သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို လမ်းဘေး မှာ စွန့်ပစ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ပုလဲမြို့နယ် ညောင်ကုန်းရွာက ရပ်ကျေး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင် နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက်ကိုလည်း ခေါင်းဖြတ် သတ်ခဲ့ပါသေးတယ်။

အဲ့ဒီစစ်ကြောင်းဟာ ကျားဘီလူးစစ်ကြောင်းလို့ နာမည်ထွက်နေတဲ့ စစ်ကြောင်းဖြစ်ပြီး အဲ့ဒီစစ်ကြောင်းထဲမှာ ခလရ - ၇၁၊ ခမရ - ၇၀၂ နဲ့ ခမရ - ၇၀၈ တို့ပါဝင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ ဒီစစ်ကြောင်းနာမည်က ကျားဘီလူး စစ်ကြောင်းဟုတ်တယ်။ သူတို့က ပြည်သူတွေကို ကြောက်လန့်အောင် လုပ်နေတာပေါ့လေ။ ပြည်သူတွေကတော့ သူတို့ထင်ထားသလို ဖြစ်မလာဘူး။ ပြည်သူတွေက ပိုပြီးတောင် သူတို့ အပေါ် နာကျည်းလာတယ်။ သူတို့ ကြောက်လန့်အောင် လုပ်လို့လည်း ကြောက်မသွားကြဘူး” လို့ ဒေသ ကာ ကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။

လက်ရှိမှာတော့ အဲ့ဒီစစ်ကောင်စီတပ် စစ်ကြောင်းဟာ ယင်းမာပင်အနောက်ခြမ်း မြို့နဲ့ ၄ မိုင်အကွာလောက်က ရင်ပေါင်တိုင်ရွာ နဲ့ မြင်သာကုန်းရွာတွေမှာ စစ်ကြောင်းခွဲပြီး တပ်စွဲထားလို့ ဒေသခံသောင်းနဲ့ချီ ဘေးလွှတ်ရာ ကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။

“သူတို့က စစ်ကြောင်းကို သုံးကြောင်းလောက် ခွဲပြီး လှုပ်ရှားတော့ တိမ်းရှောင်ရတာပိုများတယ်။ ပြီးရင် သူတို့က စစ်ကြောင်းပြန်ထွက်ပြီ ဆိုတာမျိုး ဟန်ပြပြီးတော့ မထွက်ဘဲ ကျန်နေတာတွေရှိတယ်။ ပြီးတော့ သဲကုန်း ဖြစ်စဥ် ကလည်း အဲ့လို ဖမ်းမိတော့ ဒေသခံတွေက မဝင်နိုင်ကြဘူး။ စစ်ကြောင်း အင်အားကလည်းများတော့ ထွက်ပြေး နေရတာ ၅သောင်းလောက် ရှိမယ်” လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက် က ပြောပါတယ်။

အရပ်သားတွေ သတ်ဖြတ်ခံခဲ့ရတဲ့ သဲကုန်းရွာဟာ အိမ်ခြေ ၁၀၀ ကျော် ရှိတဲ့ရွာဖြစ်ပြီး ယင်းမာပင်မြို့နဲ့ ၈ မိုင် လောက် အကွာမှာ ရှိပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ နောက်ဆုံးအပတ်အတွင်းကို မြန်မာနိုင်ငံတစ်ဝှမ်းက ပဋိပက္ခ နဲ့ တိုက်ပွဲ အခြေအနေ တွေကြောင့် စစ်ဘေးရှောင် ၁သောင်း၈ထောင် နီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး UNOCHA Myanmar က အောက်တိုဘာလ ၁၂ ရက်နေ့ကပဲ သတင်းထုတ်ပြန် ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...