တိုင်းရင်းသားလက်နက်ကိုင်များကို NCA လမ်းကြောင်းသို့လာရန် စစ်ခေါင်းဆောင် ဖိတ်ခေါ်

တိုင်းရင်းသားလက်နက်ကိုင်များကို NCA လမ်းကြောင်းသို့လာရန် စစ်ခေါင်းဆောင် ဖိတ်ခေါ်
NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြော နေစဉ်။ ဓာတ်ပုံ - MOI
NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်းပြော နေစဉ်။ ဓာတ်ပုံ - MOI

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ကို စစ်ကောင်စီက စွဲကိုင်ကာ အလေးထားဆောင်ရွက်သွားမည်ဖြစ်ပြီး အပစ်ရပ်လက်မှတ် မထိုးရသေး သည့် တိုင်းရင်းသားလက်နက်ကိုင်များကို NCA လမ်းကြောင်းသို့ ပူးပေါင်းကြရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား မိန့်ခွန်းတွင် စစ်ခေါင်းဆောင် က ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး NCA စာချုပ်မှာ မည်သည့်အချိန်မျှ ပျက်ပြယ်မှုမရှိကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုသည်။

NCA မှာ အလွယ်တကူဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ၄ နှစ်ကျော်အချိန်ထိ ဆွေးနွေးခဲ့ရပြီး နိုင်ငံတော်၏ လိုက် လျောမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု၊ ငြိမ်းချမ်းရေးလိုလားမှုတို့အတွက် သမိုင်းမှတ်တိုင်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။

“NCA လက်မှတ် မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေနဲ့ကလည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ထဲထဲဝင်ဝင် ပါဝင်နိုင်ဖို့အတွက် တွေ့ဆုံညှိနှိုင်းရေး ဆွေးနွေးပွဲများဆီသို့ အရောက်လှမ်းခဲ့ပါ” ဟု ၎င်းက ဖိတ်ခေါ်ခဲ့သည်။

သို့သော် စစ်ခေါင်းဆောင်အနေနဲ့ အပစ်ရပ်လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များကို ဖိတ် ခေါ်နေခြင်းမှာ လက်တွေ့အခြေအနေနှင့် တထပ်တည်းမကျကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေး လိုလားပါက စစ်ကောင်စီအနေဖြင့် မြေပြင်တွင် အပစ်ရပ်ရန်လိုအပ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ရှုမြင် ကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေသည်မှာ တိုင်းရင်းသားလက်နက်ကိုင် အင် အားစု တစ်ခုတည်းမဟုတ်ပဲ ပြည်မအင်အားစုများကပါ စစ်အာဏာရှင်ဆန့်ကျင်ရေး အခြေအနေတွင် အပစ်ရပ် လက်မှတ် မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များမှာ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖြစ်နိုင် ခြေနည်းကြောင်း ရခိုင်က နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းက သုံးသပ်သည်။

“အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့တွေတောင် တိုက်ခိုက်နေတဲ့အခြေအနေမှာ စစ်ကောင်စီက နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းတွေ အများကြီးတွေ့နေတယ်။ အခုဆိုရင် ပြည်မက ဗမာတွေဦးဆောင်တဲ့ PDF တွေ အင်အား လည်း ကောင်းလာတယ်။ သူ့(စစ်ကောင်စီ) အနေနဲ့ နယ်မြေတွေကို ထိန်းချုပ်ရခက်လာတယ်။ ဒီအခြေအနေမှာ အပစ်ရပ်လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိတ်ခေါ်ပြီးတော့ NCA စာချုပ်မှာ လက် မှတ်ထိုးပြီး တိုက်ပွဲတွေက ရှောင်ရှားလိုတဲ့သဘောတော့ တွေ့ရတယ်” ဟု ဦးဖေသန်းက ပြောသည်။

တစ်ဖက်တွင်လည်း NCA စာချုပ်နှင့်ပတ်သက်၍ စစ်ကောင်စီနှင့် မြေပြင်တွင် တိုက်ပွဲဖြစ်နေသည့် NCA လက် မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ဖြစ်သော ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်အမျိုးသား အစည်း အရုံး (KNU) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့က NCA စာချုပ် ပျက် ပြယ်သွားပြီဖြစ်ကြောင်း အောက်တိုဘာ ၁၂ ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းသည့် လုပ်ရပ်မှာ NCA ရပ်တန့် သွားစေ သည့် အချက်ဖြစ်ကြောင်းနှင့် ပြည်သူကိုပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများကြောင့်လို့လည်း ထည့် သွင်းပြောဆိုထားသည်။

ပူးတွဲထုတ်ပြန်ချက်တွင် “စစ်အာဏာသိမ်းယူခြင်းသည် NCA အခြေခံမူနှင့် ရည်ရွယ်ချက်များကို ဖျက်ဆီးခြင်း ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပျက်ပြယ်စေသည့်အတွက် NCA ကို အခြေခံသည့် လုပ်ငန်း စဉ်နှင့် ဆွေးနွေးပွဲလမ်းကြောင်းများ ရပ်တန့်သွားခဲ့ပြီ” ဟု ဖော်ပြထားသည်။

NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ကို တိုင်းရင်းသားကိုယ်စားလှယ်များအဖြစ် တက်ရောက်လာကြသည့် ရှမ်း ပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က NCA စာချုပ်မှာ တွေဆုံဆွေးနွေး ရေး လမ်းကြောင်းမှတဆင့် တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ် ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း အလျော အတင်း မလုပ်နိုင်ခဲ့သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့မတိုးနိုင် ဖြစ်ခဲ့ရကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

“အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့ရာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းနိုင်ခဲ့သည့်အတွက် NCA အကောင်အထည်ဖော်မှုလည်း ရပ်တန့် သွားခဲ့ရပါတယ်။ နိုင်ငံရေး၊ ငြိမ်းချမ်းရေးအတွက် အချိန်တွေ အလဟသဖြစ်ခဲ့ရပါတယ်” ဟု အာဏာသိမ်းမှု ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အရာမထင်ခဲ့ပုံကို RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ထောက်ပြ ပြော ဆိုထားသည်။

သို့သော်လည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးအောင်မင်းက NCA စာချုပ် ပျက်ပြယ်သွား၍မရကြောင်းနှင့် NCA မရှိလျှင် တိုင်းရင်းသားလက်နက်ကိုင်နှင့် စစ်ကောင်စီတို့ကြား ဥပဒေအရ ဆက်သွယ်ရန် NCA လမ်းကြောင်းရှိသင့်ကြောင်း ထောက်ပြပြောဆိုသည်။

“သူ့ဥပဒေနဲ့ သူနေတဲ့ လူတွေနဲ့ ဒီဘက်က ကိုယ့်ဥပဒေနဲ့နေတဲ့ လူတွေ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့အခါမှာ ဘယ် ဥပဒေကို လိုက်နာရမှာလဲ။ သူတို့ လိုက်နာနိုင်တဲ့ဥပဒေနဲ့ ကျနော်တို့လိုက်နာနိုင်တဲ့ ဥပဒေဆိုတာ NCA ပဲ ဖြစ်ပါ တယ်။ NCA မရှိရင် သူတို့ ဘာနဲ့ဆက်စပ်မှာလဲ။ တစ်ယောက်နဲ့တစ်ယောက် ဘာနဲ့ပြောကြမှာလဲ။ ဒါကြောင့် NCA က ရှိသင့်တယ်လို့ ပြောချင်ပါတယ်” ဟု ဦးအောင်မင်းက ထောက်ပြပြောဆိုသည်။

စစ်ခေါင်းဆောင်အနေဖြင့် အပစ်ရပ်မထိုးထားသည့် လက်နက်ကိုင်များအား ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ကြား လိုက်ချိန် တဖက်တွင်လည်း KIA၊ TNLA၊ MNDDA၊ KNU၊ KNDF နှင့် ပြည်မတော်လှန်ရေး အင်အားစုများဖြစ်သော PDF တို့နှင့် နေ့စဉ် တိုက်ပွဲပြင်းထန်နေသည်။

စစ်ရေးပဋိပက္ခများကြောင့် လက်ရှိ မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာရသူ (၂) သန်းနီးပါးရှိပြီး ယင်းအထဲမှ လူဦး ရေ ၁ ဒဿမ ၇ ရာခိုင်နှုန်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများနှင့် မလုံခြုံမှုတို့ကြောင့် နေရပ်စွန့်ရသူများဖြစ်သည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံးက ထုတ်ပြန် ထားသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ခွဲကျော် ကာလအတွင်း နေအိမ်၊ အဆောက်အအုံ ၈၆၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ISP Myanmar က စက်တင်ဘာလကုန်ပိုင်းက ထုတ်ပြန်ထားသည်။

October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...
October 22, 2024
တိုက်ပွဲပြင်းထန်နေသော မောင်တောမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့်...
October 22, 2024
မြန်မာနှင့် ထိစပ်နေသည့် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းရေပြင်တွင် စစ်ကောင်စီသည် ရေကြောင်း...