စစ်ကောင်စီက လူထုအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ချင်းမိုင်မြို့တွင် သရုပ်ဖော်ပြသ

စစ်ကောင်စီက လူထုအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ချင်းမိုင်မြို့တွင် သရုပ်ဖော်ပြသ

စစ်တပ်က အပြစ်မဲ့ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်နေသည့်အဖြစ်အပျက်များကို သရုပ်ဖော်ပြပွဲတစ်ခုအား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည်။

အဆိုပါသရုပ်ဖော်ပြပွဲကို ထိုင်း-မြန်မာလူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူလူငယ်အဖွဲ့က ဦးဆောင်ကာ ချင်းမိုင်မြို့ရှိ Tha Phae Gate အနီးတွင် အောက်တိုဘာလ ၁၂ ရက် ညပိုင်းတွင် ၁ နာရီခန့်အကြာ သရုပ်ဖော် ပြသခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အပါအဝင် နိုင်ငံခြားခရီးသွားများလည်း လာရောက်ကြည့်ရှုခဲ့ သည်။

ဦးဆောင်သည့်အဖွဲ့မှ တာဝန်ရှိလူငယ်တစ်ဦးက “အကြမ်းဖက်စစ်ကောင်စီရဲ့ ရုပ်ဆိုးအကျည်းတန်သော လူသတ် မှုတွေ၊ လူအစုံလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပြည်သူအများအပေါ် နည်းပေါင်းစုံနဲ့ ရည်ရွယ်ချက်ရှိရှိ လေ ကြောင်းတိုက်ခိုက်မှုတွေကို ဒီကနေ့ ဒီနေရာမှာ နိုင်ငံတကာနဲ့ လူထုအားလုံးသိအောင် တင်ပြပေးခြင်းဖြစ်ပါ တယ်” ဟု ပြောသည်။

ယင်းသရုပ်ဖော်ပြပွဲတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့၊ ညအချိန်က ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ငယ် ၁ဝ ဦးအပါအဝင် စစ်ဘေးရှောင် ၂၈ ဦး အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည့် မှတ်တမ်းဓာတ်ပုံများကို ပြသခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုင်မှုကြောင့် အရပ်သားပြည်သူ ၁၆၈ ဦးသေဆုံးမှု မှတ်တမ်းဓာတ်ပုံများ ကိုလည်း ပြသခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ခွဲကျော်အတွင်း ရခိုင်ပြည်အပါအဝင် အခြားတိုင်းနှင့်ပြည်နယ် (၇) ခုတွင် စစ်ကောင်စီက အရပ်သားပြည်သူ ဆယ်ဦးအထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ (၂၂) အကြိမ်အထိ ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါအကြိမ် ၂ဝ ကျော်အတွင်း အပြစ်မဲ့ အရပ်သားပြည်သူပေါင်း ၅၉၀ ဦး သေဆုံးခဲ့ရပြီဟုလည်း NLD ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...
October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...