ရွှေကူမှာ ရွှေမော်တော်ယာဉ် ၄ စီးမီးရှို့ခံရပြီး အရပ်သား ၆ ဦးဖမ်းဆီးခံရ

ရွှေကူမှာ ရွှေမော်တော်ယာဉ် ၄ စီးမီးရှို့ခံရပြီး အရပ်သား ၆ ဦးဖမ်းဆီးခံရ
စက်တင်ဘာလ ၁၂ ရက်နေ့ မီးရှို့ခံလိုက်ရတဲ့ ရွှေမော်တော်ယာဉ်
စက်တင်ဘာလ ၁၂ ရက်နေ့ မီးရှို့ခံလိုက်ရတဲ့ ရွှေမော်တော်ယာဉ်

ကချင်ပြည်နယ် ရွှေကူမြို့၊ ရွှေကူသင်္ဘောဆိပ်မှာ ကပ်ထားတဲ့ ရွှေမော်တော် ၄ စီးကို စစ်ကောင်စီတပ်က မီးရှို့ ဖျက်ဆီးသွားပြီး အရပ်သား ၄ ဦးကိုလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ် လို့ ရွှေကူမြို့ခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ရွှေကူမြို့တွင်းတပ်ကနေ ရေယာဉ် ၂ စီးနဲ့ စုန်ဆင်းလာပြီး ရွှေကူသင်္ဘောဆိပ်အရောက်မှာတော့ မြစ်ကမ်းကပ်ထားတဲ့ ရွှေမော်တော်ယာဥ်အကြီး ၄ စီးကို မီးရှို့ဖျက်ဆီးသွားတာလို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“စစ်သားတွေက ရေပျံဆိပ်ကနေဆင်းလာတာ ရေမော်တော် ၂ စီးနဲ့ သင်္ဘောဆိပ်ရောက်တော့ အဲ့ရွှေမော်တော် တွေကို ကြောဆွဲတာတဲ့ ကြောဆွဲတာမရလို့ဆိုပြီး ဖမ်းပြီး ၄ စီးစလုံးကိုမီးရှို့သွားတာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ ရွှေမော်တော်တွေကို ချောဆွဲရမှာ မရတာကြောင့် မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အရပ်သားများကိုပါ ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ကောင်စီ စစ်ကြောင်းဟာ ရွှေမော်တော်တွေကို မီးရှို့ဖျက်ဆီးတဲ့အပြင် ရွှေမော်တော်ယာဉ် ပိုင်ရှင်တွေလို့ ယူဆရတဲ့ အမျိုးသား ၆ ဦးကိုလည်း ထပ်ပြီးဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

“လူလည်းဖမ်းခံရတယ်။ အဲ့ရွှေမော်တော်ပေါ်ကလို့ ပြောတယ်။ ပိုင်ရှင်လား အလုပ်သမားလားတော့ မသိဘူး။ ရဲစခန်းထဲကိုခေါ်သွားတယ်။ အခုထိတော့ မလွတ်လာသေးဘူး” လို့ ရွှေကူဒေသခံ အခြားအမျိုးသား တစ်ဦးက ပြောပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့က မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ရွှေမော်တော်ယာဉ်တွေဟာ အာဏာမသိမ်းမှီက သံခွန်နဲ့စက်ယန္တာယားတွေ အပါ တစ်စီးကို တန်ဖိုး ကျပ်သိန်း ၃၀၀ ကျော်ရှိပြီး လက်ရှိကာလပေါက်စျေးအရ သိန်း ၅၀၀ ဝန်းကျင်လောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း ရွှေကူရေပျံဆိပ်မှာကပ်ထားတဲ့ ရွှေဖောင်တွေနဲ့ သံခွန်မော်တော်တွေ ဆီကနေ အခွန်ကောက်ခံခဲ့တဲ့အပြင် စက်လှေကို ချောဆွဲတာမျိုး လုပ်ဆောင်ရာ ညှိနှိုင်းမရ တာကြောင့် ရွှေဖောင်တွေနဲ့ သံခွန်မော်တော်အစီး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...