စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်နေစဉ် ၂ နှစ်ခွဲကျော်မှာ ချင်းတော်လှန်ရေးရဲဘော် ၃၀၀ ကျော် ကျဆုံး

စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်နေစဉ် ၂ နှစ်ခွဲကျော်မှာ ချင်းတော်လှန်ရေးရဲဘော် ၃၀၀ ကျော် ကျဆုံး

ချင်းပြည်နယ်မှာ ၂ နှစ်ခွဲကျော်အတွင်း စစ်ကောင်စီကို ခုခံတွန်းလှန်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (CDF) အမျိုးသမီးရဲဘော် ၁၅ ဦးအပါအဝင် တော်လှန်ရေးရဲဘော် ၃၀၀ ကျော် ကျဆုံးသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က အောက်တိုဘာလ ၁၀ ရက်နေ့က ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်အောက်တိုဘာလ ၁ ရက်ထိ ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ချင်း ကာကွယ်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲပေါင်း ၇၅၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ ပြည်ပရန်သူ အလား လက်နက်ကြီး၊ လက်နက် ငယ် နှင့် လေကြောင်းတိုက်မှုများကြောင့် ချင်းကာကွယ်ရေတပ်များ (CDF) မှ အမျိုးသားရဲဘော် ၂၉၆ ဦးနှင့် အမျိုးသမီးရဲဘော် ၁၅ ဦး စုစုပေါင်း ၃၁၁ ဦးတို့ ကျဆုံးခဲ့သည်ဟု ICA မှ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက ပြောသည်။

“ကျနော်တို့ ရဲဘော် အယောက် ၃၀၀ ကျော်၊ ပြည်သူတွေနဲ့ဆိုရင် အယောက် ၅၀၀ ကျော် အသက်ပေးရပြီးပြီ၊၊ ဒီထက် ပိုပြီးတော့ အသက်ပေးရဦးမှာလား၊ စစ်ကောင်စီကတော့ လာတိုက်နေမှာပဲ။ ဒါပေမယ့် ကျနော်တို့ ဘက် ကနေ ဘယ်လိုမျိုး နည်းလမ်းနဲ့ ပြန်တော်လှန်သင့်တယ်။ လက်နက်ခြင်း ဆက်လက်ပြီး တော်လှန်မယ်ဆိုရင် သေဆုံးမှုက ဒီထက် ပိုများလာလိမ့်မယ်” ဟု ဆလိုင်း ဗန်ဆွီးစံက ပြောသည်။

ထို့ကြောင့် တော်လှန်ရေးကို ခေါင်ဆောင်နေသည့် ချင်းခေါင်းဆောင်များအနေဖြင့် မည်သို့သော အပြောင်းအလဲ များဖြင့် ရှေ့ဆက်သွားမည် (သို့မဟုတ်) အခြားနည်းလမ်းများဖြင့်ပါ တော်လှန်ခြင်းကို စဉ်းစားရန် အချိန်ကျ ရောက်နေပြီဟု ၎င်းက ပြောသည်။

CDF ရဲဘော်၊ ရဲမေများ သေဆုံးမှုတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ ဦး၊ မြေမြှုပ်မိုင်း ကြောင့် ၂၃ ဦး၊ ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်ခြင်းကြောင့် ၁၁ ဦး၊ သက်သေဖျောက်ရန် အလောင်းမီးရှို့ သတ် ဖြတ်ခံရမှု ၉ ဦး၊ ဒဏ်ရာများ ရရှိပြီး ဆေးဝါးကုသခွင့် မရရှိ၍ ကျဆုံးသူ ၁၈ ဦး ရှိခဲ့သည်ဟု ICA အစီရင်ခံစာက ဆိုသည်။

စစ်ကောင်စီတပ်နှင့် CDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၃၅ ဦး ထိ ကျဆုံးခဲ့သည်။

“အခုချိန်ထိ ပေးဆပ်ရတာက အသက်ပေါင်းများစွာပေါ့၊ မတူပီအနေနဲ့ရော၊ ချင်းပြည်နယ်အနေနဲ့ရော၊ အတော် လေး များသွားပြီး။ အာဏာရှင်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်တဲ့အခါ ဒီလိုမျိုး အသက်ပေးတာ တွေရော၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ တွေရော စည်းစိမ်းဥစ္စာနဲ့ ပေးဆပ်ရတဲ့ ပြည်သူတွေရော၊ တနေ့တချိန်မှာ အောင်မြင်မှု ရမယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ ဒီဟာက တစ်ဦးတစ်ယောက်ချင်းက ဒီမှာပဲ မဆုံးပဲနဲ့” ဟု CDF - မတူပီမှ တာဝန်ရှိသူက ပြောသည်။

CDF မတူပီ တပ်ဖွဲ့တွင် တော်လှန်ရေး ၂ နှစ်ခွဲကျော်အတွင်း ရဲဘော် ၂၄ ဦး ကျဆုံးခဲ့သည်။

ချင်းပြည်နယ်တွင် တော်လှန်ရေး ၂ နှစ်ခွဲကျော်တွင် ကလေးငယ် ၂၄ ဦးအပါအဝင်  အရပ်သားပြည်သူ ၂၁၇ ဦး ကျဆုံးခဲ့ပြီး ချင်းပြည်သူ ၅၀၀ ကျော်မှာ အကျဉ်းထောင်များထဲ ဖမ်းဆီးထိန်းသိမ်းခံထားရသည်၊၊

ချင်းပြည်သူ တစ်သိန်းကျော်မှာ အိန္ဒိယက ပြည်နယ်များနှင့် ချင်းပြည်များအတွင်း အခက်အခဲများစွာဖြင့် စစ် ဘေးရှောင်နေရပြီး မလေးရှားနိုင်ငံတွင် ချင်းစစ်ဘေးဒုက္ခသည် ရှစ်သောင်းကျော် ရှိသည်ဟု ICA က ထုတ်ပြန် ထားသည်။

October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...
October 22, 2024
စစ်ကောင်စီတပ်စွဲထားသည့် ထန်တလန်မြို့ပေါ် ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပြည်အစိုးရ၏...