လျှပ်စစ်ရထားပြေးဆွဲဖို့ စစ်ခေါင်းဆောင် စိတ်ကူးယဉ်နေ

လျှပ်စစ်ရထားပြေးဆွဲဖို့ စစ်ခေါင်းဆောင် စိတ်ကူးယဉ်နေ

နိုင်ငံတဝန်းမှာ လျှပ်စစ်မီးကို မှန်အောင်မပေးနိုင်တဲ့ အခြေအနေမှာပဲ ရထားသယ်ယူပို့ဆောင်ရေးမှာ လျှပ်စစ် ဓာတ်အားအသုံးပြုဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ကြဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က  ပြောဆိုလာတာပါ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က မြန်မာ့မီးရထား လက်အောက် မလွှကုန်းဘူတာဝင်းမှာရှိတဲ့ ဒီဇယ် စက် ခေါင်းပြင်ရုံ၊ တွဲပြင်ရုံ၊ တံတားဘောင်အလုပ်ရုံနဲ့ ယန္တရားရုံတွေကို သွားရောက်စစ်ဆေးစဉ် စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က ခေတ်မီတဲ့ရထားပို့ဆောင်ရေးစနစ် ဖော်ဆောင်နိုင်ဖို့ လျှပ်စစ်ဓာတ်အားအသုံးပြုတဲ့ မီးရထား စက်ခေါင်းတွေ ထုတ်လုပ်နိုင်ဖို့လိုသလို ရထားသယ်ယူပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြုပြီးပြောင်းလဲ ပြေးဆွဲနိုင် ရေး ကြိုတင်ပြင်ဆင်မှုတွေကို ဆောင်ရွက်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။

အရပ်သားပြည်သူ အမျိုးသမီးတစ်ဦးကတော့ နိုင်ငံဟာ အဘက်ဘက်က ယိုးယွင်းနေတဲ့ကြား လျှပ်စစ်မီး တောင် မှန်အောင်မပေးနိုင်ဘဲ လျှပ်စစ်ရထားပြေးဆွဲမယ်ဆိုတာ ရယ်စရာကြီးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံကအဘက်ဘက် ယိုးယွင်းနေတဲ့ကြားထဲကမှ လျှပ်စစ်မီးမမှန်မှုကလည်း တော်တော်ဆိုးဝါးတယ်။ လျှပ်စစ် မီးတောင်မှ မှန်အောင်မပေးနိုင်ဘဲနဲ့ လျှပ်စစ်ရထားရထားဆိုတာက ရယ်စရာကြီးပေါ့နော်။ ဘာလို့ဆို ပြည်သူ တစ်ယောက်အနေနဲ့ ယုံကြည်မှုမရှိပါဘူး။ ယုံလဲမယုံကြည်ဘူး။ ပြီးတော့စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဆို တာကလည်း အရူးတစ်မျိုးပဲလို့မြင်တယ်” လို့ ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံပိုင်လျှပ်စစ်မီးဟာ အချိန်ပြည့်မရရှိတော့ဘဲ အလှည့်ကျစနစ်နဲ့သာ ရရှိ နေခဲ့ပြီး အာဏာသိမ်းနှစ်နှစ်ခွဲ ကျော်လာချိန်မှာတော့ လျှပ်စစ်မီးပြတ်တောက်မှု တစ်နေ့ထက်တစ်နေ့ ပိုမို ဆိုးဝါး လာနေတာပါ။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင်က သယ်ယူပို့ဆောင်ရေးမှာ လျှပ်စစ်ရထား၊ လျှပ်စစ်ကားပြေးဆွဲဖို့ အစည်း အဝေးတွေမှာ မပြတ်တမ်းပြောဆိုလေ့ရှိပြီး လျှပ်စစ်မီးမှန်မှန် မပေးနိုင်တာက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတာ ကြောင့်လို့ အပြစ်ဖို့နေတာဖြစ်ပါတယ်။

SME လုပ်ငန်းရှင်တစ်ဦးကလည်း သာမန်လူမှုနေဘဝမှာတောင် လျှပ်စစ်မီးကို ပုံမှန်ပေးနိုင်ဖို့ အနိုင်နိုင်ဖြစ်နေ ချိန်မှာ လျှပ်စစ်ရထားကြီးပြေးဆွဲဖို့ လုပ်မယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပြုပါတယ်။

“တော်တော်ကြီးကို အလှမ်းဝေးနေတယ်။ ဒီလိုလျှပ်စစ်ရထားကြီး ပြေးဆွဲဖို့ဆိုတာ။ ဘာလို့ဆို အခု သာမန်လူနေ မှုဘဝမှာ လျှပ်စစ်မီးကိုပုံမှန်ပေးနိုင်ဖို့၊ လုပ်ငန်းတွေလည်ပတ်ဖို့၊ လျှပ်စစ်မီးကိုပုံမှန်ပေးနိုင်ဖို့တောင်မှ သူတို့မှာ  အနိုင်နိုင်ဖြစ်နေတဲ့ဟာ။ အနိုင်နိုင်ဆိုတာ သူတို့မပေးတာလည်း ဖြစ်ရင်ဖြစ်ကောင်းမယ်။ ဒါပေမယ့် မပေးနိုင်တာ လည်း ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ဒီလိုတွေတောင်အဆင်မပြေတာ လျှပ်စစ်ရထားလုပ်မယ်ဆိုတဲ့ဟာကြီးက တော့ မဖြစ်နိုင်တဲ့ဟာကြီးလို့ ပြောချင်ပါတယ်” လို့ သူက ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရှိနေလို့ ကျောက်မီး သွေးကနေ လျှပ်စစ်ထုတ်ယူဖို့ ကြိုးစားနေတယ်လို့ စစ်ကောင်စီ စွမ်းအင်ဝန်ကြီးက ကာဇက်စတန်နိုင်ငံမှာ ပြုလုပ်တဲ့ စွမ်း အင်ဖိုရမ်မှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်ယူနိုင်ရေး နည်းပညာဆိုင်ရာ အကူအညီပေးဖို့ကိုလည်း တောင်းဆိုထားပြီး ကာဇက်စတန် စွမ်းအင်ဝန်ကြီးက မြန်မာနိုင်ငံရဲ့ စွမ်းအင် လိုအပ် ချက်ကို ဖြည့်ဆည်းပေးဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိပြုထားတာပါ။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ တိုင်းပြည်မှာ ရေအားလျှပ်စစ်တွေတောင် ရောင်းစားနေရတဲ့ အခြေ အနေမှာ ကျောက်မီးသွေးလောင်စာနဲ့ လျှပ်စစ်ထုတ်ဖို့ လက်တွေ့မှာဖြစ်လာဖို့ မလွယ်သေးသလို စစ်ရေး၊ နိုင်ငံ ရေးအခြေအနေ ဆိုးလာနေချိန်မှာ စကားလုံးလှလှတွေနဲ့ ပြည်သူကိုလှည့်စားနေတာလို့ သုံးသပ်ပါတယ်။

“ကိုယ့်တိုင်းပြည်က ရေအားလျှပ်စစ်တွေတောင် ရောင်းစားနေရတဲ့ အခြေအနေပေါ့။ သဘာဝဓာတ်ငွေ့တွေ တောင် ရောင်းစားနေရတဲ့ အခြေအနေပေါ့။ ဒီအပြင် အလုပ်သစ်အကိုင်သစ် နည်းလမ်းအသစ်နဲ့ လျှပ်စစ် ထုတ် မယ်ဆိုတာ အဝေးကြီးပါ။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ အများကြီးရှိလာဦးမယ်။ ကျောက်မီးသွေးလောင်စာနဲ့ ရေအားလျှပ်စစ်ထုတ်တဲ့ဟာပေါ့။ သူက တော့ ဘာပြောပြော အခုချိန်မှာတော့ ပြောနေတာပဲ။ လက်တွေ့မှာတော့ ဒါတွေဟာ ဖြစ်လာဖို့က သိပ်ပြီးမလွယ်သေးဘူး။ စစ်ရေး၊ နိုင်ငံရေး အခြေ အနေကလည်း ပိုပိုဆိုးလာချိန်မှာ ဒီလိုလုပ်ဆောင်မယ်ဆိုတာ သူ့ဘက်ကစကားလုံးလှလှတွေနဲ့ ပြည်သူတွေကို လှည့်စားပြီးတော့ သူတို့ဘာမမှုလောက်ဘူးသဘောမျိုးနဲ့ ပြောနေခြင်းသာဖြစ်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ဒီမိုကရေစီ အစိုးရလက်ထက်တုန်းက ရှမ်း၊ ကရင်၊ မွန်နဲ့ တနင်္သာရီတိုင်းတို့မှာ ကြိုးပမ်းခဲ့တာရှိပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှာ စိုးရိမ်တဲ့ဒေသခံတွေက အပြင်းအထန် ဆန္ဒပြကန့်ကွက်ခဲ့ကြတာပါ။

အဲဒီထဲက မွန်ပြည်နယ်မှာလည်း အခုလက်ရှိ စစ်ကောင်စီကနေ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရေးမြို့နယ်က အံ့ဒင်ကျောက်မီးသွေးသုံး လျှပ်စစ်စီမံကိန်းလည်း ပါဝင်ခဲ့သလို ရှမ်းပြည်နယ်က တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်စီမံကိန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

Most read this week

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...