ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ယနေ့ အောက်တိုဘလ ၁၀ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း မြို့ခံများက ပြောသည်။

ရေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်လတ် (ခ) ကိုလတ်သည် ယနေ့ နံနက် ၉ နာရီအချိန်ခန့်က ရေးမြို့ မြသီတာဈေးအနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကိုလတ်မှာ သေနတ်ဒဏ်ရာ နှစ်ချက်ရသွားတယ်လို့ သိရတယ်” ဟု ၎င်းမြို့ခံက ပြော သည်။

သေနတ်ဒဏ်ရာရရှိခဲ့သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမောင်လတ် (ခ) ကိုလတ်ကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် မော်လမြိုင်မြို့ရှိပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကု သမှု ခံယူနေရကြောင်း အထက်ပါမြို့ခံက ဆက်ပြောသည်။

ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လတ် (ခ) ကိုလတ်ကို ၎င်းတို့အဖွဲ့က 90 mm နှင့် ၃ ချက်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ဦးမောင်လတ် (ခ) ကိုလတ်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ပူးပေါင်းကာ လုပ်ပိုင်ခွင့်များ ရရှိထားသူ၊ စစ်ကောင်စီမှ မင်္သကာသူများကို စစ်ဆေးမှုပြု လုပ်ရာ တွင် ဦးဆောင်သူဖြစ်သည့်အတွက် ယခုလို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ် ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ရေးမြို့၊ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ကျော်ကို ရာမညပြောက်ကျားတပ်ဖွဲ့ (R.G.F) က အုပ်ချုပ်ရေးမှူးရုံးအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့ သေးသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က ရေးမြို့ရှိ မြဝတီဘဏ် ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ဘဏ်လုံခြုံ‌ရေး ဝန်ထမ်းတစ်ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့သည့် ဖြစ်စဥ် ရှိခဲ့သည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ရဲ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးများ၊ ပြည်သူ့စစ်ဆိုသူများနှင့် ၎င်းတို့ စွပ်စွဲသည့် စစ်ကောင်စီ သတင်းပေးဆိုသူများကို မကြာခဏ ပစ်ခတ် ရှင်းလင်းလေ့ရှိသည်။

October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...
October 24, 2024
တိုက်ပွဲများပြင်းထန်နေသော တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို စစ်ကောင်စီက လမ်း ကြောင်း...
October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 23, 2024
မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို...