မြန်မာနိုင်ငံဟာ ကမ္ဘာမှာအင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာ

မြန်မာနိုင်ငံဟာ ကမ္ဘာမှာအင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာ
ဓာတ်ပုံ-Twitter
ဓာတ်ပုံ-Twitter

မြန်မာနိုင်ငံဟာ စစ်တပ်အာဏာသိမ်းတဲ့ နှစ်နှစ်ခွဲကျော်ကာလအတွင်း ကမ္ဘာပေါ်ရှိ နိုင်ငံတွေထဲ အင်တာနက် လွတ်လပ်ခွင့် ညွှန်းကိန်းအရ ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်လာတယ်လို့ အမေရိကန်အခြေစိုက်အ ဖွဲ့တစ်ခုဖြစ်တဲ့ Freedom House ရဲ့ ထုတ်ပြန်ချက် အစီရင်ခံစာအရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ စစ်တပ်အာဏာသိမ်းမသိမ်းခင် အင်တာနက်လွတ်လပ်ခွင့် အညွှန်း ကိန်းအနေနဲ့ အဆင့် ၃၁ ရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက် အင်တာနက်လွတ်လပ်ခွင့်တွေ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။

Freedom House ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံတွေထဲမှာ အင်တာနက်ဖိနှိပ်မှု အဆိုးဆုံးနိုင်ငံဟာ တရုတ် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံကတော့ အာဏာသိမ်းပြီးနောက်ပိုင်း အင်တာနက်လွတ်လပ်ခွင့်တွေ ဆက်တိုက်ဆိုသလို ကျဆင်းလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အင်တာနက်လွတ်လပ်ခွင့် ကျဆင်းလာရတာဟာ စစ်အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုတွေ၊ အာဏာဖီ ဆန်မှုတွေကို ဖိနှိပ်ဖို့အတွက် စစ်တပ်ကအင်တာနက်ပိတ်ပင်တာ၊ ဆက်သွယ်ရေး ကုမ္ပဏီတွေကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ထိန်းချုပ်ဖို့ လုပ်ဆောင်တာတွေကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်ကောင်စီက အင်တာနက်သုံးစွဲသူတွေရဲ့ ကိုယ်ရေး အချက်အလက်တွေကို မှတ်ပုံတင်ဖို့အတွက် အတင်းအကျပ် ဖိအားပေးတာတွေ၊ ကြားဖြတ်ထောက်လှမ်းခိုင်းဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို ဖိအားပေး တာတွေကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ကိုင်းတိုင်းဒေသခံတစ်ဦးကတော့ အင်တာနက်ဖြတ်တောက်ခံရတာ နှစ်ချီရှိနေပြီးဖြစ်သလို အင်တာနက် ပိတ် ထားတဲ့အတွက် စစ်ကြောင်းဝင်လာပါက စစ်ရှောင်ဖို့တောင် သတင်းအချက်အလက်မရနိုင်တော့တဲ့ အခက်အခဲ တွေ ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မရတာကတော့ နှစ်ချီနေပြီ။ တစ်ခုခုတစ်စုံတစ်ရာဖြစ်တယ် ဆိုရင်တောင်မှ ကျွန်တော်တို့က ချက်ချင်း သတင်း ပို့လို့ မရဘူးပေါ့ဗျာ။ ကလေးတွေ တော်တော်များများကတော့ လိုင်းမိတဲ့နေရာလေးတွေမှာ သွားပြီးတော့ သစ် ပင်ပေါ်တက်၊ သစ်ပင်တိုင်းလည်း မမိဘူး။ မိတဲ့သစ်ပင်ပေါ်တက်ပြီးတော့ လိုင်းချိတ်ရတာတွေ ရှိတယ်။ သတင်း လည်း တခြားနေရာက ချက်ချင်းမရနိုင်ဘူး။ ကိုယ့်ဆီကသတင်းလည်း ချက်ချင်းမပေးနိုင်ဘူး။ အဲဒီလို အနေ အထားတွေ ရောက်သွားတယ်။ သူတို့စစ်ကြောင်းထိုးတယ်ဆိုရင်တောင်မှ လိုင်းမိနေလို့ရှိရင် ဘယ်မှာတော့ ဝင်နေပြီ။ ကိုယ်နဲ့ဘယ်လောက်ထိ နီးလာပြီပေါ့နော်။ အခက်အခဲတော့ အများကြီးပဲ၊ သူတို့ အဲဒီလိုဖြတ်လိုက်တဲ့ အတွက် ကျွန်တော်တို့က သတင်းအချက်အလက်ကတော့ ဘယ်လိုမှမရနိုင်တော့ဘူးလေ” လို့ ပြောပါတယ်။

အာဏာသိမ်းကာလအတွင်းမှာ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှုအားကောင်းတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်ပြည်နယ်တွေအပါအဝင် စစ်ကိုင်း၊ မကွေးနဲ့ တနင်္သာရီတိုင်းက မြို့နယ်အတော် များများကို အင်တာနက်ဖြတ်တောက်တာတွေ လုပ်ဆောင်ထားပါတယ်။

တဖက်မှာတော့ စစ်တပ်ထောက်ခံသူတွေက တယ်လီဂရမ် လူမှုကွန်ရက်ကိုသုံးပြီး နိုင်ငံရေးအရ ဆန့်ကျင်သူ တွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူဖို့ လှုံဆော်တာတွေ ရှိနေပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ နှစ်လအတွင်း လူမှုကွန် ရက်ပေါ်မှာ စစ်အုပ်စုကို ဝေဖန်ရေးသားတဲ့ အကောင့်ပိုင်ရှင် ၁၀၀ ကျော် ဖမ်းဆီးအရေးယူခံခဲ့ရတာပါ။

အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကလည်း အင်တာနက်ဖြတ်တောက်မှုဟာ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်နှိပ်စက်နေမှုတွေကို သတင်းအမှောင်ချဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ဝေဖန်လိုက်ပါတယ်။

“အင်တာနက်ရစဉ် အခါတုန်းကတော့ ကျွန်မတို့နယ်က သတင်းတစ်ခုခုဖြစ်ပြီဆိုရင် တင်လိုက်တာနဲ့ ကမ္ဘာနဲ့ချီပြီး သိသွားတာတွေရှိတယ်လေ။ အခုလို အင်တာနက် ဖြတ်တောက်ခြင်းကတော့ သူကသတင်းတွေ ဖြတ်တောက် တာပေါ့နော်။ သတင်းအမှောင်ချတယ်လို့ ယူဆတာပေါ့။ ဘာလို့လဲဆိုတော့ သူတို့စစ်ကောင်စီက သူတို့လုပ်ချင် တိုင်းလုပ်ဖို့ (၈၈)က ပုံစံလိုပေါ့နော်။ သူတို့ သတ်ဖြတ်တာတွေကို မသိအောင် ဖုံးချင်ကွယ်ချင်လို့ အင်တာနက် ကို ဖြတ်တယ်လို့ ကျွန်မတို့ကယုံကြည်တယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက်ထားတဲ့ ဒေသတွေဟာ အင်တာနက် အသုံးပြုနိုင်ဖို့အတွက် မိုင်ချီဝေး တဲ့နေရာတွေ၊ တောင်တန်းတွေနဲ့ အမြင့်ပိုင်းဒေသတွေကို ခက်ခက်ခဲခဲသွားရောက် အသုံးပြုနေကြရတယ်လို့ လည်း ဒေသခံတွေက ဆိုကြပါတယ်။

Freedom House ရဲ့ အဆိုအရ စစ်ကောင်စီဟာ အင်တာနက်အသုံးပြုခွင့် ကန့်သတ်ပိတ်ပင်ထားတာ၊ အင်တာ နက်ပေါ်မှာ အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တဲ့လှုပ်ရှားမှု ပြုလုပ်သူတွေ၊ ဝေဖန်သူတွေကိုလည်း နှစ်ရှည်ထောင် ဒဏ် ချမှတ်တာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အင်တာနက်လွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုတွေကြောင့် တယ်လီနောနဲ့ အော်ရီဒူးတို့လို နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတွေဟာ လုပ်ငန်းတွေကို စစ်တပ်နဲ့နီးစပ်တဲ့ ကုမ္ပဏီတွေထံ လက်လွှဲရောင်းချပြီး မြန်မာနိုင်ငံကနေ ထွက် ခွာခဲ့ရတာဖြစ်တယ်လို့လည်း Freedom House ရဲ့ သုတေသန အစီရင်ခံစာအရ သိရပါတယ်။

Most read this week

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...