မွန်ပြည်နယ်က ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေအရှုံးပေါ်နေ

မွန်ပြည်နယ်က ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေအရှုံးပေါ်နေ

မွန်ပြည်နယ်မှာ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေပြန်စတာ ၄ လနီးပါးရှိလာပေမယ့် ရာသီဥတုဆိုးရွာမှုနဲ့ အတူ ငါးရရှိမှုနည်းပါးနေတာကြောင့် လုပ်ငန်းအများစု အရှုံးပေါ်နေတယ်လို့ ငါးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းရာသီကို နှစ်စဉ်ဇူလိုင်လကနေ ဧပြီလအထိသတ်မှတ်ထားပေမယ့် အခုနှစ်မိုးတွင်း ကာလအတွင်း ပင်လယ်ပြင်မှာ မုန်တိုင်းတွေ ပိုမိုကျရောက်လာတာကြောင့် မကြာခဏဆိုသလို ငါးဖမ်းလှေတွေ ကမ်းပြန်ကပ်နေရတဲ့အတွက် ငါးဖမ်းအချိန် နည်းပါးလာတာပါ။

တဖက်မှာတော့ ငါးဖမ်းလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း စက်သုံးဆီအပါအဝင် ငါးဖမ်း ဆက်စပ်ပစ္စည်းတွေ ဈေးနှုန်းအဆမတန်မြင့်တက်နေတာ၊ ငါးသယံဇာတ ပိုမိုပြုန်းတီးလာကြောင့် ငါးရရှိမှုနည်း ပြီး အရှုံးနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

“အဓိကရာသီက မုန်တိုင်းရာသီဖြစ်တော့ လှိုင်းသင့်ချိန်နည်းတာပေါ့နော်။ လှိုင်းကြီးနေတာပဲ တစ်လမှာ (၃) ခါ လောက် ဖြစ်ဖြစ်နေတယ်။ ငါးအထိအမိက တော်ယုံလောက်တောင် မရသေးဘူးပေါ့။ လှေကကမ်းထဲ ဝင်ဝင် ကပ်နေရတာလေ။ ကမ်းထဲဝင်ကပ်ပြီးမှ လှိုင်းချောမှဘဲ ပိုက်ပြန်ပြန်ပစ်နေရတယ်ဆိုတော့ အရင်နှစ်ကထက် စာရင်တော့ ဒီနှစ်က အဆင်မပြေကြသေးဘူး။ စက်သုံးဆီဈေးက သူကကြီးတယ်လို့ ပြောရမှာပေါ့နော်။ နောက် ပြီးတော့ ကုန်ဈေးနှုန်းတွေကလည်း မြင့်နေတော့ လက်ရှိထိတော့ မကိုက်ဘူး။ ငါးဖမ်းလုပ်ငန်းရှင်တွေအတွက် အဆင်မပြေဘူးပြောရမယ်” လို့ ပြောပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ငါးရရှိမှုနည်းပါးပြီး ကုန်ကျစရိတ် ကြီးမြင့်မှု ကြောင့် အရှုံးပေါ်ခဲ့တဲ့အတွက် ငါးဖမ်းရာသီမကုန်ခင်မှာဘဲ ငါးဖမ်းလှေတွေလျော့ချလုပ် ကိုင်ရတာနဲ့ လုပ်ငန်း တွေ ရပ်နားလိုက်ရတဲ့အခြေအနေနဲ့ ကြုံခဲ့ရတာဖြစ်ပါတယ်။

ဒီနှစ်မှာလည်း ရာသီဥတုပြဿနာနဲ့အတူ ထုတ်လုပ်မှုကုန်ကျစရိတ် အဆမတန်မြင့်တက်နေတာကြောင့် လုပ်ငန်း အများစု ရပ်နားရမယ့်အခြေအနေနဲ့ ထပ်မံကြုံတွေ့နေရတာ ဖြစ်ပါတယ်။

ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေမှာ လတ်တလောရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ငါးလုပ် ငန်းရှင်တစ်ဦးကလည်း သံလွင်တိုင်းမ်ကို အခုလိုပြောပါတယ်။

“ဒီ(၄)လ အတောအတွင်းမှာဆိုရင် လုံးလုံးအရှုံးပြတဲ့ အနေအထားဖြစ်သွားပြီ။ ငါးကလုံးဝမတိုးဘူး။ ပင်လယ် တော့ နေ့တိုင်းထွက်နေတယ်။ မိုးလေဝသ အခြေအနေမကောင်းလို့ မပစ်ရတဲ့အခါ မပစ်ရဘူး။ ပစ်ရတဲ့အခါကျ တော့လည်း ဒီလိုဟင်းစားလောက်ပဲ၊ တစ်ပိဿာ နှစ်ပိဿာနဲ့ဘဲ ပြီးသွားတာပေါ့ ။ ဟိုတုန်းကတော့ အဲဒီလို အခက်အခဲမျိုးတွေနဲ့ မကြုံခဲ့ဖူးဘူး။ ငါးရာသီကလည်း မမှန်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုတုန်းက သယံ ဇာတ ထိန်းသိမ်းရေးကို တော်တော်လေးကို လုပ်ခဲ့တာလေ။ အခုအ ချိန်မှာကျတော့ ကိုဗစ်ကာလနောက်ပိုင်း တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ အပြောင်းအလဲလေးတွေနဲ့ စီးပွားရေးအကျပ်အတည်းတွေနဲ့ဆိုတော့ လုံးဝ အဲ့ဒါတွေကို မလုပ်နိုင်တော့ဘူးပေါ့နော်။ မလုပ်နိုင်တဲ့အခါကျတော့ ဒီသံဇကာ ပိုက်တွေကလည်း အခုဆိုလို့ရှိရင် ပင်လယ်ပြင်မှာ တအားဖြစ်နေပြီ။ ငါးတွေလည်း မျိုးတုန်းလာတာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်ထက်မှာ ရေသံယဇာတထိန်းသိမ်းမှု အားနည်းနေတာကြောင့် ဖမ်းဆီးရမိတဲ့ ငါးတွေ လည်း ရောင်းတန်းမဝင်တဲ့ အခြေအနေနဲ့ ကြုံလာရသလို သယံဇာတထိန်းသိမ်းမှုတွေကို အချိန်မီ မလုပ်ဆောင် နိုင်ပါက ငါးမျိုးပြုန်းတီးမှုပြဿနာနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

မွန်ပြည်နယ်ဟာ ကမ်းနီးကမ်းဝေး ငါးဖမ်းလှေပေါင်း ၃၀၀၀ ကျော်ရှိပြီး နှစ်စဉ် ငါး၊ ပုဇွန်တန်ချိန်သိန်းချီ ထွက် ရှိနေကာ  ထွက်ရှိလာတဲ့ ရေထွက်ကုန်တွေကတော့ တရုတ်နိုင်ငံကို အဓိကတင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ငါးလုပ်ငန်းကလည်း အာဏာသိမ်းကာလအတွင်း စစ်ကောင်စီရဲ့ ပို့ကုန်ကန့်သတ်ချက်တွေအပြင် တင်း ကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် တခြားလုပ်ငန်းတွေနည်းတူ အာဏာသိမ်းမှုဒဏ်ကို အကြီးအကျယ် ခံစားနေရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ- CJ

Most read this week

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...