သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

သီပေါမြို့နယ် ကျောက်မီးသွေးတူးသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်

သျှမ်းပြည် ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်နေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ဒေသခံ လူငယ်များ ကန့်ကွက်ခဲ့ကြသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် ကျောက်မဲခရိုင်အတွင်းမှ လူငယ်များ စုပေါင်းကာ သီပေါမြို့နယ်၊ နမ့်မ ကျေး ရွာအုပ်စုအတွင်း ကျောက်မီးသွေး တူးနေသည့် ငွေရည်ပုလဲ ကုမ္ပဏီကို ကန့်ကွက်ခဲ့ကြကြောင်း ပါဝင်ခဲ့သည့် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရည်ရွယ်ချက် ကတော့ ငွေရည်ပုလဲကုမ္ပဏီကနေ ကျောက်မီးသွေး တူးဖော်မှုကို ရပ်စေချင်တယ်၊ နောက်တစ်ခု က တော့ ဒေသအာဏာပိုင်တွေကလည်း ကိုယ့်ရပ်ရွာ သယံဇာတတွေကို ကာကွယ်ထိန်းသိမ်းစေချင်တယ်၊ ကျနော်တို့ စိုက်ပျိုးရေးလုပ်ငန်းကို ကောင်းကောင်းမွန်လုပ်နိုင်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ” ဟု ဆန္ဒပြမှု တွင် ပါဝင်သည့် လူငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ငွေရည်ပုလဲ ကုမ္ပဏီထံမှ အခွန်အခကြေးငွေများစွာ လက်ခံရရှိထားပြီး လက်ရှိတွင် သျှမ်းမြောက်ဒေသမှ မြေဧကပေါင်း ၃၀၀၀ ကျော်ကို ကျောက်မီးသွေး တူးဖော်ခွင့် ပြုထားကြောင်းလည်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီအတွက် အခွန်များပေးဆောင်ပြီး ငွေရည်ပုလဲ ကုမ္ပဏီမှ ကျောက်မီးသွေး တူးဖော်နေ ခြင်း နှင့် ပတ်သက်ပြီး သျှမ်းပြည်သူများ တညီတညွှတ် ပူးပေါင်း ဆန့်ကျင် ဆန္ဒပြကြရန်လည်း သျှမ်းမြောက်မှ ဒေသခံ လူငယ်များက ပြောဆို တိုက်တွန်းထားသည်။

“ငွေရည်ပုလဲ ကုမ္ပဏီက စစ်ကောင်စီကို ငွေရှာပေးနေတဲ့ သဘောပဲ၊ ပြီးတော့ သူတို့ လုပ်ခွင့်က သက်တမ်းကုန် တာကြာပြီ၊ စစ်အာဏာသိမ်းပြီးနောက်မှ စစ်ကောင်စီနဲ့ ပေါင်းပြီး ပြန်တူးနေကြတာ၊ အခုဆို လယ်၊ ယာ၊ ခြံ၊ ဒေသအတွင်းက သဘာဝ သယံဇာတသစ်တော သစ်ပင်တွေ တော်တော် ပျက်စီးနေပြီမို့ သျှမ်းပြည်တခုလုံး တညီတညွှတ်တည်း ပူးပေါင်းဆန့်ကျင်ကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆန့်ကျင် ဆန္ဒပြ လှုပ်ရှားမှုတွင် ပါဝင်သူ တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ငွေရည်ပုလဲ ကုမ္ပဏီသည် သီပေါမြို့နယ်အတွင်း ကျောက်မီးသွေး တူးဖော်ခွင့်ရခဲ့သည်မှာ ၂၀၀၄ မှ စတင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင်လည်း သီပေါမြို့နယ်၊ နားကွန်ကျေးရွာ နှင့် ကုန်းပေါင်းကျေးရွာအနီးတို့တွင် ဆက်လက် တူးဖော်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ကျောက်မီးသွေး တူးဖော်မှုကြောင့် ဒေသခံ ၃၀၀၀ ကျော်၏ နေထိုင်စားသောက်ရေးများကို ထိခိုက် ကြောင်း ဆန့်ကျင်ရေး လှုပ်ရှားမှု ပါဝင်သည့် အိုက်တော (နာမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပထမ ရေသောက်မြစ်၊ ချောင်းတွေကို ထိတာပေါ့၊ အဲ့ကြောင့် စိုက်ပျိုးရေးအတွက် ရေမရနိုင်တော့ဘူး၊ စိုက်ပျိုး ရေးချိန် ရေမလုံလောက်မှု ပြဿနာ ကြုံရတာ ၃ နှစ်ကျော်ပြီ၊ ဒီနားတစ်ဝိုက် စိုက်ပျိုးရေး အဓိက လုပ်ကိုင်စား သောက်တဲ့ ဒေသခံ ၃၀၀၀ ကျော်ရှိတယ်” ဟု အိုက်တော (နာမည်လွှဲ) က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ငွေရည်ပုလဲကုမ္ပဏီမှ တာဝန်ရှိသူများသည် ဒေသအတွင်း ရွာလူကြီးများနှင့် တွေ့ဆုံပြီး ကျောက်မီးသွေး ဆက်လက်တူးဖော်မည့်အကြောင်း၊ ဒေသခံများအနေဖြင့် ကန့် ကွက်ပြောဆိုရန် မလိုကြောင်းကို လာရောက်ပြောဆိုခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် သီပေါမြို့နယ်၊ နမ့်မကျေးရွာအုပ်စု မှ နားကုန်းကျေးရွာ၊ ကုန်းပေါင်းကျေးရွာတို့ဘက် အထိ ကျောက် မီးသွေး ချဲ့ထွင်တူးဖော်နေမှုများကြောင့် မြေသားများ အက်ကွဲခြင်း၊ ချောင်းကမ်းပါး ပြိုခြင်းများ မကြာခဏ ကြုံ တွေ့ရကြောင်းလည်း ဒေသခံများက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ လက်အောက်တွင် ငွေရည်ပုလဲကုမ္ပဏီမှ ကျောက်မီးသွေး တူးဖော်မှုကို ချဲ့ထွင် လုပ် ဆောင်နေခြင်းကြောင့် ဒေသခံများ၏ ကျန်းမာရေး၊ စီးပွားရေး နှင့် သဘာဝ သယံဇာတများ ထိခိုက် ပျက်စီးရ ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုပ် (SHRF) မှလည်း ထုတ်ပြန် ကြေညာထားသည်။

Photo - Credit ( ငွေရည်ပုလဲကုမ္ပဏီ ကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြ)

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...