လေကြောင်းတိုက်ခိုက်မှုအပြီး ရွာထဲ စစ်ကောင်စီ တပ်စွဲထား၍ လိပ်သိုဒေသခံများ နေရပ်မပြန်ရဲသေး

လေကြောင်းတိုက်ခိုက်မှုအပြီး ရွာထဲ စစ်ကောင်စီ တပ်စွဲထား၍ လိပ်သိုဒေသခံများ နေရပ်မပြန်ရဲသေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ ရှမ်းလယ်ပြင်ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် လက် နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ရွာထဲ စစ်ကောင်စီတပ်များ စခန်းချကာ နေထိုင်နေကြ သဖြင့် ဒေသခံများ နေရပ်မပြန်ရဲကြကြောင်း ပြောသည်။

ပစ်ခတ်မှုဒဏ်ခံခဲ့ရသော မိတ်သလင်တောင်ကျေးရွာ အပါအဝင် ကျေးရွာ (၃) ရွာမှ လူဦးရေ ၁၀၀ ထက် မနည်း သည် နီးစပ်ရာမြို့နှင့် ကျေးရွာများတွင် တိမ်းရှောင်နေထိုင်ရသလို ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေ့မှ လက်ရှိအချိန်ထိ မိတ်သလင်တောင်အနီးရှိ နန်းချိုအထက်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲနေထိုင်လာ၍ နန်းချိုရွာ ခံများလည်း နေရပ်မပြန်ရဲကြသေးကြောင်း သံတောင်ကြီးနယ်ခံ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ပြန်လို့တော့မရသေးဘူး။ တပ်တွေက နန်းချိုမှာထိုင်ထားတယ်လေ။ နန်းချိုကနေ သွားရင် မိတ်သလင် တောင်တို့ ရှမ်းလယ်ပြင်တို့ဘက်ကို ရောက်တယ် အဲ့ဒီရွာမှာ သွားတပ်စွဲထားတာ ဒီနေ့ အထိပဲ။ အဲဒီရွာမှာ စစ် တပ်က သူများအိမ် ခတ်ထားတဲ့သော့တွေကိုဖျက်ပြီး ဝင်တယ်။ ရှိတဲ့ကြက် တွေ၊ ဝက်တွေ သတ်စားတယ် အရက်သောက်ဘာညာပေါ့ အဲ့လိုကြားတယ်” ဟု ၎င်းက ပြောသည်။

စက်တင်ဘာလ (၂၅) ရက်နေ့က စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်မှု မရှိသော်လည်း အများစုမှာ လိပ်သိုမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထိုပစ်ခတ်မှုများ နောက်ပိုင်း လိပ်သိုမြို့ နယ်အတွင်း စစ်ကားများ အသွားအလာများပြားသည့်အတွက် ဒေသခံများအနေဖြင့် စိုးထိတ်မှုဖြင့် နေထိုင်ရကြောင်းလည်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

“အဲဒီနေ့က လေကြောင်းပစ်ခတ်မှုကတော့ တောထဲ လျှောက်ပစ်ချတာပဲ လူတွေ အထိအခိုက်တော့ မရှိဘူး၊ ခြံ တွေထဲ ကျတယ်လို့လည်း ပြောတယ်။ အဲဒီနေ့ကတည်းက ဟိုဘက်နန်းချိုရွာဘက်ကို စစ်တပ်က ပြန်ဝင်ထိုင် တာ” ဟု အမည်မဖော်လိုသူဒေသခံက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ သံတောင်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး၍ ရွာအတွင်းစခန်း ချနေထိုင်စဥ် ကျေးရွာနေ ဒေသခံများအား ဖမ်းဆီးခေါ် ဆောင်သွားသော ဖြစ်ရပ်များလည်းရှိခဲ့သလို ပြီးခဲ့သည့် စက်တင်ဘာ လ (၂၀) ရက်နေ့ကလည်း သံတောင်မြောက်ပိုင်း ကျောက်တံခါးကျေးရွာတွင် စစ်တပ်စခန်းချ နေထိုင်ပြီးနောက် ဒေသခံ (၂) ဦးအား လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ ပြန်လွှတ်ပေးခဲ့သည်။

ထို့အပြင် မြို့နယ်တစ်ခုလုံးတွင် စစ်ကောင်စီမှ ဆန်နှင့်ဆေးဝါးအစရှိသည်တို့အား ကန့်သတ်ပိတ်ဆို့မှုများသည် လက်ရှိအချိန်ထိ ဆက်လက်ရှိနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်နှင့် ဂိတ်စခန်းများတွင် အစစ်အဆေးများပြားပြီး စစ်ရှောင်များအား ထောက်ပံ့မည့်ပစ္စည်းများ မကြာခဏ သိမ်းယူဖျက်ဆီးခံရမှုများကြောင့် အခက်အခဲများစွာ တွေ့ကြုံနေရသည်ဟုလည်း ဒေသအခြေစိုက် စစ်ရှောင်ကူအဖွဲ့များက ပြောဆိုထားသည်။

ကရင်အမျိုးသား အစည်းအရုံး - KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိသော သံတောင် ကြီးမြို့နယ်တွင် KNLA အပါအဝင် အခြားသော လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့ မြေပြင်တိုက်ပွဲ အများအပြား ဖြစ်ပွားရာ ဒေသတစ်ခုလည်း ဖြစ်သလို ပဋိပက္ခများကြောင့် ခရိုင်အတွင်း နေရပ် စွန့်ခွာထွက်ပြေးနေရသူ သုံးသောင်းထက်မနည်း ရှိနေသော ဒေသတစ်ခုလည်းဖြစ်သည်။

Photo-CJ

October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...
October 24, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ (၇) နယ်မြေ၊ လှိုင်းဘွဲမြို့နယ် ရှိ...