KIO ဌာနချုပ်ရှိ ရက္ခိုင့်တပ်တော် တပ်စခန်းအတွင်း လက်နက်ကြီးကျ၊ အရာရှိတစ်ဦးကျဆုံး

KIO ဌာနချုပ်ရှိ ရက္ခိုင့်တပ်တော် တပ်စခန်းအတွင်း လက်နက်ကြီးကျ၊ အရာရှိတစ်ဦးကျဆုံး
AA တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရသည့်ပုံ (ပေးပို့)
AA တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရသည့်ပုံ (ပေးပို့)

စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကချင်ပြည်၊ လိုင်ဇာရှိ ရက္ခိုင့်တပ်တော် စခန်းတစ်ခု အတွင်း ကျရောက်ပေါက်ကွဲ၍ ရက္ခိုင့်တပ်တော် (AA) မှ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အချို့လည်း ရှိသည်ဟု နီးစပ်သူများက ပြောသည်။

ရက္ခိုင့်တပ်တော်နှင့် နီးစပ်သူတစ်ဦးက “မနေ့က မနက်ပိုင်းမှာ မြန်မာစစ်တပ်က ခါယာတောင်ကနေ  ၁၂၀ မမ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တပ်တော်ရဲ့ မုန်လိုက်ခတ်စခန်းအတွင်းမှာ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး တပ်တော်က ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦး လက် နက်ကြီးကျည်ထိမှန်သွားခဲ့ပြီး ကျဆုံးခဲ့ရပါတယ်။  အလတ်စား၊ အပြင်းစားဒဏ်ရာရရှိသူ တချို့လည်း ရှိပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

စက်တင်ဘာလ (၂၈) ရက်နေ့၊ နံနက် (၁၀) နာရီခန့်အချိန်တွင် မြန်မာစစ်တပ်၏ ခါယာတောင်မှ ၁၂၀ မမ၊ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ လိုင်ဇာရှိ၊ ရက္ခိုင့်တပ်တော် မုန်လိုက်ခတ်စခန်းအတွင်း လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲကာ ရက္ခိုင့်တပ်တော်မှ ဗိုလ်ကြီးအဆင့်ရှိ အရာရှိတစ်ဦးလက်နက်ကြီး ကျည်ထိမှန် သွားခဲ့ပြီး အလတ်စား၊ အပြင်းစား ဒဏ်ရာရရှိသူတချို့ရှိခဲ့သည်။

ပြင်းထန်ဒဏ်ရာရရှိသွားသူများထဲ ရက္ခိုင့်တပ်တော်မှ အရာရှိတစ်ဦးအား အစွမ်းကုန် ကြိုးစားကာ အရေးပေါ် ဆေးကုသပေးနေစဉ် အတွင်း၌ပင် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က အဆိုပါ လက်နက်ကြီးဒဏ်ရာဖြင့်ပင် အသက်ဆုံးပါးသွားခဲ့သည်။

ယခုအဖြစ်အပျက်နှင့် ပတ်သက်ပြီး ကချင်ဒေသမှ တပ်တော် တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြုပြောကြား သည်။

ကချင်ပြည်၊ လိုင်ဇာဌာနချုပ်အနီးနှင့် ကချင်ဒေသအတွင်း မြန်မာစစ်ကောင်စီတပ်နှင့် ကချင်လွတ် မြောက်ရေး တပ်မတော် ( KIA) အပါအဝင် K-PDF များအကြားတိုက်ပွဲများ ခပ်စိပ်စိပ် ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်မှာ ကာလအတန် ကြာခဲ့ပြီဖြစ်သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၂၈) ရက်၊ နံနက်(၁၀) နာရီခန့်၌ လိုင်ဇာပတ်ဝန်းကျင်အနီး နှစ်ဖက်အပြန်အလှန် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ စဉ် စစ်ကောင်စီတပ်က လက်နက်ကြီးကျည် တပ်တော်စခန်းထဲကို ကျ၍ ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။

အလားတူ မြန်မာစစ်တပ်သည် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၄ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နယ် မြေ၌ ရက္ခိုင့်တပ်တော်၏ တပ်စခန်းတခုကို ဂျက်တိုက် လီယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခဲ့ရာ AA တပ် ဖွဲ့ဝင် ၆ ဦး ကျဆုံးပြီး အများအပြားဒဏ်ရာ ရသွားခဲ့ရသေးသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များ KIA ဌာနချုပ်ရှိ  ဗိုလ်လောင်း သင်တန်းကျောင်းတစ်ခုကို ကျရောက် ပေါက်ကွဲ၍ ဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရပြီး ထိုအထဲတွင် ရက္ခိုင့်တပ်တော် (AA) မှ ဗိုလ်လောင်း ၈ ဦး ပါဝင်သည်။

Most read this week

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...