ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားသော ၂ နေရာကို CDF- ကန်ပက်လက် စီးနင်းတိုက်ခိုက်

ကန်ပက်လက်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားသော ၂ နေရာကို CDF- ကန်ပက်လက် စီးနင်းတိုက်ခိုက်

ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲထားသည့် ထွေအုပ်ဦးစီးရုံးနှင့် ပညာရေးမှူးရုံးတို့ကို စီးနင်းတိုက် ခိုက်ရာ စစ်ကောင်စီက ၃ ဦးထက်မနည်းသေဆုံးပြီး မြို့ပေါ်စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် ပြည်သူများသတိပြုနေထိုင် ကြရန် CDF- ကန်ပက်လက်၊ တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန်က ပြောသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် မနက် ၆နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ - ကန်ပက်လက်က ရုတ်တရက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သူက ပြောသည်။

“ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ဖို့နဲ့ ပြန်လည်ရယူနိုင်ဖို့ မစ်ရှင်နဲ့ ချဉ်းကပ်ပြီး တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲက နာရီ ငါးပတ်လောက် ကြာသွားပါတယ်။ ကျနော်တို့က လက်နက်ချကြပါ။ ပူးပေါင်းကြပါလို့ အော်သတိပေးခဲ့တယ်။ သူတို့ဘက်က စခန်းမကျရေးကို ဦးတည်ခဲ့ကြတယ်။ ခံပြီးတော့ ပစ်နေကြတယ်။ အထဲမှာ ငိုသံ၊ အော်သံတွေ လည်း ကျနော်တို့ ကြားရတယ်။ ကျနော်တို့မှာက လက်နက်ကြီး ပစ်ကူမရှိတော့ အထဲထိ ဝင်လုံးဖို့မှာ အဆင် မပြေတော့ ဆုတ်ခွာခဲ့ရတယ်” ဟု တပ်မဟာမှူးဆလိုင်းထွန်းလိန်ထန် က ပြောသည်။

တိုက်ပွဲတွင် စစ်ကောင်စီမှ ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိကာ CDF - ကန်ပက်လက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည် ဟု သူက ပြောသည်။

ထွေအုပ်ဦးစီးဌာနရုံးကို ပြန်လည်သိမ်းပိုက်ရန် အခွင့်သာခဲ့သော်လည်း လက်လုပ်လက်နက်ကြီးမှာ တိကျမှု မရှိခြင်း၊ လက်နက် ကြီးပစ်ကူနှင့် ဒရုန်းပစ်ကူ မပေးနိုင်ခြင်းတို့ကြောင့် ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။

“ကျနော်တို့မှာ လက်နက်ကြီး၊ ဒရုန်းနဲ့ စနိုက်ဘာတွေပေါ့နော်။ ဒီလိုမျိုး လက်နက်ကြီးအတွက် CDF ကန်ပက် လက်ကို သီးသန့် မလုပ်ပေးနိုင်လည်းပေါ့နော်။ ကျနော်တို့ ကမ်ပိန်း (ဝီတိုရီယသူရဲကောင်း စုပေါင်းအား သစ် လောင်း) မှာ ပါဝင်ပေးကြဖို့ ပြောကြားလို့ပါတယ်။ ဒရုန်းတိုက်ခိုက်မှုကို စစ်ကောင်စီက အရမ်းကြောက်ပါတယ်။ ကျနော်တို့ ဒါမျိုးတွေနဲ့ ချဉ်ကပ်ပြီးမှ အရပြန်ယူဖို့ ကြိုးစားသွားဖို့လည်း ရှိပါတယ်” ဟု တပ်မဟာမှူး ဆလိုင်းထွန်းလိန်ထန် က ပြောသည်။

နေ့လည် ၂ နာရီခန့်မှာလည် ပညာရေးမှူးရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီက ကြိုတင်ပြင်ဆင်၍ ခုခံခဲ့သောကြောင့် တစ်နာရီကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ သည်။ စစ်ကောင်စီ၏ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာ ရရှိမှုကို အတည်မပြုနိုင်သေးဟု ဟု တပ်မဟာမှူးက ပြော သည်။

ယနေ့အထိ ကန်ပက်လက်မြို့ပေါ်တွင် စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သော ကြောင့် စစ်ကောင်စီတပ်စခန်းနှင့် နီးကပ်သောနေရာများတွင် နေထိုင်ခြင်း မပြုကြရန်  CDF -ကန်ပက်လက်က ထုတ်ပြန်ထားသည်။

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...