စာသင်ကျောင်းတွေကို မတိုက်ခိုက်ဖို့ ပညာရေး၀န်ထမ်းများတောင်းဆို

စာသင်ကျောင်းတွေကို မတိုက်ခိုက်ဖို့ ပညာရေး၀န်ထမ်းများတောင်းဆို

ကရင်နီပြည်မှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ပညာရေး စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ ပြည် နယ်တွင်းက ကျောင်းဆရာ၊ဆရာမတွေက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

ပညာရေးက စစ်ရေးနဲ့ သက်ဆိုင်တဲ့ နေရာမဟုတ်သလို ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကလည်း စစ် ရေးနဲ့ သက်ဆိုင်ခြင်းမရှိတဲ့အတွက် တောင်းဆိုရခြင်းဖြစ်တယ်လို့  ကျောင်းဆရာ ခွန်းအောင်သူလေး (အမည်လွှဲ) ကပြောပါတယ်။

“ကျောင်းတို့ စာသင်ကျောင်းတို့ စစ်ရှောင်ကျောင်းတို့ ဆိုတာက ပညာရေးနဲ့ပဲ သက်ဆိုင်တယ်ပေါ့နော။ စစ်နဲ့ပတ် သတ်တဲ့ နေရာမဟုတ်တဲ့အတွက်  တိုက်ခိုက်တာတွေ၊ ဗုံးကြဲတာတွေက မလုပ်သင့်ဘူးပေါ့နော။ ဒါက ပညာရေး သီးသန့်ပဲ သွားတဲ့နေရာဖြစ်တဲ့အတွက် စစ်ရေးနဲ့ မပတ်သတ်ဘူးလို့ ပြောချင်တယ်ပေါ့နော်” လို့ ကျောင်းဆရာ ခွန်းအောင်သူလေး (အမည်လွှဲ) က ပြောပါတယ်။

ဒီလို စာသင်ကျောင်းတွေကို တိုက်ခိုက်ခြင်းက ပညာသင်နေတဲ့ ကျောင်းသားတွေအတွက် ပညာရေးနှောင့်နှေး စေတဲ့ အပြင် ကလေးတွေအတွက် စိတ်ဒဏ်ရာလည်း ရစေတယ်လို့ သူက ဆက်ပြောပါတယ်။

အာဏာသိမ်း ၂ နှစ်ကျော်ကြာကာလအတွင်း ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာ စာသင်ချိန်အတွင်း ကျောင်းအနီးအနား၀န်းကျင် လက်နက်ကြီး ကျရောက်ပေါက်ကွဲတာ နှစ်စဥ် ရှိနေတယ်လို့ ဒေသခံ ကျောင်း ဆရာတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့  လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရတဲ့ ကျောင်းတိုင်းက စစ်ကောင်စီ လက်အောက်ခံကျောင်း မဟုတ်ဘဲ ကရင်နီစစ်ရှောင်တွေ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေ ဖြစ်နေပါတယ်။

ဒါ့ကြောင့် ပညာသင်ကြားနေတဲ့ ကျောင်းသားတွေကို တိုက်ခိုက်ခြင်းမပြုဖို့ကို ဒီးမော့ဆို အနောက်ခြမ်းရှိ CDM ကျောင်းဆရာမ တစ်ဦးက တောင်းဆိုလိုက်ပါတယ်။

ဒီးမော့ဆို အနောက်ခြမ်းရှိ CDM ကျောင်းဆရာမ တစ်ဦးက “ကလေးတွေမှာတော့ အပြစ်မရှိပါဘူးပေါ့နော။ ကလေးတွေကို ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်တော့ ပေးစေချင်တယ်” လို့ ပြောပါတယ်။

တစ်ဖက်မှာလည်းဒီလို စာသင်ကျောင်းဆောင်ကို တိုက်ခိုက်ခြင်းက နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကိုတိုက် ရိုက်ချိုးဖောက်ရာ ရောက်သလို စစ်ရာဇ၀တ်မှုကို ချိုးဖောက်ရာလည်း ရောက်တယ်လို့ ကရင်နီ လူ့အခွင့်အရေး အဖွဲ့တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“စစ်ရာဇ၀တ်မှုမြောက်တယ်။ ဒါကမတိုက်ခိုက်သင့်တဲ့ နေရာဆိုတာကို အသေအချာကို စစ်ဥပဒေကြောင်းအရ သတ်မှတ်ထားပြီးသား ရှိတယ်။ နောက်အခြားတစ်ခုမှာလည်း ကျနော်တို့ခေါ်တာက လူသားမျိုးနွယ်စု အပေါ်မှာ လည်း ချိုးဖောက်တဲ့ ရာဇ၀တ်မှုမြောက်တယ်လို့ ကျနော်တို့ပြောလို့ရတယ်” လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးကြေငြာ စာတမ်းအရ လူတိုင်းမှာ ပညာသင်ကြားခွင့်ရှိတာကြောင့်  စာသင်ကျောင်း ဆောင်ကို တိုက်ခိုက်အပြင် စာသင်ကျောင်းနဲ့ သက်ဆိုင်တဲ့ ပရိဘောဂပစ္စည်းတွေ၊ ကျောင်းသား၊ ဆရာတွေကိုပါ ထိခိုက်ခွင့်မရှိဘူး လို့ ဦးဗညားက ပြောပါတယ်။

အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး တိုက်ခိုက်မှုနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့ စာသင်ကျောင်း အရေအတွက်ကို အတိအကျ မသိရပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ထိုင်းကရင်နီနယ်စပ်က ကျောင်းတစ်ကျောင်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် စာသင်ကျောင်းကြေမွ ပျက်စီးခဲ့ရသလို စစ်ရှောင်စခန်းတချို့မှာလည်း စာသင်ကျောင်း ပျက်စီးမှုတွေ ရှိခဲ့ပါ တယ်။

October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...
October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...
October 22, 2024
၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ကရင်နီပြည်နယ်အတွင်းမှာ အရပ်သားတွေ မိုင်းကြောင့်...