ရခိုင်တွင် စစ်ဆေးရေးဂိတ်အချို့၌ ခရီးသွားများကို ဓာတ်ပုံနှင့်တကွ တိုက်ဆိုင်စစ်ဆေးနေ

ရခိုင်တွင် စစ်ဆေးရေးဂိတ်အချို့၌ ခရီးသွားများကို ဓာတ်ပုံနှင့်တကွ တိုက်ဆိုင်စစ်ဆေးနေ

ရခိုင်ပြည်အတွင်း စစ်တွေ-ရန်ကုန်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အချို့တွင် ခရီးသွား များကို ဓာတ်ပုံနှင့်တကွ တိုက်ဆိုင် စစ်ဆေးမှုများရှိနေသည်ဟု ခရီးသွားများ၊ ကားသမားများနှင့် ဒေသခံများက ပြောသည်။

စစ်တွေမြို့နယ်ရှိ ကျောက်တန်း စစ်ဆေးရေးဂိတ်၊ ကျောက်တော်တပ်မနှင့် အမ်းမြို့နယ်ရှိ စစ်ဆေးရေးဂိတ်အချို့ တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓာတ်ပုံများကို ကိုင်ဆောင်ကာ ဓာတ်ပုံတွင်ပါသည့်လူများကို ခရီးသည်များ အထဲတွင် ရှာဖွေစစ်ဆေးနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။

“စစ်ဆေးခံရတာတော့ ခရီးသည်တွေကော၊ ကားတွေပါ အမြဲတမ်းလိုလို စစ်ဆေးခံရတာပေါ့။ ဒီတလောမှာတော့ စစ်တွေက မနက်စောစော  ထွက်လာတုန်း ကျောက်တန်း စစ်ဆေးရေးဂိတ်မှာ ခရီးသည်တွေကို ဓာတ်ပုံတွေ ကိုင်ဆောင်ပြီး စစ်ဆေးနေတာတော့ မြင်လိုက်တယ်။ အမ်းက ပဲပဒုံ စစ်ဆေးရေးဂိတ်မှာလည်း ဓာတ်ပုံတွေနဲ့ တကွ စစ်ဆေးတယ်” ဟု ပြောသည်။

ထိုသို့ စစ်ဆေးရာ၌ ခရီးသည်များ၏ မှတ်ပုံတင်နှင့် နေရပ်လိပ်စာများကို မေးမြန်း စစ်ဆေးရုံသာမက စစ်ကောင် စီ တပ်ဖွဲ့ဝင်များက သူတို့ ကိုင်ဆောင်ထားသည့် ဓာတ်ပုံထဲမှလူနှင့် တူ/မတူကိုပါ သေချာ စစ်ဆေးခြင်း ဖြစ်သည် ဟုလည်း ဆိုသည်။

အမ်းမြို့ခံတစ်ဦးက “အမ်းက ပဲပဒုံစစ်ဆေးရေးဂိတ်မှာလည်း ဓာတ်ပုံနဲ့တကွ စစ်ဆေးနေတယ်လို့ ကျွန်တော်တို့ လည်း ကြားမိတယ်။ သူတို့မှာလည်း သတင်းပေးတွေရှိတာပေါ့။ စရဖတို့၊ သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ဆီကနေ ဘယ်သူက ဘယ်လမ်းကြောင်းက သွားလာနေတယ်ဆိုတာ အတိအကျရှိတယ်။ ရခိုင်မှာ စစ်ကောင်စီ က ဖမ်းဆီးရင် စာရင်းဇယားတွေနဲ့ဖမ်းဆီးတာများတယ်” ဟု ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အမ်းမြို့နယ်အနီးရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် ရန်ကုန်မှလာ သည့် ခရီးသည်တင်ကားမှ ခရီးသည်အမျိုးသား ၂ ဦးကိုလည်း ယင်းစစ်ဆေးရေးဂိတ်မှ ဖမ်းဆီးထားလိုက်သည်။

ယခုနောက်ပိုင်း စစ်တွေ- ရန်ကုန် ကားလမ်းတစ်လျှောက်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်များတွင် စစ်ဆေးမေးမြန်း မှုများကို ယခင်ကထက် ပိုမိုတင်းကျပ် လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်၊ ည ၁ဝ နာရီခွဲကလည်း ရန်ကုန်ကိုသွားသည့် ခရီးသည်တင်ကားဖြင့် တောင်ကုတ် မြို့မှ လိုက်ပါ စီးနင်းလာသည့် မြေပုံမြို့နယ်၊ စိတ္တရကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ညီညီဆန်းနှင့် နောက်ထပ် လူငယ်တစ်ဦးတို့သည် ဂွမြို့အလွန်ရှိ ဒေါင့်ချောင်းစစ်ဆေးရေး ဂိတ်တွင် ရက္ခိုင့်တပ်တော် (AA) တပ် ဖွဲ့ဝင်ဟု သံသယဖြင့် ဖမ်းဆီးခံလိုက်ရသည်။

ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ရခိုင်လူငယ်များကို AA သံသယဖြင့် ဖမ်းဆီး စစ်ဆေးမှုများ ရှိနေပြီး ထိုအပြုအမှုများကြောင့် သာမန် အရပ်သား ခရီးသွားပြည်သူများမှာ စစ်တပ်ဂိတ်များ ရှေ့ရောက်လျှင် စိုးရိမ်မှုများ ဖြစ်ကြရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ - စစ်တွေမြို့နယ်ရှိ ကျောက်တန်း စစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ (ပုံဟောင်း)

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...