စစ်အုပ်စုအား ပြင်းထန်စွာ အရေးယူရန် နိုင်ငံတကာအား NUG တောင်းဆို

စစ်အုပ်စုအား ပြင်းထန်စွာ အရေးယူရန် နိုင်ငံတကာအား NUG တောင်းဆို

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ယာယီ သမ္မတ ဒူဝါ လရှီးလက စစ်အုပ်စုကို ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် နိုင်ငံတကာအား တောင်းဆိုလိုက်သည်။

နိုင်ငံတကာအနေဖြင့် အကြမ်းဖက် စစ်အုပ်စုကို ဆက်လက်ဖယ်ကြဉ်ထားပြီး ပိတ်ဆို့အရေးယူမှုများကို ပြင်း ပြင်းထန်ထန် လုပ်ဆောင်ပေးခြင်း၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံနေရသော မြန်မာပြည်သူ များကို ကူညီခြင်းအားဖြင့် ကမ္ဘာကြီးတွင် စစ်အာဏာရှင်များအတွက် နေရာမရှိကြောင်း သက်သေပြကြရန် NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်ခြင်းဖြစ်သည်။

ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခြင်း ၂ နှစ်ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းထဲတွင် NUG ယာယီသမ္မတ က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံတကာက ထိရောက်စွာ ကူညီရင် လူထု ထိခိုက်မှု နည်းပြီးတော့ အောင်ပွဲအမြန်ရရှိမှာ ဖြစ်ပါတယ်။ တစ် ဖက်မှာ စစ်ကောင်စီအတွက် ငွေကြေးစီးဆင်းမှုတွေ အားလုံးကို ဖြတ်တောက်ပြီး လက်နက်ခဲယမ်းနဲ့ လေယာဉ် ဆီ ဝယ်ယူမှုတွေကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ ကန့်သတ်ဖို့ တောင်းဆိုတိုက်တွန်းလိုပါတယ်။ နိုင်ငံတကာ အစိုးရ များအနေနဲ့ အကြမ်းဖက် စစ်ကောင်စီကို အသိအမှတ်မပြုပဲ ဆက်လက်ဖယ်ကြဉ်ထားပြီး ဒီကနေ့ ကမ္ဘာကြီးမှာ စစ်အာဏာရှင်တွေအတွက် နေရာမရှိဘူးဆိုတာကို သက်သေပြကြရမှာဖြစ်ပါတယ်။”

စစ်အာဏာသိမ်းပြီးချိန်မှစ၍ ယခုနှစ် ဩဂုတ်လ အထိ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီတပ် က စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ်မခွဲခြားဘဲ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အရပ်သား ပြည်သူ ၄၀၂၃ ဦး သေဆုံးခဲ့ရသည့် အပြင် လူနေအိမ်၊ ဘာသာရေး အဆောက်အအုံများကိုလည်း လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၁၄၀၀ ကျော် ပြုလုပ်ခဲ့သည်ဟု NUG ဆိုသည်။

လက်ရှိမှာ စစ်ကောင်စီတပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင် ကျကျ ကျူးလွန်နေပြီး အပြစ်ပေး အရေးယူခြင်းကနေ ကင်းလွတ်နေသည့်အတွက် အပြစ်ပေးအရေးယူနိုင်ရန် နိုင်ငံတကာအနေဖြင့် ကူညီလုပ်ဆောင်ပေးဖို့ လိုအပ်သည်ဟု NUG က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ခံနေရသည့် မြန်မာပြည်သူများကို ကူညီရာမှာ လည်း အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်မှုများကို ရပ်တန့်ပြီး တိုက်ရိုက်ကူညီပံ့ပိုးနိုင်မယ့် နည်းလမ်း တို့ကို ရှာဖွေဖို့ NUG ယာယီ သမ္မတက တိုက်တွန်းထားသည်။

“အကြမ်းဖက် စစ်ကောင်စီက စစ်ဖက် အရပ်ဖက် ခွဲခြားမှု မရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေရပ်စွှန့်ထွက် ပြေးနေရတဲ့ ဒုက္ခသည်တွေနဲ့ စစ်ဘေးရှောင်တွေ ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာပြည်သူတွေ၊ မိုခါ မုန်တိုင်း ဒဏ်သင့် ရခိုင်ပြည်သူအတွက် ဒီလူတွေ အားလုံး လူသားစာနာမှု အကူအညီတွေ အရေးပေါ် လိုအပ် နေပါတယ်။ နိုင်ငံတကာ အကူအညီတွေဟာ ပေးကာပေး၏ မရဆိုသလို အဓိက လိုအပ်နေတဲ့ ပြည်သူတွေထံ မရောက်ပါဘူး။ မြေပြင်မှာ ထိရောက်မှု မရှိနိုင်တဲ့ အကြမ်းဖက်စစ်အုပ်စုကတစ်ဆင့် ကူညီထောက်ပံ့မှုများကို ရပ်ဆိုင်းပြီး လက်တွေ့မြေပြင်က ဒုက္ခရောက်နေတဲ့ ပြည်သူတွေထံ တိုက်ရိုက်ကူညီ ပံ့ပိုးနိုင်မယ့် နည်းလမ်း များကို ဆောင်ရွက်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို လက်မခံသော ပြည်သူလူထုများက ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ခဲ့ကြသလို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နှင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းခဲ့သည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...