မူဆယ်မြို့ရှိ KTV ဆိုင်တစ်ဆိုင် စိတ်ကြွ မူးယစ်ဆေးဝါးသုံးစွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွား

မူဆယ်မြို့ရှိ KTV ဆိုင်တစ်ဆိုင် စိတ်ကြွ မူးယစ်ဆေးဝါးသုံးစွဲပြီး အမျိုးသမီးတစ်ဦး သေဆုံးမှု ဖြစ်ပွား
Credit (သေဆုံးသွားသည့် အမျိုးသမီး)
Credit (သေဆုံးသွားသည့် အမျိုးသမီး)

မြန်မာ – တရုတ်နယ်စပ်ဒေသ မူဆယ်မြို့ရှိ KTV တစ်ခုတွင် စိတ်ကြွမူးယစ်ဆေးဝါးသုံးစွဲပြီး အမျိုးသမီးတစ်ဦး သတိမေ့လစ်ကာ သေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက် ညအချိန်တွင် မူဆယ်မြို့ရှိ KTV တစ်ခုတွင် အသက် ၂၀ ကျော် အမျိုးသမီး တစ်ဦးက (ရွှေ) ဟု နာမည်ရသည့် စိတ်ကြွမူးယစ်ဆေးဝါးကို သုံးစွဲကာ မိနစ်ပိုင်းအကြာ သတိမေ့လစ်သွားပြီး သေဆုံးမှုဖြစ်ပွားခဲ့သည့် ဗီဒီယိုဖိုင်ကို ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပျံ့နှံ့နေလျက်ရှိသည်။

အဆိုပါ စိတ်ကြွမူးယစ်ဆေးဝါးသည် KTV ဆိုင်၊ ကလပ် (Club)၊ ဘား (Bar) ဆိုင်များတွင် အများဆုံးတွေ့ရပြီး (K)၊ (E) နှင့် Happy water ဟုနာမည် အမျိုးမျိုးပေးကာ လူငယ်များကြားထဲ၌ အချင်းချင်း ရေပန်းစားပြောဆိုနေကြ ပြီး သုံးစွဲနေကြသည်။

“ကျမတုန်းကလည်း တစ်ကြိမ် ဖြစ်ဖူးတယ်။ ပါလာတဲ့ K တစ်ကြောင်းရှုပြီး E ကိုတစ်ဝက်ပဲသောက်ခိုင်းတာ နား ကြားလွဲပြီး တစ်လုံးသောက်လိုက်တာ ၂ မိနစ်တောင် မကြာဘူး။ ချွေးတွေ တအားထွက်ပြီး ထလိုက်တာ မူးလဲ သွားတာ ကံကောင်းလို့ အသက်မပါတာ“ ဟု ကိုယ်တိုင်သုံးစွဲဖူးသူ အမျိုးသမီးတစ်ဦးကလည်း ၎င်းရဲ့ လူမှုကွန် ရက်ပေါ်မှာ ရေးသားဖော်ပြထားသည်။

Ketamine Hydrochloride (K) မူးယစ်ဆေးဝါးသည် အဖြူရောင်အမှုန့် ဖြစ်ပြီး နှာခေါင်းရှူရှိုက်ရသည့် စိတ်ကြွ မူးယစ်ဆေးတစ်မျိုးဖြစ်သည်။

Happy Water ဆိုသည်မှာတော့ ကော်ဖီအမှုန့်ပုံစံ ကော်ဖီအနံ့နှင့် သစ်သီးအနံ့ အရသာ အမျိုးမျိုးရှိပြီး ကော့တေး ခွက် ပမဏကို ကျွဲရိုင်းအချိုရည်ဖြင့် ရောကာ သောက်သုံးရသည်။

အဆိုပါ စိတ်ကြွမူးယစ်ဆေးဝါးများကို သုံးစွဲပြီးပါက မိနစ်ပိုင်းအကြာတွင် သွေးလည်ပတ်နှုန်း ပိုမြန်လာပြီး စိတ်ကိုကြွစေကာ ခုန်ပေါက်ပြီး ပျော်မြူးစေကြောင်း ကိုယ်တိုင်သုံးစွဲဖူးသူ စိုင်းကျော် (အမည်လွှဲ)က ပြောသည်။

“ကော်ဖီအမှုန့်လိုပဲ အချိုရည်နဲ့ရောပြီး သောက်ရတယ်။ အဲ့ဒါ သောက်ပြီး လူကနောက်ထပ် တစ်ကမ္ဘာထဲ ရောက် နေသလိုလို၊ နာကျင်မှုဆိုတာလည်း မခံစားတတ်တော့ဘူး“ ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်တလျောက်ရှိ မူဆယ်မြို့အပြင် တာချီလိတ်မြို့၊ လားရှိုးမြို့ စသည့် မြို့ပြကြီးတွင် နေရာအနှံ့ဝယ်ယူ၍ ရနေပြီး အဆိုပါ စိတ်ကြွ မူးယစ်ဆေးဝါးကြောင့် လစဉ် လူသေဆုံးမှုများ လည်း ရှိနေသည်။

ထို့အပြင် မူဆယ်မြို့တွင် နယ်စပ်ဒေသမြို့ဖြစ်သည့်အလျောက် သုံးစွဲသူများလည်း ပေါများနေပြီး လစဉ် သေဆုံး မှုလည်း ရှိနိုင်ကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်များက သတင်းဖုံးကွယ်ထားကြောင်း လူမှုကူညီရေး အသင်း အဖွဲ့ဝင် မောင်စိုး (အမည်လွှဲ)က ပြောသည်။

“သေဆုံးတာတော့ သူတို့ တရားဝင် မထုတ်ပြန်ဘူး။ ဒီဖက်မှာ လက်နက်ကိုင်တွေ စိုးမိုးတဲ့နေရာတွေဆိုတော့ ဘယ်သူမှလည်း မေးလို့မရဘူး။ တချို့လည်း ဒီတိုင်းသေသွားတာ ဘယ်သူမှ မသိလိုက်ဘူး“ ဟု မောင်စိုးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင် ၂၉ ရက်တွင် သျှမ်းသံတော်ဆင့်သတင်းဌာနမှ ရေးသား တင်ဆက်ခဲ့သည့် သတင်း တစ်ပုဒ်၌ အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့တွင် K မူးယစ်ဆေးဝါးသုံးစွဲပြီး လူငယ် ၁၅ ဦး သေဆုံးခဲ့ကြောင်း ရေးသားဖော်ပြခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နေရာအနှံ့ မူးယစ်ဆေးဝါးများ ပိုမိုပေါများလာနေပြီး မူးယစ်ဆေး ဈေးကွက် ပိုကျယ်လာသလို ဈေးပေါလာသောကြောင့် မြို့နယ် ၁၀၀ အနက် ၉၄ မြို့နယ်တွင် ဆေး ခြောက်ကို အလွယ်တကူ ဝယ်ယူရရှိနေကြောင်း ISP Myanmar ၏ စစ်တမ်းအရ သိရသည်။

စစ်တမ်းအရ ၈၉ မြို့နယ်တွင် WY ဆေးပြား နှင့် ခေါင်းခါဆေးဟု လူသိများသည့် E ဆေးပြားများလည်း သုံးစွဲနေ ကြောင်း၊ ၅၃ မြို့နယ်တွင် ဘိန်းဖြူ နှင့် ကော်ရှူခြင်းကို သုံးစွဲနေသည့်အဆင့် တတိယအများဆုံး ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...