သိန္နီမြို့နယ် KIA နှင့် စကစ တိုက်ပွဲဖြစ်ပွား ဒေသခံ အချို့ စစ်ရှောင်နေရ

သိန္နီမြို့နယ် KIA နှင့် စကစ တိုက်ပွဲဖြစ်ပွား ဒေသခံ အချို့ စစ်ရှောင်နေရ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်တို့ကြား တိုက်ပွဲဖြစ်ပွားပြီး ဒေသခံ အချို့က စစ်ရှောင်ထွက်ပြေး နေရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်မှ စတင်ပြီး သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စု ဟိုနောင် ကျေးရွာ နှင့် ပိန်းကန်းကျေးရွာကြားတွင် KIA နှင့် စစ်ကောင်စီတို့က ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ (၈၀)ခန့် စစ်ရှောင် ထွက်ပြေးခဲ့ရကြောင်း အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦး ကပြောသည်။

“တိုက်ပွဲဖြစ်တာ ၂ ရက်ရှိပြီ၊ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော သုံးပြီး ပစ်ကြတာ၊ အခု ဆိုရင် ဟိုနောင်ရွာ နဲ့ ပိန်းကန်းရွာက သက်ကြီးရွယ်အိုတွေ ကွန်ကောက်ရွာ ဘုန်းကြီးကျောင်းကို စစ်ရှောင် ရောက်လာကြတယ်၊ ဒီနေ့တော့ အသံငြိမ်နေတယ်” ဟု ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

စက်တင်ဘာလ ၁၇ ရက်နေ့၊ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်မှ ညနေ ၆ နာရီကျော် အထိ စစ်ကောင်စီတပ် နှင့် KIA တို့က ဟိုနောင်ကျေးရွာ နှင့် ပိန်းကန်းကျေးရွာကြား တိုက်ပွဲ ပြင်းထန်ခဲ့ ကြောင်းလည်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားစဥ်တွင် တောင်ယာမှ ပြန်လာသည့် ဒေသခံ အရပ်သား ၃ ဦးလည်း တိုက်ပွဲကြား တွင် ပိတ်မိသွားကြောင်း ဖြစ်စဥ်ကို သိရှိသူ အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြော သည်။

“တိုက်ပွဲသံတွေကြားလို့ ယာခင်းကနေ အိမ်ကို ပြန်လာတဲ့ အချိန်မှာ ကချင်စစ်သားနဲ့ တွေ့ပြီး ကချင် စစ်သား တွေကတော့ ပေးသွားလိုက်တယ်၊ အဲ့ကနေ ဖြတ်လာပြီး ဗမာစစ်သားတွေနဲ့ ထပ်တွေ့တော့ သူတို့က ပေးမသွား ဘူး၊ အဲ့နားမှာ မိနစ် ၂၀ ကျော် တိုက်ပွဲကြား ပိတ်မိနေကြတာ” ဟု ဖြစ်စဥ်ကို သိရှိသည့် အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ ကျေးရွာအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းသည် ဒေသခံများ၏ လုံခြုံရေးအတွက် စိုးရိမ် ကြောက်လန့် ရသည့် အပြင် သွားရေးလာရေးအတွက်လည်း ပူပန်နေရကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြော သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့တွင်လည်း သိန္နီမြို့နယ် နားဆော့ကျေးရွာအုပ်စုတွင်း တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သားများက အရပ်သားပိုင် ကုန်စုံဆိုင်ထဲဝင်ပြီး ကုန်ပစ္စည်းများ နှင့် ပိုက်ဆံများ လုယူသွားသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

သိန္နီမြို့နယ်အတွင်း သွားလာလှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ အပြင်၊ ပြည် သူ့စစ်တပ်ဖွဲ့များ၊ TNLA တပ်ဖွဲ့၊ KIA တပ်ဖွဲ့၊ MNDAA တပ်ဖွဲ့ နှင့် SSPP တပ်ဖွဲ့တို့ ရှိနေကြသည်။

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...