တပ်ရင်းများ လက်နက်တပ်ဆင်နိုင်ပြီး တိုင်းရင်းသားများနှင့် ညှိနှိုင်းနေပြီဟု ယာယီသမ္မတပြော

တပ်ရင်းများ လက်နက်တပ်ဆင်နိုင်ပြီး တိုင်းရင်းသားများနှင့် ညှိနှိုင်းနေပြီဟု ယာယီသမ္မတပြော

တူမီးသေနတ်နှင့် စတင်ခဲ့သည့် နွေဦးတော်လှန်ရေးမှာ ၂ နှစ်တာ ကာလအတွင်း ခေတ်မီလက်နက်များနှင့် တပ် ရင်းပေါင်းများစွာကို ဖွဲ့စည်းထားနိုင်သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ညှိနှိုင်းမှုများကို လုပ်ဆောင်နေပြီဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ပြောဆိုလိုက်သည်။

စက်တင်ဘာလ ၇ ရက်နေ့ (ကြာသာပတေးနေ့) က ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၂ နှစ် ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်းတွင် NUG ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကိုယ့်ဒေသကျေးရွာ ကာကွယ်ရေးအတွက် လက်လုပ် တူမီးသေနတ်များဖြင့် စတင်ခဲ့ပေမယ့် အခုအချိန်မှာ တော့ မဟာဗျူဟာကျကျ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့စည်းထားနိုင်တဲ့ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စနစ် တကျ ဖွဲ့စည်းထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေဟာ မောင်းပြန်သေနတ်ကိုင်ပြီး အကြမ်းဖက် စစ်တပ်ကို တွန်းလှန် တိုက်ခိုက်လာနိုင်ပြီ ဖြစ်ပါတယ်။ စစ်ဒေသ ၃ ခုမှာ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်းပေါင်း ၃၀၀ ကျော် ဖွဲ့စည်းထားနိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး မဟာမိတ် အင်အားစုများနဲ့ အတူလက်တွဲ ကာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲဝင်လေ့ရှိပါတယ်။ မိမိတို့ စိုးမိုးနယ်မြေ တွေမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လူထုဝန်ဆောင်မှုစတဲ့ ကဏ္ဍတွေကိုလည်း ဆောင်ရွက်လာနိုင်ပြီ။”

ထို့အပြင် စစ်ပွဲရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် လက်နက်ခဲယမ်းများကို ကိုယ်တိုင်ထုတ်လုပ်လာ နိုင်ခြင်းကလည်း တော်လှန်ရေးအတွက် အရေးပါသည့် အလှည့်အပြောင်းတစ်ခုဖြစ်သလို စစ်ရေးအရ အောင် မြင်မှုများကလည်း တစ်စထက်တစ်စ ပိုမိုရရှိလာနေသည်ဟု NUG ယာယီသမ္မတက ပြောသည်။

“တုတ်၊ ဓား၊ တူမီး ရရာ လက်နက်ကိုင်စွဲပြီး မတရားမှုကို ဆန့်ကျင်တော်လှန်ရင်း အစပြုခဲ့တဲ့ ကျနော်တို့ တော် လှန်ရေးဟာ ၂ နှစ်ကျော်ကာလအတွင်းမှာ တပ်ရင်းပေါင်းများစွာကို လက်နက်များ တပ်ဆင်လာနိုင်ပါပြီ။ နယ် မြေစိုးမိုးမှုများစွာ ချဲ့ထွင်လာနိုင်ပါပြီ။ ဒီအောင်မြင်တွေဟာ ရဲဘော်တို့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုနဲ့ ပြည်သူ လူထုရဲ့ အားပေးထောက်ခံမှုတွေကြောင့် ဖြစ်တယ်ဆိုတာ အလေးအနက်ထား ပြောကြားလိုပါတယ်။”

တိုက်ပွဲများကို နေရာဒေသအစုံ ဖော်ဆောင်လာနိုင်သလို နေပြည်တော်အထိပါ စစ်ရေးအရ ခြိမ်းခြောက်လာနိုင် သည့်အတွက် လက်ရှိ နေပြည်တော်တွင် ရှိနေသော စစ်ခေါင်းဆောင်များအတွက် လုံခြုံမှု မရှိတော့ဘူးဟု ဆို သည်။

နယ်မြေစိုးမိုးမှုများနှင့် တိုက်ပွဲများကို ဖော်ဆောင်နေသည့် အခြားတစ်ဖက်တွင် တနိုင်ငံလုံးက တောင်းတနေ သည့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ တန်းတူရေးနှင့် လွတ်လပ်ခွင့်များရှိသည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် သက်ဆိုင်ရာ တော်လှန်ရေး အင်အားစုများနှင့် ညှိနှိုင်း ဆွေးနွေးမှုများကို လုပ်ဆောင်နေသည်ဟု NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ဆက်ပြောသည်။

“လက်ရှိအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အင်အားစုများနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ ကြားမှာ စစ်ရေး နိုင်ငံရေးအရ လက်တွဲပူးပေါင်းဆောင်ရွက်မှု ဘဏ္ဏာငွေ မျှဝေသုံးစွဲမှု စသဖြင့် စုစည်းညီညွတ် မှု နားလည်ယုံကြည်မှုတွေနဲ့ လက်တွဲဆောင်ရွက်မှုတွေ အရှိန်ရ နေပါပြီ။ တိုင်းရင်းသား တော်လှန်ရေး လက်နက် ကိုင် အဖွဲ့အစည်းများနဲ့ တော်လှန်ရေး အင်အာစုများအကြား အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး အတွက် ကြေကြေလည်လည် ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူလူထုများက ငြိမ်းချမ်းစွာ ဆန္ဒ ထုတ် ဖော်ခဲ့ကြသလို ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နှင့် အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းခဲ့သည်။

အလားတူ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ကိုလည်း တရားဝင် ဖွဲ့စည်းကြောင်း ကြောညာခဲ့ကြသည်။

ထို့နောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပြည်သူများကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်သွားမည့် ပြည်သူ့ ခုခံတော်လှန်စစ်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် NUG ယာယီ သမ္မတ ဒူဝါလရှီးလ က ကြေညာခဲ့သည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...