ရခိုင်က မိန်းကလေးငယ် ၈ သောင်းကျော်ကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးမည်

ရခိုင်က မိန်းကလေးငယ် ၈ သောင်းကျော်ကို သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံပေးမည်

ရခိုင်ပြည်မှ အသက် ၉ နှစ်နှင့် ၁၂ နှစ်ကြား မိန်းကလေးငယ် ၈ သောင်းကျော်အား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို လာမည့်စက်တင်ဘာလ ၁၈ ရက်နေ့တွင် ကျောင်းအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ပြီး အောက် တိုဘာလတွင် ကျောင်းပြင်ပမှ မိန်းကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်မားရေး တာဝန်ရှိ သူများက ပြောသည်။

သားအိမ်ခေါင်းကင်ဆာရောဂါမှာ အမျိုးသမီးများ အဖြစ်များသည့် ရောဂါတစ်ခုဖြစ်၍ ကာကွယ်ဆေးကို ဂရုတ စိုက်ထိုးသင့်ကြောင်း ပုဏ္ဏားကျွန်းမြို့၊ ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ အောင်စစ်ထွန်းက ပြောသည်။

“မိန်းမတွေမှာ ကင်ဆာရောဂါတွေ တော်တော်များများ ဖြစ်ကြတယ်။ အဲဒီထဲမှာ ဒီသားအိမ်ခေါင်းကင်ဆာ ရောဂါ က အဖြစ်အများဆုံးဖြစ်တယ်။ ဒါကြောင့် ဒီရောဂါ ကာကွယ်ဆေးကို ထိုးကို ထိုးရမယ်။ နောက်တစ်ချက်က ဒီဆေးကို အပြင်မှာထိုးရင် စရိတ်ကြီးမားတယ်။ ဒါကြောင့် ကျန်းမာရေးဌာနက ထိုးပေးတဲ့အချိန်မှာ ပိုပြီး ဂရုတစိုက်ထိုးသင့်တယ်” ဟု ဒေါက်တာ အောင်စစ်ထွန်းက ပြောသည်။

သားအိမ်ခေါင်း ကင်ဆာရောဂါသည် လိင်မှတစ်ဆင့် ကူးစက်တက်သည့်ရောဂါဖြစ်ပြီး အရွယ်မတိုင်မီ အိမ်ထောင်ပြုသူများ၊ အိမ်ထောင်ဆက်များသည့် အမျိုးသမီးများတွင် အဖြစ်များလေ့ရှိကြောင်း သိရသည်။

အသက်ငယ်ရွယ်သည့် မိန်းကလေးများကို ကာကွယ်ဆေးထိုးပေးထားခြင်းဖြင့် သားအိမ်ခေါင်းရောဂါ ဖြစ်ပွား စေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်းကင်ဆာ ဗိုင်းရပ်စ်ပိုးကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်း‌ လျှော့ချနိုင်မည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ HPV ဗိုးရပ်စ် ပိုးအမျိုးမျိုးရှိသည့်အနက် အဓိကရောဂါဖြစ်စေသည့် ၄ မျိုး ကို ကာကွယ်နိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ကြောင်း သိရ သည်။

မိန်းကလေးငယ်များကို သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ် ဆေးထိုးနှံပေးခြင်းမှာ ကောင်းမွန်သည့် အတွက် အရေးတစိုက် ထိုးနှံသင့်ကြောင်း စစ်တွေမြို့၊ မောလိပ်ရပ်ကွက်မှ မအေးနွယ်က ပြောသည်။

“အခုလို မိန်းကလေးတွေအတွက် သားအိမ်ခေါင်းကင်ဆာ ထိုးပေးတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီဆေး ကို ပေါ့သေးသေးမဟုတ်ဘဲ အရေးတစိုက် ထိုးပေးစေချင်တယ်။ မိဘတွေက ဆေးဆိုရင် အန္တရာယ်ရှိမလားဆို ပြီး မထိုးခိုင်းကြဘူး။ ဆေးရဲ့အာနိသင်ကို သေချာပြောပြပြီး မိန်းကလေးတွေကို အကုန်လုံး ဒီရောဂါမဖြစ်အောင် ထိုးပေးစေချင်တယ်” ဟု သူကပြောသည်။

သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို သုံးကြိမ်ထိုးပေးရမည်ဖြစ်ပြီး ပထမအကြိမ်ကို အသက် ၉ နှစ်နှင့် ၂၆ နှစ်ကြား မိန်းကလေးများအနေဖြင့် မည်သည့်အချိန်တွင် ထိုးနှံခဲ့သည်ဖြစ်စေ ဒုတိယအကြိမ်ကို တစ်လအကြာ တွင် ထပ်မံထိုးပေးရသည်။ တတိယအကြိမ်ကို ပထမထိုးနှံပြီး ၆ လကြာအတွင်းတွင် ထိုးနှံပေးခြင်းအားဖြင့် ရောဂါအား အပြည့်အဝ ကာကွယ်နိုင်မည်ဖြစ်သည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းမှ သိရသည်။

ရခိုင်ပြည်တွင် သားအိမ်ခေါင်းကင်ဆာရောဂါနှင့် ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတ သိရှိနားလည်မှုမှာ အားနည်းနေသေးသည်ဟု ကျန်းမာရေးအသိုင်းအဝိုင်းက‌ ထောက်ပြကြသည်။

မြောက်ဦးမြို့နယ်မှ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက “အဓိက နယ်ဘက်တွေမှာဆိုရင် ကျန်းမာရေး စစ်ဆေးမှုတွေ မရကြဘူး။ ကျန်းမာရေးဝန်ထမ်းတွေလည်း မလုံလောက်ဘူး။ ကျန်းမာရေး ဗဟုသုတတွေ နည်း ကြတယ်။ ပြီးရင် နယ်ဘက်တွေမှာ ဒီလိုသားအိမ်ခေါင်း ကိစ္စတွေဆိုရင် ရှက်တဲ့သူတွေ ရှက်ကြတယ်။ ကျန်းမာ ရေး အသိပညာပေးဟောပြောပွဲတွေ ခေါ်ရင်လည်း လူငယ်တွေဆိုတော့ ရှက်ပြီးမလာကြတာရှိတယ်” ဟု ပြော သည်။

သားအိမ်ခေါင်း ကင်ဆာရောဂါ မဖြစ်မီ အမျိုးသမီးများမှာ အမျိုးသားနှင့်အတူနေချိန် သွေးဆင်းခြင်း၊ ရာသီနှစ်ခု ကြားဖောက်ပြီး သွေးဆင်းခြင်း၊ သွေးဆုံးပြီးမှ သွေးပြန်ဆင်းခြင်း၊ မိန်းမကိုယ်မှ အဖြူဆင်းချိန် သွေးစပါလာ ခြင်း၊ အနံ့ဆိုးထွက်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ အမျိုးသားနှင့် အတူနေစဉ် မိန်းမကိုယ်နာကျင်ခြင်း စသည့်လက္ခဏာ များ ပြတတ်သည်။

ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားနှုန်းမှာ အမျိုးသမီးလူဦးရေ တစ်သိန်းတွင် ၁၃.၃ ဦး ဖြစ်ပြီး ရောဂါကြောင့် သေဆုံးမှုမှာ ၆.၉ ဦး ရှိသည်။ သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသော နိုင်ငံများတွင် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

ပုံစာ - ကျန်းမာရေးဝန်ကြီးဌာနရုံးတွင် ပြုလုပ်ခဲ့သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းဖွင့်ပွဲ။ ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန

Most read this week

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...